ကြော့မောင်မောင်ညွန့် သည် မြန်မာနိုင်ငံသား ဓာတ်ပုံဆရာ၊ စာရေးဆရာ တစ်ဦးဖြစ်သည်။ ၁၉၄၂ခု၊ ဇူလိုင်လ (၂၈) ရက်၊ အင်္ဂါနေ့တွင် ဖွားမြင်သည်။ ရန်ကုန်မြို့ တာမွေမြို့နယ် ၌ ဓာတ်ပုံစတူဒီယိုရှိသည်။ ၁၉၆၂ ခုတွင် ကဗျာများ စတင်ရေးသား၍ စာပေနယ်သို့ ဝင်ခဲ့သည်။ ယခု စာပေသက် (၄၅) နှစ် အတွင်း မြန်မာဘာသာပြန် လုံးချင်းဝတ္ထုစာအုပ် (၁၃) အုပ် ထုတ်ဝေခဲ့ပြီး စာနယ်ဇင်းများ ၌ ဝတ္ထုတို (၃၀)၊ ဆောင်းပါး (၂၀) ကျော် ရေးသားခဲ့သည်။ ၁၉၉၇ မှ စတင်၍ အင်္ဂလိပ်ဘာသာဖြင့် On the middle mountain range and other stories စတင် ရေးသား ထုတ်ဝေခဲ့ရာ ယခုအခါ အင်္ဂလိပ်ဘာသာဖြင့် ရေးသားပြီးသမျှ စာအုပ်ပေါင်း (၈) အုပ်ရှိပြီ ဖြစ်သည်။ စာရေးဆရာ ကြော့မောင်မောင်ညွန့် သည် ဒေါ်သန်းရှင်နှင့် လက်ထပ်ခဲ့ပြီး သားသမီး (၃) ယောက်ကြော့သင်္ဂီခိုင်၊ မောင်ပြည့်စုံ၊ ကြော့ခိုင်ရွှေဝါ တို့ ထွန်းကားခဲ့သည်။

ကြော့မောင်မောင်ညွန့် ရေးသားခဲ့သော အင်္ဂလိပ်ဘာသာဖြင့် စာအုပ်များမှာ

  1. On thef middle mountain range and other stories
  2. Chicken liver and other memo ries of a Myanmar village
  3. Careless talk and other memories of a Myanmar village
  4. Anandasuriya
  5. Myanmar Thoughts
  6. Oh! Ayeyarwady
  7. A self- partrait of a Myanmar
  8. My Flora တို့ဖြစ်သည်။

ကိုးကား ပြင်ဆင်ရန်