တာမွေမြို့နယ်
တာမွေမြို့နယ်သည် ရန်ကုန်မြို့၏ အရှေ့အလယ်ပိုင်းတွင် တည်ရှိသည်။ တာမွေမြို့နယ်၏ မြောက်ဘက်တွင် ရန်ကင်းမြို့နယ်၊ အရှေ့ဘက်တွင် သင်္ဃန်းကျွန်းမြို့နယ်နှင့် မင်္ဂလာတောင်ညွန့်မြို့နယ်၊ အနောက်ဘက်တွင် ဗဟန်းမြို့နယ်နှင့် တောင်ဘက်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်တို့ တည်ရှိသည်။ မြို့နယ်အကျယ်အဝန်းမှာ ၁,၀၉၃ ဧက (၁.၇၀၈ စတုရန်းမိုင်) ဖြစ်သည်။[၁]
တာမွေမြို့နယ် | |
---|---|
သင်္ဃန်းကျွန်းခရိုင်အတွင်း တည်နေရာ | |
ရန်ကုန်မြို့အတွင်း တည်နေရာ | |
တာမွေမြို့နယ် တည်နေရာ၊ မြန်မာ။ | |
ကိုဩဒိနိတ်: 16°46′16″N 96°10′0″E / 16.77111°N 96.16667°Eကိုဩဒိနိတ်: 16°46′16″N 96°10′0″E / 16.77111°N 96.16667°E | |
နိုင်ငံ | မြန်မာ |
တိုင်းဒေသကြီး | ရန်ကုန် |
ခရိုင် | သင်္ဃန်းကျွန်း |
ပင်လယ်ရေ မျက်နှာပြင်အမြင့် | ၉ မီတာ (၃၀ ပေ) |
လူဦးရေ (မတ် ၂၀၁၇)[၁] | |
• စုစုပေါင်း | ၁၅၉,၁၅၃ |
စာပို့သင်္ကေတ | ၁၁၂၁၁၊ ၁၁၂၁၂ |
တာမွေမြို့နယ်ကို ရပ်ကွက်ပေါင်း (၂၀)ခုဖြင့် ဖွဲ့စည်းထားသည်။ အစိုးရ မူလတန်းကျောင်း (၂၈) ကျောင်း၊ အလယ်တန်းကျောင်း (၄) ကျောင်း၊ အထက်တန်းကျောင်း (၇) ကျောင်းရှိသည်။[၁]
သမိုင်းကြောင်း
ပြင်ဆင်ရန်ရွှေတိဂုံဘုရားသမိုင်းအရ တရုတ်ပြည်မှ ဘုန်းကံရှင် မောင်ကံ အမည်ရှိ ပုဂံသူရဲကောင်းတစ်ဦးသည် မြေလျှိုးမိုးပျံနိုင်သည့်သူ ဖြစ်သဖြင့် ရွှေတိဂုံဘုရားမှ ဓာတ်တော်မွေတော်များ ခိုးယူပင့်ဆောင်နိုင်ရန် ကြံစည်အားထုတ်ရာတွင် နတ်ကောင်း၊ နတ်မြတ်တို့က ကြီးမားသော မြွေကြီးတစ်ကောင်ဖန်ဆင်း၍ တားဆီးခဲ့သည်ကို အကြောင်းပြုပြီး "တားမြွေ" ဟု ခေါ်ခဲ့ရာမှ ကာလရွေ့လျားကာ "တာမွေ" ဖြစ်ခဲ့သည်ဟု ဆိုကြသည်။[၁]
မွန်သမိုင်းကြောင်းများအရ "တာမွိုင့်" ဟူသော မွန်ဘာသာစကားအရ "တာ" ဆိုသည်မှာ "ထန်း"၊ "မွိုင့်" ဆိုသည်မှာ "တစ်" ဖြစ်သဖြင့်၊ ကြီးမားသော ထန်းပင်ကြီးတစ်ပင်ရှိသည်ကို အကြောင်းပြု၍ တာမွိုင့် မှ တာမွေ ဖြစ်လာသည်ဟုလည်း ဒေသခံများက ယုံကြည်ကြသည်။[၁]
ကျန်းမာရေး
ပြင်ဆင်ရန်တာမွေမြို့နယ်တွင် မျက်စိဆေးရုံ၊ အလုပ်သမားဆေးရုံ၊ နား၊ နှာခေါင်းလည်ချောင်းဆေးရုံ တို့ တည်ရှိသည်။
နား၊နှာခေါင်း၊လည်ချောင်း ဆေးရုံကြီး ၏ မျက်စောင်းထိုး တစ်ဖက်ကားလမ်းတွင် သျှင်ပါကူ ဆေးရုံကြီးရှိသည်။ [၁]
ထင်ရှားသော အဆောက်အဦးများ
ပြင်ဆင်ရန်တာမွေမြို့နယ်ရှိ အောက်ဖော်ပြပါအဆောက်အဦးများကို ရန်ကုန်မြို့ရှိ ရှေးဟောင်းအမွေအနှစ်အဖြစ် ထိန်းသိမ်းထားသည်။
အမည် | အမျိုးအစား | လိပ်စာ | မှတ်ချက် |
---|---|---|---|
စိန့်ဖရန်စစ်ကက်သလစ် ခရစ်ယာန်ဘုရားရှိခိုးကျောင်း | ခရစ်ယာန်ဘုရားရှိခိုးကျောင်း | ၁၃၁၊ကျိုက္ကဆံလမ်း |
ရပ်ကွက်များ
ပြင်ဆင်ရန်၂။ တာမွေလေးရပ်ကွက်၊
၃။ မာန်အောင်ရပ်ကွက်၊
၁၀။ ကျားကွက်သစ်ရပ်ကွက်၊
၁၁။ ပုသိမ်ညွန့်ရပ်ကွက်၊
၁၃။ ကျောက်မြောင်းအရှေ့ရပ်ကွက်၊
၁၅။ ဘိုးလိန်းအောင်မင်္ဂလာရပ်ကွက်၊
၁၆။ နတ်မောက်ရပ်ကွက်၊
၁၇။ ပျားရည်ကုန်းရပ်ကွက်၊
၁၈။ ပုဏ္ဏားကုန်းရပ်ကွက်၊
၁၉။ အရိုးကုန်းရပ်ကွက်၊
၂၀။ မအူကုန်းရပ်ကွက်။[၁]