ကြံတောသုသာန်သည် ကမာရွတ်မြို့နယ်ရန်ကုန်မြို့တွင် တည်ရှိသည်။ ၁၉၉၆ နှင့် ၁၉၉၇ အတွင်း မူးယစ်ဆေးဝါးပပျောက်ရေး အထိမ်းအမှတ်ပြတိုက်အဖြစ် ပြန်လည်မတည်ဆောက်မီအထိ ရန်ကုန်မြို့၏ အကြီးဆုံး သုသာန်ဖြစ်ခဲ့သည်။[၁]၁၉၉၆ ဒီဇင်ဘာလတွင် မြန်မာနိုင်ငံတော်အစိုးရမှ ပြန်လည်နေရချထားရန် အမိန့်ပေးခဲ့သည်။[၂] အကျိုးဆက်အနေနှင့် တစ်လအတွင်း ရန်ကုန်မြို့အပြင်ဘက် ရေဝေးသုသာန်၊ လှိုင်သာယာမြို့ရှိ ထိန်ပင်သုသာန်များသို့ ပြောင်းရွေ့ပေးရန် သတိပေးစာ ပေးပို့ပေးခဲ့သည်။[၃] ကြံတောသုသာန်သည် ၅၀ ဧက (၂၀ ဟက်တာ) ပိုင်ဆိုင်ပြီး ရန်ကုန်တက္ကသိုလ်မှ မိုင်ဝက် (၀.၈၀ ကီလိုမီတာ) ခန့် အဝေးတွင် တည်ရှိသည်။[၄] ၎င်းကို ကိုလိုနီခေတ်က တည်ထောင်ခဲ့သည်။[၄] ကြံတောသုသာန်သည် ဗုဒ္ဓဘာသာဗမာများ မြှပ်နှံရာ အဓိကနေရာ ဖြစ်သည်။ သို့သော် ခရစ်ယာန်တရုတ်ဟိန္ဒူအစ္စလာမ် စသည့်ဘာသာဝင်၊ လူမျိုးတို့အတွက်လည်း သင်္ချိုင်းများလည်း ရှိသည်။[၅] ဟိန္ဒူများအတွက် သုသာန်နေရာသည် ၁.၆ ဟက်တာ (၄ ဧက) ကျယ်ဝန်းသည်။[၆]

ကြံတောသုသာန်
အသေးစိတ်
ပိတ်သိမ်း၁၉၉၆ - ၁၉၉၇
တည်နေရာကမာရွတ်မြို့နယ်, ရန်ကုန်မြို့
နိုင်ငံမြန်မာ
ကိုဩဒိနိတ်16°48′56″N 96°07′53″E / 16.815641°N 96.131456°E / 16.815641; 96.131456ကိုဩဒိနိတ်: 16°48′56″N 96°07′53″E / 16.815641°N 96.131456°E / 16.815641; 96.131456


၁၉၉၁ ခုနှစ်တွင် ရန်ကုန်မြို့တော်ကော်ပိုရေးရှင်း (ယခု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ) သည် St. John's Cantonment သုသာန်ရှိ ဂူများကို ကြံတောသို့ ပြောင်းရွေ့စေခဲ့သည်။[၆] အုတ်ဂူများတွင် ဗြိတိသျှစစ်သားများ၏ အုတ်ဂူများ ပါဝင်ခဲ့သည်။[၆] ၁၉၉၄ ခုနှစ်တွင် စစ်တပ်က တာမွေသုသာန်မှ ကျန်ရှိနေသော မြှုပ်နှံထားသည်များကို ကြံတောသုသာန်သို့ စူပါမားကတ်တစ်ခု ဆောက်လုပ်ရန် ရွေ့ပြောင်းစေခဲ့သည်။[၇]

အထင်ကရ မြှုပ်နှံထားသူများ ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. Seekins, Donald M. (Summer 2005). "The State and the City: 1988 and the Transformation of Rangoon". Pacific Affairs 78 (2): 267. University of British Columbia. doi:10.5509/2005782257. 
  2. Min၊ Hla။ Union of Myanmar။ 19 July 2015 တွင် ပြန်စစ်ပြီး။
  3. "RIP: Rest In Pieces"၊ The Irrawaddy၊ January 1997။ 14 April 2012 တွင် ပြန်စစ်ပြီး။ Archived from the original on 9 August 2011။ 
  4. ၄.၀ ၄.၁ Morley၊ Ian (2012)။ City profile: RangoonCities။ Elsevier။ 19 July 2015 တွင် ပြန်စစ်ပြီး။
  5. "BURMA: Solidarity"၊ TIME၊ 9 December 1946။ 19 July 2015 တွင် ပြန်စစ်ပြီး 
  6. ၆.၀ ၆.၁ ၆.၂ "GOVERNMENT TAKES OVER CHRISTIAN CEMETERY IN YANGON"၊ UCA News၊ 27 August 1991။ 19 July 2015 တွင် ပြန်စစ်ပြီး။ Archived from the original on 4 March 2016။ 
  7. "KYANDAW CEMETERY TO MOVE"၊ Burma Alert၊ March 1997။ 19 July 2015 တွင် ပြန်စစ်ပြီး 
  8. Seekins၊ Donald M. (2006)။ Historical Dictionary of Burma (Myanmar)။ Scarecrow Press။ pp. 91ISBN 9780810864863
  9. ၉.၀ ၉.၁ Seekins၊ Donald M. (2014)။ State and Society in Modern Rangoon။ Routledge။ p. 168။ ISBN 9781317601548
  10. ၁၀.၀ ၁၀.၁ Ma Ma Lay (2008)။ A Man Like Him: Portrait of the Burmese Journalist, Journal Kyaw U Chit Maung။ SEAP Publications။ pp. 37–38။ ISBN 9780877277774
  11. Taylor၊ Robert (2015)။ General Ne Win: A Political Biography။ Institute of Southeast Asian Studies။ p. 433။ ISBN 9789814620130
  12. Egreteau၊ Renaud။ "The repression of the August 8-12 1988 (8-8-88) uprising in Burma/Myanmar"၊ Online Encyclopedia of Mass Violence၊ February 2009။ 19 July 2015 တွင် ပြန်စစ်ပြီး