ရှေးရိုးစွဲဝါဒ

(ကွန်ဆာဗေးတစ် ဝါဒ မှ ပြန်ညွှန်းထားသည်)
"ကွန်ဆာဗေးတစ်ဝါဒ" နှင့် "ကွန်ဆာဗေးတစ် ဝါဒ" ကို ဤနေရာသို့ ညွှန်းသည်။ အခြားအသုံးအနှုန်းများ အတွက်၊ ကွန်ဆာဗေးတစ်ဝါဒ (သံတူကြောင်းကွဲ) ကို ကြည့်ပါ။

ရှေးရိုးစွဲဝါဒ (သို့) ကွန်ဆာဗေးတစ်ဝါဒ (conservatism) သည် ယဉ်ကျေးမှုလူမှု‌ရေး၊ နိုင်ငံရေးအတွေးအခေါ်နှင့် အယူဝါဒ ဖြစ်ပြီ ဓလေ့ထုံးစံ အင်စတီကျူးရှင်းနှင့် ရိုးရာတန်ဖိုးများကို မြှင့်တင်ထိန်းသိမ်းရန် ကြိုးပမ်းသည့် အယူဝါဒဖြစ်သည်။[][][] ကွန်ဆာဗေးတစ် (Conservatism) ဟူသော စကားလုံးသည် လက်တင်ဘာသာ conservare မှ ဆင်းသက်လာပြီ ထိန်းသိမ်းရန်ဟု အဓိပ္ပာယ်ရသည်။ ရှေးရိုးစွဲဝါဒ၏ အဓိကသဘောတရားသည် ပေါ်ပေါက်လာသည် ယဉ်ကျေးမှုနှင့် လူအဖွဲ့အစည်း တိုနှင့်ဆက်စပ်သည်။[] အနောက်တိုင်းယဉ်ကျေးမှုတွင် ရှေးရိုးစွဲဝါဒသည် ဖွဲ့စည်းထားသောဘာသာ‌ရေး၊ စစ်ရေး၊ အစိုးရ၊ ပိုင်ဆိုင်မှုအခွင့်အရေး၊ တရားဥပဒေ စိုးမိုးမှုနှင့် ဘုရင်စနစ် ထိန်းသိမ်းစောင့်ရှောက်ရန် ကြိုးပမ်းသည်။[][] ရှေးရိုးစွဲများသည် လူမှုအစီအမံနှင့် သမိုင်းဆိုင်ရာ အဆက်အစပ်ကို မြှင့်တင်ပေးသည့် အလေ့အကျင့်များကို နှစ်သက်သဘောကျကြသည်။ []

အဖွဲ့အစည်းအများအပြားကို ထိန်းသိမ်းစောင့်ရှောက်ရန် ကြိုးပမ်းကြသည်။ ရှေးရိုးစွဲဝါဒီများသည် တည်ငြိမ်မှုနှင့် ဖြည်းဖြည်းချင်း ပြောင်းလဲလာမှုကို အာမခံသည့် အင်စတီကျူးရှင်းများနှင့် အလေ့အကျင့်များကို မျက်နှာသာပေးလေ့ရှိသည်။ ရှေးရိုးစွဲဝါဒီများသည် တိုးတက်ပြောင်းလဲရေးဝါဒကို ဆန့်ကျင်ပြီး အစဉ်အလာတန်ဖိုးသို့ ပြန်သွားလေ့ရှိသည်။

ကွန်ဆာဗေးတစ်ဝါဒသည် နိုင်ငံရေးနှင့် လူမှုရေးဆိုင်ရာ အတွေးအမြင်တစ်ခုဖြစ်ပြီး ထုံးတမ်းစဉ်လာနှင့် မဏ္ဍိုင်များကို ထိန်းသိမ်းပြီး မဖြစ်နိုင်သည့် အဆုံးတွင် လူ့အဖွဲ့အစည်းအတွင်း အနည်းဆုံးနှင့် ဖြည်းဖြည်းချင်းပြောင်းလဲရန် လိုလားသော အတွေးအခေါ်မျိုးဖြစ်သည်။ အချို့သော ကွန်ဆာဗေးတစ်များသည် အရာအားလုံးကို တည်ငြိမ်စွာ ဆက်လက်ရှိနေစေရန်၊ အရာအားလုံးကို သူ့နဂိုရ်အတိုင်း ထိန်းသိမ်းသွားရန် လိုလားသည်။ ထိုအသုံးအနှုံးကို [ပြင်သစ်တော်လှန်ရေး]အပြီး ၁၈၁၉တွင် ဖရန်ဆွိုက် ရီနေးဒီ ချက်တူး ဘရိုင်ယန် (François-René de Chateaubriand) က စတင် အသုံးပြုခဲ့သည်။ ထိုအချိန်မှစပြီး အတွေးအမြင်များအတွက် ထိုအသုံးအနှုန်းကို သုံးနှုန်းကြလေသည်။

နိုင်ငံရေးသိပ္ပံပညာတွင် ယခုလက်ရှိ ကွန်ဆာဗေးတစ်ဟု ခေါ်ဆိုနေကြသော အတွေးအမြင်များအတွက် အိုင်းရစ်နိုင်ငံရေးသမား အက်ဒမွန်ဘက်ဂ်ကို မကြာခဏ ညွှန်းဆိုလေ့ရှိကြသည်။ ယခင်က ဗြိတိသျှ ကွန်ဆာဗေးတစ်ပါတီ၏ ဥက္ကဋ္ဌဖြစ်သော ဟေးလ်ရှန်ကမူ "ကွန်ဆာဗေးတစ်ဝါဒဆိုသည်မှာ ဒဿနမဟုတ်ဘဲ လွတ်လပ်သော လူ့အဖွဲ့အစည်းအဖြစ် ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ဆောင်ရွက်ကြသည့် အဆုံးသတ်မဲ့ အလုပ်အကိုင်အပြုအမူနှင့် ဆက်တိုက်တွန်းအားတစ်ခုသာဖြစ်ပြီး လူတို့၏ ခိုင်မြဲနက်နဲစွာ ကျင့်ကြံတတ်သော သဘာဝနှင့် ဆက်စပ်နေသည်ဟု ဆိုခဲ့လေသည်။ ကွန်မြူနစ်၊ လီနင်ဝါဒ၊ ဆိုရှယ်လစ်ဝါဒတို့ကို ဆန့်ကျင်သည်။ လက်ယာဝါဒဖြစ်ပြီး ဥရောပနှင့် ဓနသဟာယနိုင်ငံများတွင် ကွန်ဆာ​ဗေးတစ်ပါတီများရှိကြသည်။

ကွန်ဆာဗေး​တစ်

ပြင်ဆင်ရန်

ကွန်ဆာဗေးတစ်ဝါဒ ဆယ့်ရှစ်ရာစုနှောင်းပိုင်းနှင့် ဆယ့်ကိုးရာစုအစောပိုင်းကာလများ​တွင် ကွန်ဆာဗေးတစ်အတွေးအခေါ်နှင့် နိုင်ငံရေးအယူအဆများ စတင်ပေါ်ထွက်လာခဲ့သည်။ ပြင်သစ်တော်လှန်ရေးက စတင်ဖော်ကျူးလိုသော စီးပွားရေးနှင့် နိုင်ငံရေးပြောင်းလဲမှုများကို တုံ့ပြန်ချက်အ​နေဖြင့် ပေါ်ထွက်လာခြင်း ဖြစ်သည်။ ဥရောပတိုက်မှ ပေါ်ထွက်လာသော ကွန်ဆာဗေးတစ်ဝါဒသည် နိုင်ငံရေးတွေးခေါ်ပညာရှင် Joseph de Maistre (၁၇၅၃-၁၈၂၁) သဏ္ဌာန်ဖော်သော သွင်ပြင်လက္ခဏာအများအပြား ပါဝင်လာသည်။ ဤသဏ္ဌာန်မှာ ပြုပြင်ပြောင်းလဲရေးကို ဆန့်ကျင်ပြီး အစဉ်အလာဓလေ့ထုံးစံများကို တရားသေဆုပ်ကိုင်ထားမှုများ ပါဝင်သည်။ ​သို့သော် အမေရိကန်ပြည်ထောင်စုနှင့် ဗြိတိန်နိုင်ငံတို့မှာ ပေါ်ထွက်လသော ကွန်ဆာဗေးတစ်ဝါဒသည် နိုင်ငံရေးတွေးခေါ်ပညာရှင် Edmund Burke (၁၇၂၉- ၉၇)၏ ထိန်းသိမ်းရေးအတွက် ပြောင်းလဲရေးသော သဘောတရားကို အခြေခံထားသောကြောင့် အောင်မြင်သော ကွန်ဆာဗေးတစ်ဝါဒတစ်ရပ်အဖြစ် ပေါ်ထွက်လာခဲ့သည်။ (၁၉၅၀) နှောင်းပိုင်းကာလများ​​တွင် ဗြိတိန်နိုင်ငံမှ ကွန်ဆာဗေးတစ်ပါတီများသည် စစ်ပြီးကာလ ပြန်လည်တည်ဆောက်ရေးနှင့် လူမှုပြုပြင်ပြောင်းလဲရေးများကို စတင်လက်ခံလာခဲ့ပြီး ဆိုရှယ်ဒီမိုကရေတစ်ဝါဒမှ သဘောတရားအချို့ကိုလည်း လက်ခံလာကြသည်။ (၁၉၇၀) ကာလများတွင် ဤအတွေးအခေါ်များကို အသစ်ထပ်မံပေါ်ထွက်လသော လက်ယာသစ် (New Right) ဝါဒက ဖိအားပေးမှုများ ရှိလာခဲ့သည်။ ကွန်ဆာဗေးတစ်ဝါဒ၏ အခြေခံစည်းမျဉ်းများမှာ အစဉ်အလာ၊ ဓလေ့ထုံးတမ်းများကို ထိန်းသိမ်းစောင့်ရှောက်ရေး ဖြစ်သည်။ အစဉ်အလာများသည် ခေတ်သမိုင်းအဆက်ဆက်တွင် ဖြတ်သန်းပေါ်ထွက်လာသော ဉာဏ်ပညာများကို ပေါင်းစုထားခြင်းဖြစ်ပြီး နှစ်ပေါင်းများစွာ လေ့လာစမ်းသပ်ထားပြီး ဖြစ်သောကြောင့် နောင်မျိုးဆက်များ၏ အကျိုးစီးပွားများအတွက် လက်ဆင့်ကမ်းထိန်းသိမ်းစောင့်ရှောက် သင့်ကြောင်း ကွန်ဆာဗေးတစ်ဝါဒီများက ယူဆကြသည်။ ကွန်ဆာဗေးတစ်များသည် သူတို့၏ ဆောင်ရွက်ချက်များသည် လက်တွေ့ကျသော အခြေအနေမျှော်မှန်းချက်များနှင့်အညီ ပေးထွက်လသေ​​​ာကြောင့် ကွန်ဆာဗေးတစ်ဝါဒကို နိုင်ငံရေးအိုင်ဒီယော်လဂျီအဖြစ် မသတ်မှတ်ဘဲ ဘ၀ချဉ်းကပ်မှုတခုအနေဖြင့် ရှုမြင်ရန် ငြင်းဆိုချက်များ ပြုလုပ်ကြသည်။ ကွန်ဆာဗေးတစ်ဝါဒအရ လူသားများသည် မှီခိုတတ်သော သဘောသေ​​ာကြောင့် တည်ငြိမ်အေးချမ်းသော လူ့အဖွဲ့အစည်းရှိရန် လိုအပ်သည်။ လူသားများကို တကိုယ်ကောင်းစိတ်များ၊ လောဘများနှင့် အာဏာရူးသွပ်စိတ်များက လွှမ်းမိုးထာသောကြောင့် လူသားများသည် စိတ်ပိုင်းဆိုင်ရာ ပျက်ယွင်းနေသူများလည်း ဖြစ်သည်။ ထို့ကြောင့် ရာဇဝတ်မှုများ၊ တည်ငြိမ်အေးချမ်းရေးပျက်စီးမှုများ ပေါ်ထွက်လာရခြင်းကြောင့် အင်အားကြီးမားသော နိုင်ငံတော်၊ တင်းကြပ်သော ဥပဒေ၊ ပြင်းထန်သော ပြစ်ဒဏ်ပေးမှုများနှင့် ငြိမ်ဝပ်ပိပြားရေးကို တည်ဆောက်ဖို့​လိုကြောင့် ကွန်ဆာဗေးတစ်ဝါဒီများက ယုံကြည်ကြသည်။ ထို့်​​ပြင် အချို့လူများသည် ကိုယ်ပိုင်အကျိုးစီးပွားကို ရယူခံစားရန် ဗဟုသုတ၊ အတွေ့အကြုံနှင့် ပညာရေးများမှာ အားနည်းချက်များရှိသောကြောင့် ဦးဆောင်မှု၊ လမ်းညွန်မှုနဲ့ ပံ့ပိုးမှုများကို မိဘက သားသမီးများကို ပေးအပ်သည့်ပုံစံမျိုးဖြင့် လုပ်ဆောင်ပေးရန်လိုအပ်ကြောင်းနှင့် အထက်မှ အာဏာကျင့်သုံးမှုရှိရမည်ဖြစ်ကြောင်း ကွန်ဆာဗေးတစ်များက ယုံကြည်လက်ခံကြသည်။ ထို့ကြောင့် authorityက ကွန်ဆာဗေးတစ်ဝါဒ၏ အဓိကတန်ဖိုးဖြစ်ပြီး၊ လွတ်လပ်မှုသည်လည်း တာဝန်ဝတ္တရားနှင့် ပူးတွဲတည်ရှိကြောင်း အဆိုပြုထားကြသည်။ ဤက​ဲသို့ နိုင်ငံတော်မှ ပြည်သူအား မိဘမှ သားသမီးကို စောင့်ရှောက်ခြင်းကဲ့သို့ အုပ်ချုပ်သောသဏ္ဌာန်၊ တာဝန်ဝတ္တရား၊ hierarchy စသော သဘောတရားများအပေါ် အခြေခံထားသောကွန်ဆာဗေးတစ်ဝါဒကို paternalistic conservatism ဟု သတ်မှတ်ခေါ်တွင်ကြသည်။ ဥရောပကွန်ဆာဗေးတစ်များ နောက်ထပ်ဖော်ထုတ်ထားသော အခြေခံသဘောတရားတရပ်မှာ ခရစ်ယန်ဒီမိုကရေစီသဘောတရားဖြစ်သည်။ ဤသဘောတရားကို ဂျာမန်ခရစ်ယန် ဒီမိုကရက်များ၏ လူမှုဈေးကွက်ဒဿနိကဗေဒ (social market philosophy) မှာ တွေ့မြင်နိုင်သည်။ ဤဒဿနိကဗေဒ၏ အခြေခံတန်ဖိုးမှာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများနှင့် ပြိုင်ဆိုင်မှုများပြုလုပ်ရာတွင် ဈေးကွက်မဟာဗျူဟာများကို အသုံးပြုရာမှ ရရှိလာသော အမြတ်အစွန်းများကို လူ့အဖွဲ့အစည်းအကျိုးစီးပွားအတွက် ပြန်လည် အသုံးပြုမှုဖြစ်သည်။ ခရစ်ယန်ဒီမိုကရေစီသဘောတရားသည် ဘုရားရှိခိုးကျောင်းများ၊ သမဂ္ဂများနှင့် စီးပွားရေးလုပ်ငန်းများအကြား လူမှုရေးပေါင်းစည်းမှု (social partnership) ကို အရေးကြီးတန်ဖိုးတစ်ခုအ​နေဖြင့် သတ်မှတ်ထားသည်။ အချို့တွေးခေါ်ပညာရှင်များက ဤအရာကို compassionate conservatism လို့ ဖွင့်ဆိုဖော်ပြကြသည်။

  1. Hamilton၊ Andrew (2019)။ "Conservatism"Stanford Encyclopedia of Philosophy
  2. Encyclopædia Britannica: "Conservatism, political doctrine that emphasizes the value of traditional institutions and practices."
  3. Heywood 2004, pp. 166–167: "In particular, conservatives have emphasized that society is held together by the maintenance of traditional institutions such as the family and by respect for an established culture, based upon religion, tradition and custom."
  4. O'Hara၊ Kieron (2011)။ Conservatism။ London: Reaktion။ ISBN 978-1-86189-812-8It is clear that conservatives are influenced not only by their ideology, but also by the political context – no surprise there – but contexts vary and so, therefore, do conservatives.
  5. Neill 2021, p. 2: "[C]onservatives favour the importance of ‘natural’ forms of authority, such as the monarchy, the church, the nation and the family."
  6. Giubilei 2019, p. 37: "Conservatives aim to conserve the natural and fundamental elements of society, which are: private property, family, the homeland, and even religion […] the right-wing conservative is such not because he wants to conserve any regime and any institutions, but rather specific institutions and particular values."
  7. Encyclopædia Britannica.

[]

  1. နိုင်ငံ​ရေးအယူဝါဒများ(http://hinthars.blogspot.com/2015/08/blog-post_71.html?m=1[လင့်ခ်သေ])