ကွန်ပျူတာပညာ ဖွံ့ဖြိုး‌ရေး ဥပ‌ဒေကို ပြင်ဆင်သည့် ဥပ‌ဒေ

ကွန်ပျူတာပညာ ဖွံ့ဖြိုး‌ရေး ဥပ‌ဒေကို ပြင်ဆင်သည့် ဥပ‌ဒေ

(နိုင်ငံ‌တော်‌အေးချမ်းသာယာ‌ရေး နှင့် ဖွံ့ဖြိုး‌ရေး‌ကောင်စီ ဥပ‌ဒေအမှတ် ၃/၉၈)

၁၃၅၉ ခုနှစ်၊ တပို့တွဲလပြည့်‌ကျော် ၁၂ ရက်

(၁၉၉၈ ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ ၂၃ ရက်)

နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် ‌အောက်ပါဥပ‌ဒေ ကို ပြဋ္ဌာန်းလိုက်သည်။

၁။ ဤဥပ‌ဒေကို ကွန်ပျူတာပညာ ဖွံ့ဖြိုး‌ရေး ဥပ‌ဒေကိုပြင်ဆင်သည့်ဥပ‌ဒေ ဟု‌ခေါ်တွင် ‌စေရမည်။
၂။ ကွန်ပျူတာ ပညာဖွံ့ဖြိုး‌ရေး ဥပ‌ဒေတွင်-
(က) ပုဒ်မ ၄၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၅) ၌ပါရှိ‌သော “ဒုတိယဝန်ကြီး၊ ပညာရေးဝန်ကြီးဌာန” ဆိုသည့် စကားရပ်ကို “ဒုတိယဝန်ကြီး၊ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။
(ခ) ပုဒ်မ ၅၊ ပုဒ်မ ၃၃၊ ပုဒ်မ ၄၂၊ ပုဒ်မခွဲ (က) နှင့်၊ ပုဒ်မခွဲ (ခ) တို့၌ ပါရှိ‌သော “ပညာ‌ရေးဝန်ကြီးဌာန” ဆိုသည့် စကားရပ်ကို “သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။
(ဂ) ပုဒ်မ ၆ ၌ ပါရှိ‌သော “အဆင့်မြင့်ပညာဦးစီးဌာန” ဆိုသည့် စကားရပ်ကို “အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။


(ပုံ) သန်းရွှေ
ဗိုလ်ချုပ်မှူးကြီး
ဥက္ကဋ္ဌ
နိုင်ငံ‌တော်‌ အေးချမ်းသာယာ‌ရေးနှင့် ဖွံ့ဖြိုး‌ရေး‌ကောင်စီ