နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ

မြန်မာနိုင်ငံစစ်အစိုးရ (၁၉၉၇–၂၀၁၁)

နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (နအဖ) (အင်္ဂလိပ်: State Peace and Development Council (SPDC)) သည် ၂၀၁၁ခုနှစ်မတိုင်မီ အုပ်ချုပ်ခဲ့​သော မြန်မာစစ်အစိုးရ၏ အုပ်ချုပ်​ရေးအဖွဲ့အစည်းဖြစ်သည်။ နအဖ သည် ၁၉၈၈ ခုနှစ် အာဏာသိမ်း အုပ်ချုပ်​ရေးအဖွဲ့ဖြစ်​သော နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) ကို ​ပြောင်းလဲဖွဲ့စည်းထားခြင်းဖြစ်သည်။ နဝတသည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) ၏ အခန်းကဏ္ဍကို အစားထိုးပြောင်းလဲထားပြီး၊ အပေါ်ယံကသာ အဓိကပြောင်းထားခြင်းဖြစ်သည်။ ၁၉၉၇ တွင် နဝတ ကို ဖျက်သိမ်းပြီး နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (နအဖ) အဖြစ်ပြောင်းလဲဖွဲ့စည်းခဲ့သည်။

ပြည်ထောင်စုမြန်မာနိုင်ငံတော်
(၁၉၈၈–၂၀၁၁)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
(၂၀၁၁)
Union of Burma
(၁၉၈၈–၁၉၈၉)
Union of Myanmar
(၁၉၈၉–၂၀၁၁)
Republic of the Union of Myanmar
(၂၀၁၁)
မြန်မာ၏ အလံတော်
Flag of Myanmar.svg
State seal of Myanmar (1988–2011).svg
State seal of Myanmar.svg
အလံတော်
အပေါ်: ၁၉၈၈–၂၀၁၀
အောက်: ၂၀၁၀–၂၀၁၁
တံဆိပ်တော်
အပေါ်: ၁၉၈၈–၂၀၁၁
အောက်: ၂၀၁၁
နိုင်ငံတော် သီချင်း: ကမ္ဘာမကျေ
Till the End of the World
မြို့တော်ရန်ကုန်မြို့ (၁၉၈၈–၂၀၀၆)
နေပြည်တော် (၂၀၀၆–၂၀၁၁)
အကြီးဆုံးမြို့ရန်ကုန်
ရုံးသုံး ဘာသာစကားများမြန်မာဘာသာ
ကိုးကွယ်မှုဗုဒ္ဓဘာသာ
အစိုးရစစ်အာဏာရှင်စနစ်နှင့် စစ်တပ်အဖွဲ့အစည်းစနစ်
• ဒုဥက္ကဋ္ဌ
ဥပဒေပြုလွှတ်တော်မရှိ (ဖျက်သိမ်းထား)
ဖြစ်ရပ်များ
၁၈ စက်တင်ဘာ ၁၉၈၈
• အောင်ဆန်းစုကြည်ဖမ်းဆီးခံရခြင်း
၂၀ ဇူလိုင် ၁၉၈၉
• အာဆီယံအဖွဲ့ဝင်ဖြစ်လာခြင်း
၂၃ ဇူလိုင် ၁၉၉၇
၁၅ ဩဂုတ် ၂၀၀၇
• ရွေးကောက်ပွဲကျင်းပခြင်း
၇ နိုဝင်ဘာ ၂၀၁၀
• အောင်ဆန်းစုကြည်လွတ်မြောက်လာခြင်း
၁၃ နိုဝင်ဘာ ၂၀၁၀
• ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ အမည်ပြောင်းခြင်း
၃၁ ဇန်နဝါရီ ၂၀၁၁[၁][၂]
• နအဖအဖွဲ့ဖျက်သိမ်းခြင်း
၃၀ မတ် ၂၀၁၁
ဧရိယာ
• စုစုပေါင်း
၆၇၆,၅၇၈ km2 (၂၆၁,၂၂၈ sq mi)
ငွေကြေးမြန်မာကျပ်
တယ်လီဖုန်းကုဒ်95

နအဖ တွင် ဌာနကြီးများနှင့် ဒေသဆိုင်ရာစစ်တိုင်းကြီးများ၏ တပ်မှူးကြီးများ ပါဝင်ကြသည်။ စစ်အာဏာပိုင်အဖွဲ့ဖြစ်​သော နအဖ၏ အဖွဲ့ဝင် ၁၁ ဦးသည် အစိုးရဝန်ကြီးများအဖွဲ့ထက် အာဏာကိုပို၍ သုံးနိုင်ခွင့်ရှိသည်။ စစ်အာဏာပိုင်အဖွဲ့၏ အချို့သောအဖွဲ့ဝင်များသည် ဝန်ကြီးများအဖွဲ့၏ ဝန်ကြီးရာထူးများကိုလည်းယူထားသည်။ အများ၏ထင်မြင်ယူဆချက်တွင် စစ်တိုင်းမှူးများသည် ၎င်းတို့၏ သက်ဆိုင်ရာ တိုင်းဒေသများတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် များများစားစားရရှိခြင်းကို ပျော်ရွှင်နှစ်သက်ကြသည်။ အစိုးရသည်တစ်ပါတီစနစ်ဖြင့် အုပ်ချုပ်သော မဆလ ၏ မြန်မာ့နည်းမြန်မာ့ဟန်ဆိုရှယ်လစ်စံနစ်မှ နောက်ဆုတ်ထားသော်လည်း၊ လူ့အခွင့်အရေးချိုဖောက်မှု စွပ်စွဲချက်များ အများအပြားရှိခဲ့သည်။

သမိုင်းပြင်ဆင်

နဝတ ကို ဗိုလ်ချုပ်ကြီးစောမောင် (နောက်ပိုင်းတွင် ဗိုလ်ချုပ်မှူးကြီး၊ ၁၉၉၇ ဇူလိုင်လတွင်ကွယ်လွန်) ဦးစီးသည့် မြန်မာ့လက်နက်ကိုင်တပ်များ ရှစ်လေးလုံးထကြွမှုကို နှိမ်နင်းပြီး အာဏာသိမ်းယူခဲ့သည့် ၁၉၈၈ စက်တင်ဘာလ ၈ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။ အာဏာသိမ်းယူခဲ့သည့်နေ့တွင် နဝတ သည် အမိန့်အမှတ် ၁/၁၉၈၈ ဖြင့် တပ်မတော်မှအာဏာလွှဲပြောင်းရယူခြင်း နှင့် နဝတအဖွဲ့ ဖွဲ့စည်းကြောင်း အမိန့်ထုတ်ပြန်ခဲ့သည်။ အမိန့်အမှတ် ၂/၁၉၈၈ ဖြင့် နဝတ သည် ၁၉၇၄ မြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ[၃] အောက်တွင် တည်ရှိကြသော “နိုင်ငံတော်အာဏာပိုင်အဖွဲ့အစည်းများ” အားလုံးကို ဖျက်သိမ်းပစ်သည်။ ပြည်သူ့လွှတ်တော်နိုင်ငံတော်ကောင်စီ၊ ဝန်ကြီးအဖွဲ့၊ ပြည်သူ့တရားသူကြီးများကောင်စီ၊ ပြည်သူ့ ဥပဒေအကျိုးဆောင်များကောင်စီ၊ ပြည်သူ့စာရင်းစစ်များကောင်စီ၊ ထိုနည်းတူစွာ ပြည်နယ်နှင့်တိုင်း၊ မြို့နယ်၊ ရပ်ကွက်နှင့်ကျေးရွာ ပြည်သူ့ကောင်စီများ ကို ဖျက်သိမ်းပစ်သည်။

နဝတ သည် ယခင်မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလပါတီ)တွင် ဒုဝန်ကြီးများ၏အလုပ်တာဝန်များအစားထိုးခြင်း ကိုလည်း ရပ်ဆိုင်းသည့်အမိန့် ထုတ်ပြန်ခဲ့သည်။ (၁၉၇၄ မြန်မာ့အခြေခံဥပဒေတွင် “ဝန်ကြီးအဖွဲ့” သည် ဝန်ကြီးများအဖွဲ့အဖြစ်ဆောင်ရွက်သော်လည်း ဒုဝန်ကြီးများကို ဝန်ကြီးအဖွဲ့၏ တရားဝင်အစိတ်အပိုင်းအဖြစ် မထားရှိခဲ့သည့်အတွက် နဝတ သည် တိကျသေချာစေရန် ယခင် မဆလ အစိုးရအတွင်းရှိ ဒုဝန်ကြီးများကို ဝန်ကြီးများနှင့်အတူထားရှိပြီး ရပ်ဆိုင်းခဲ့သည်။) အာဏာ သိမ်းသည့်နေ့တွင် ထုတ်ပြန်ခဲ့သည့် နဝတ ၏အမိန့်များကို ၁၉၈၈ စက်တင်ဘာ ၁၉ ရက်ထုတ် လုပ်သား ပြည်သူ့နေ့စဉ်သတင်းစာ တွင်တွေ့မြင်နိုင်သည်။ နဝတ ၏ပထမဦးဆုံးဥက္ကဋ္ဌသည် ဗိုလ်ချုပ်ကြီးစောမောင် ဖြစ်ပြီး၊ နောက်ပိုင်းတွင် ဗိုလ်ချုပ်မှူးကြီး ဖြစ်လာကာ ဝန်ကြီးချုပ်လည်းဖြစ်သည်။ သူသည် ၁၉၉၂ ဧပြီလ ၂၃ ရက်နေ့တွင် ရာထူးမှဖယ်ရှားခံရပြီး၊ ထိုစဉ်ကဗိုလ်ချုပ်ကြီး နောက်ပိုင်းတွင်ဗိုလ်ချုပ်မှူးကြီး ဖြစ်လာသည့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မှ နဝတဥက္ကဋ္ဌ နှင့် ဝန်ကြီးချုပ်ရာထူးများကို လွှဲပြောင်းရယူသွားသည်။ ၁၉၉၇ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် နဝတ ကို ဖျက်သိမ်းပြီး နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ ဖြိုးရေးကောင်စီ အဖြစ် ပြန်လည်ဖွဲ့စည်းခဲ့သည်။ အများအားဖြင့် သို့မဟုတ် အားလုံးမဟုတ်သော စစ်အစိုးရ၏အဖွဲ့ဝင် အများစုသည် ဖျက်သိမ်းလိုက်သည့် နဝတအဖွဲ့ ထဲမှ အဖွဲ့ဝင်များပင်ဖြစ်သည်။


နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (၁၉၉၇ ခုနှစ်၊ နိုဝင်ဘာ)

  • ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဥက္ကဋ္ဌ ‌
  • ဗိုလ်ချုပ်ကြီးမောင်အေး ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဥက္ကဋ္ဌ
  • ဒုတိယဗိုလ်ချုပ်ကြီးခင်ညွန့် တပ်မတော်ထောက်လှမ်းရေးညွှန်ကြားရေးမှူး၊ စစ်မဟာဗျူဟာလေ့လာရေးဌာနကြီးမှူး အတွင်းရေးမှူး(၁)
  • ဒုတိယဗိုလ်ချုပ်ကြီးတင်ဦး စစ်ဆင်ရေးအထူးအဖွဲ့မှူးနှင့် စစ်ဦးစီးအရာရှိချုပ်(ကြည်း) အတွင်းရေးမှူး(၂)
  • ဒုတိယဗိုလ်ချုပ်ကြီးဝင်းမြင့် စစ်ရေးချုပ် အတွင်းရေးမှူး(၃)
  • ဒုတိယဗိုလ်ချုပ်ကြီးညွန့်သိန်း ကာကွယ်ရေးဦးစီးချုပ်(ရေ) အဖွဲ့ဝင်
  • ဒုတိယဗိုလ်ချုပ်ကြီးကျော်သန်း ကာကွယ်ရေးဦးစီးချုပ်(လေ) အဖွဲ့ဝင်
  • ဗိုလ်ချုပ်ကျော်ဝင်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး အဖွဲ့ဝင်
  • ဗိုလ်မှူးချုပ်သီဟသူရတင်အောင်မြင့်ဦး အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး အဖွဲ့ဝင်
  • ဗိုလ်မှူးချုပ်မောင်ဘို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး အဖွဲ့ဝင်
  • ဗိုလ်မှူးချုပ်သိန်းစိန် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး အဖွဲ့ဝင်
  • ဗိုလ်မှူးချုပ်မြင့်အောင် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး အဖွဲ့ဝင်
  • ဗိုလ်မှူးချုပ်သူရသီဟသူရစစ်မောင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး အဖွဲ့ဝင်
  • ဗိုလ်ချုပ်ခင်မောင်သန်း ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး အဖွဲ့ဝင်
  • ဗိုလ်မှူးချုပ်သူရရွှေမန်း အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး အဖွဲ့ဝင်
  • ဗိုလ်ချုပ်အောင်ထွေး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး အဖွဲ့ဝင်
  • ဗိုလ်မှူးချုပ်စိုးဝင်း အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး အဖွဲ့ဝင်
  • ဗိုလ်ချုပ်ရဲမြင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး အဖွဲ့ဝင်
  • ဗိုလ်ချုပ်အောင်ထွေး တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး အဖွဲ့ဝင်

နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (၂၀၀၂)

  • ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဥက္ကဋ္ဌ
  • ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး ဒုတိယဥက္ကဋ္ဌ
  • ဗိုလ်ချုပ်ကြီးခင်ညွန့် အတွင်းရေးမှူး(၁)
  • ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်း အတွင်းရေးမှူး(၂)
  • ဒုတိယဗိုလ်ချုပ်ကြီးသူရရွှေမန်း အဖွဲ့ဝင်
  • ဒုတိယဗိုလ်ချုပ်ကြီးသိန်းစိန် အဖွဲ့ဝင်
  • ဒုတိယဗိုလ်ချုပ်ကြီးသီဟသူရတင်အောင်မြင့်ဦး အဖွဲ့ဝင်
  • ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့် အဖွဲ့ဝင်
  • ဒုတိယဗိုလ်ချုပ်ကြီးအောင်ထွေး အဖွဲ့ဝင်
  • ဒုတိယဗိုလ်ချုပ်ကြီးခင်မောင်သန်း အဖွဲ့ဝင်
  • ဒုတိယဗိုလ်ချုပ်ကြီးမောင်ဘို အဖွဲ့ဝင်
  • ဒုတိယဗိုလ်ချုပ်ကြီးကျော်ဝင်း အဖွဲ့ဝင်
  • ဒုတိယဗိုလ်ချုပ်ကြီးတင်အေး အဖွဲ့ဝင်

နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (၂၀၀၃)

  • ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဥက္ကဋ္ဌ
  • ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး ဒုတိယဥက္ကဋ္ဌ
  • ဗိုလ်ချုပ်ကြီးခင်ညွန့် အဖွဲ့ဝင် (နိုင်ငံတော်ဝန်ကြီးချုပ်)
  • ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်း အတွင်းရေးမှူး(၁)
  • ဒုတိယဗိုလ်ချုပ်ကြီးသိန်းစိန် အတွင်းရေးမှူး(၂)
  • ဒုတိယဗိုလ်ချုပ်ကြီးသူရရွှေမန်း အဖွဲ့ဝင်
  • ဒုတိယဗိုလ်ချုပ်ကြီးသီဟသူရတင်အောင်မြင့်ဦး အဖွဲ့ဝင်
  • ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့် အဖွဲ့ဝင်
  • ဒုတိယဗိုလ်ချုပ်ကြီးအောင်ထွေး အဖွဲ့ဝင်
  • ဒုတိယဗိုလ်ချုပ်ကြီးခင်မောင်သန်း အဖွဲ့ဝင်
  • ဒုတိယဗိုလ်ချုပ်ကြီးမောင်ဘို အဖွဲ့ဝင်
  • ဒုတိယဗိုလ်ချုပ်ကြီးကျော်ဝင်း အဖွဲ့ဝင်
  • ဒုတိယဗိုလ်ချုပ်ကြီးတင်အေး အဖွဲ့ဝင်

နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (၂၀၀၅)

  • ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဥက္ကဋ္ဌ
  • ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး ဒုတိယဥက္ကဋ္ဌ
  • ဗိုလ်ချုပ်ကြီးသူရရွှေမန်း အဖွဲ့ဝင်
  • ဗိုလ်ချုပ်ကြီးစိုးဝင်း အဖွဲ့ဝင်(နိုင်ငံတော်ဝန်ကြီးချုပ်)
  • ဒုတိယဗိုလ်ချုပ်ကြီးသိန်းစိန် အတွင်းရေးမှူး(၁)
  • ဒုတိယဗိုလ်ချုပ်ကြီးသီဟသူရတင်အောင်မြင့်ဦး အဖွဲ့ဝင်
  • ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့် အဖွဲ့ဝင်
  • ဒုတိယဗိုလ်ချုပ်ကြီးအောင်ထွေး အဖွဲ့ဝင်
  • ဒုတိယဗိုလ်ချုပ်ကြီးခင်မောင်သန်း အဖွဲ့ဝင်
  • ဒုတိယဗိုလ်ချုပ်ကြီးမောင်ဘို အဖွဲ့ဝင်
  • ဒုတိယဗိုလ်ချုပ်ကြီးကျော်ဝင်း အဖွဲ့ဝင်
  • ဒုတိယဗိုလ်ချုပ်ကြီးတင်အေး အဖွဲ့ဝင်

အစောပိုင်းကာလတွင် ကာကွယ်ရေးဦးစီးချုပ်(ရေ)၊ ကာကွယ်ရေးဦးစီးချုပ်(လေ)၊ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ပုဂ္ဂိုလ်များနှင့် တိုင်းမှူးများကို အဖွဲ့ဝင်များအဖြစ် တာဝန်ပေးအပ်ထားသော်လည်း ၂၀၀၀ ပြည့်နှစ်တွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဖြစ်လာသော ဗိုလ်မှူးချုပ်အေးကြွေ၊ ၂၀၀၁ ခုနှစ်တွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဖြစ်လာသော ဗိုလ်မှူးချုပ်မြင့်ဆွေ(ယခု ယာယီသမ္မတ ဦးမြင့်ဆွေ)တို့ နောက်ပိုင်း တိုင်းမှူးများကို နယကအဖွဲ့ဝင်များအဖြစ် တာဝန်ပေးအပ်ခြင်း မရှိတော့ပေ။ ထို့အတူ ၂၀၀၁ ခုနှစ်တွင် စစ်ဆင်ရေးအထူးအဖွဲ့မှူးများအဖြစ် တာဝန်ပေးအပ်ခြင်းခံရသော ဒုတိယဗိုလ်ချုပ်ကြီးများအပ နောင်ဖြစ်လာသည့် ဒုတိယဗိုလ်ချုပ်ကြီးများသည်လည်း နယကအဖွဲ့ဝင်များ အဖြစ် တာဝန်ပေးအပ်ခြင်း မခံရတော့ပေ။

နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (၂၀၁၀)

  • ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဥက္ကဋ္ဌ
  • ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဥက္ကဋ္ဌ
  • သူရဦးရွှေမန်း အဖွဲ့ဝင်
  • ဦးသိန်းစိန် အဖွဲ့ဝင် (နိုင်ငံတော်ဝန်ကြီးချုပ်)
  • ဦးတင်အေး အဖွဲ့ဝင်
  • သီဟသူရဦးတင်အောင်မြင့်ဦး အဖွဲ့ဝင်

အကြီးအကဲများပြင်ဆင်

 
နအဖ၏ အကြီးအကဲ နှစ်ဦး

ဥက္ကဋ္ဌပြင်ဆင်

ဒုတိယဥက္ကဋ္ဌပြင်ဆင်

အဖွဲ့ဝင်များပြင်ဆင်

 
ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့် အဖွဲ့အား လက်ခံ​တွေ့ဆုံ​နေ​သော နအဖအဖွဲ့ဝင်များ

အစီအစဉ်အတိုင်းမှာ-

လူ့အခွင့်အရေးချိုးဖောက်မှုများပြင်ဆင်

ကုလသမဂ္ဂအဖွဲ့များ၊ အင်္ဂလန်နိုင်ငံ မြန်မာ့အရေးဆောင်ရွက်သူများ၊ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၊ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ နှင့် အခြားသောအဖွဲ့များ၏ အစီရင်ခံစာများတွင် မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့သည့် ချိုးဖောက်မှုများကို အသေးစိတ်ဖော်ပြထားသည်တို့မှာ -

  • လူသတ်မှု နှင့် မတရားသေဒဏ်စီရင်ခြင်းများ
  • ညှဉ်းပန်းနှိပ်စက်မှု နှင့် မုဒိမ်းကျင့်မှုများ
  • ကလေးစစ်သားများစုဆောင်းမှု
  • အတင်းအကြပ်နေရာရွှေ့ပြောင်းမှုများ
  • အတင်းအကြပ်အလုပ်ခိုင်းစေမှုများ
  • နိုင်ငံရေးအကျဉ်းချထားမှုများ

ကလေးစစ်သားများစုဆောင်းခြင်းပြင်ဆင်

နအဖသည် ကလေးများ- အချို့အသက် ၁၀ နှစ်အရွယ်-အား ၎င်း၏စစ်တပ်၊ တပ်မတော်တွင် အမှုထမ်း ရန်အတွက် အတင်းအကြပ်လိုက်လံစုဆောင်းနေသည့်အကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် အစီရင်ခံထားကြသည်။ လတ်တလောမြန်မာစစ်တပ်ထဲတွင်ကလေးစစ်သားမည်မျှရှိသည်ကိုခန့် မှန်းရန်ခက်ခဲသည်။ သို့သော်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့၊ ကလေးစစ်သားများကမ္ဘာ့အစီရင်ခံစာ ၂၀၀၈ နှင့် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့တို့၏အဆိုအရ ထောင်ဂဏန်း နီးပါး ရှိသည်။

ကလေးစစ်သားများစုဆောင်းနေခြင်းအတွက် အကြောင်းပြချက်များထဲမှတစ်ခုမှာ တစ်နိုင်ငံလုံးကို ပိတ်ဆို့ ထိမ်းချုပ်ထားနိုင်မည့် စစ်တပ်ဖြစ်ရန် စစ်သား ပို၍ များများလိုအပ်သောကြောင့်ဖြစ်သည်။ တသီးတခြား နှင့် အခွင့်ထူးခံသည့် မြန်မာစစ်ခေါင်းဆောင်များအပေါ် မြန်မာအများစု၏မနှစ်မြို့ဖွယ် ခံစားနေရမှုများကို ပြသည့်အနေဖြင့် စစ်တပ်ထဲမဝင်ကြသည့်အတွက်ကြောင့် စစ်တပ်သည် တစ်ခါတစ်ရံ တွင်ကလေးစစ်သား အတင်းအကြပ်စုဆောင်းခြင်းဘက်သို့ လွှဲပြောင်းလုပ်ဆောင်ရသည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်သည် ကလေးစစ်သားများစုဆောင်းခြင်း နှင့် အသုံးပြုခြင်းကို တားဆီးသည့် အပြည်ပြည်ဆိုင်ရာစံချိန်စံညွှန်းများကို ချိုးဖောက်သည့်အတွက် လေးကြိမ်ဆက်တိုက် အစီရင်ခံစာများတွင် နအဖ ကို နာမည်ထည့်သွင်းခဲ့သည်။

  • ကလေးများ နှင့် လက်နက်ကိုင် ပဋိပက္ခ၊ အတွင်းရေးမှူးချုပ်၏အစီရင်ခံစာ၊ ၂၆ အောက်တိုဘာ ၂၀၀၆ UN Doc. A/61/529 S2006/826
  • မြန်မာနိုင်ငံ ကလေးသူငယ်များနှင့် လက်နက်ကိုင်များ ပဋိပက္ခအပေါ် လုံခြုံရေးကောင်စီသို့တင်ပြသည့် အတွင်းရေးမှူးချုပ်၏အစီရင်ခံစာ၊ ၁၆ နိုဝင်ဘာ ၂၀၀၇၊ UN Doc. S/2007/666.
  • လုံခြုံရေးကောင်စီသို့တင်ပြသည့် ကလေးသူငယ်များနှင့်လက်နက်ကိုင်များပဋိပက္ခအပေါ် အတွင်းရေးမှူး ချုပ်၏အစီရင်ခံစာ၊ ၂၁ ဒီဇင်ဘာ ၂၀၀၇၊ UN Doc. A/62/609-S/2007/757.
  • မြန်မာနိုင်ငံကလေးသူငယ်များနှင့်လက်နက်ကိုင်များပဋိပက္ခအပေါ် အတွင်းရေးမှူးချုပ်၏အစီရင်ခံစာ ၁ ဇွန် ၂၀၀၉ UN Doc. S/2009/278.

အတင်းအကြပ်ပြောင်းရွှေ့ခြင်းပြင်ဆင်

လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ အစီရင်ခံထားသည်မှာ ၂၀၀၈ မေ နာဂစ်မုန်တိုင်းပြီးချိန်မှစ၍ မြန်မာအာဏာပိုင်များသည် ထောင်နှင့်ချီမဟုတ်သော်လည်း ရာနှင့်ချီသောနေရာမဲ့လူများကို ကျောင်းများ၊ ဘုန်းကြီးကျောင်းများ နှင့် အများပိုင်အဆောက်အအုံများမှ ဖယ်ရှားခဲ့ပြီး၊ ထိုသူတို့ကို ဧရာဝတီမြစ်ဝကျွန်းပေါ် ရှိ ပျက်စီးနေသည့် ၎င်းတို့၏ရွာများသို့ပြန်ရန် တိုက်တွန်းခဲ့သည်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းသည် ဆန္ဒခံယူပွဲကို ရက်ရွှေ့ဆိုင်းပေးရန် နှင့် လူသားချင်းစာနာထောက်ထားမှုကယ်ဆယ်ရေး အပေါ် ၎င်းတို့၏အရင်းအမြစ်များ ချိန်ဆရန် တို့အတွက် မေတ္တာရပ်ခံတောင်းဆိုခဲ့သော်လည်း၊ အာဏာပိုင်များသည် အခြေခံဥပဒေအသစ် ဆန္ဒခံယူပွဲ မဲရုံလုပ်ရန်အတွက် အချို့သော အများပိုင်အဆောက်အအုံများ နှင့် ကျောင်းများကို ရှင်းလင်းထားခဲ့သည်။ ထိုစဉ်အခါ၌ နအဖသည် ယခင်မြို့တော်ရန်ကုန်အနီးတစ်ဝိုက်ရှိ ဒါဇင်ပေါင်းများစွာရှိသော အစိုးရလုပ်ကိုင်နေသည့် ကယ်ဆယ်ရေးရွက်ဖျင်တဲများမှ ဒုက္ခသည်များအား နှင်ထုတ်ခဲ့ကြပြီး၊ ၎င်းတို့ကြုံတွေ့နေရသည့်အခက်အခဲတို့ကို အလေးမမူတော့ပဲ မိမိတို့အိမ်သို့ ပြန်ကြရန် အမိန့်ပေးခဲ့သည်။

အတင်းအကြပ်နှင်ထုတ်ခြင်းသည် အရေးပေါ်ကယ်ဆယ်ရေးကာလ ပြီးဆုံးသွားသည်နှင့် နိုင်ငံခြားအကူအညီမလိုပဲ လေဘေးသင့်လူအများသည် ၎င်းတို့၏ဘဝများကို ၎င်းတို့ပြန်လည်တည်ဆောက်နိုင်ပြီ ဆိုသည်များကို ပြသရန် အစိုးရ၏ကြိုးပမ်းအားထုတ်မှုတစ်ပိုင်းဖြစ်သည်။ နာဂစ်မုန်တိုင်းကြောင့် အိုးအိမ်မဲ့ဖြစ်ရသူများသည် အပြည်ပြည်ဆိုင်ရာဥပဒေအောက်တွင် နိုင်ငံအတွင်းရွှေ့ပြောင်းရသူများဟု နားလည်သိရှိထားသည်။ နိုင်ငံအတွင်းရွှေ့ပြောင်းရခြင်းအပေါ် ကုလသမဂ္ဂလမ်းညွှန်စည်းမျဉ်းများ အောက်တွင် မြန်မာအစိုးရသည် နိုင်ငံအတွင်းရွှေ့ပြောင်းရသူများ မိမိတို့၏အိမ်သို့ ပြန်ရန် သို့မဟုတ် နေထိုင်နေကျနေရာများသို့ပြန်ရန် သို့မဟုတ် နိုင်ငံ၏အခြားသောနေရာတွင် ဆန္ဒအလျှောက် အခြေချနေထိုင်ရန် တို့အတွက် စိတ်ချလက်ချနှင့်သိက္ခာရှိရှိ ဆန္ဒအလျှောက်ဖြစ်စေရမည့် အခွင့်အရေးကို သေချာမှုဖြစ်စေရမည်။

အတင်းအကြပ်ခိုင်းစေမှုများပြင်ဆင်

အဆိုးရွားဆုံး အတင်းအကြပ်ခိုင်းစေမှုအချို့ကို မြန်မာအရှေ့တောင်အရပ်မှ အစီရင်ခံခဲ့သည်။ ထိုနေရာတွင် ဒေါ်လာဘီလီယံနှင့်ချီသော ဓာတ်ငွေ့ပိုက်လိုင်းကို အမေရိကန် ယူနိုကယ် (UNOCAL) နှင့် ပြင်သစ် တိုတယ် (TOTAL) ရေနံကုမ္ပဏီများ ပူးပေါင်းအဖွဲ့နှင့် မြန်မာအစိုးရတို့ တည်ဆောက်ခဲ့ကြသည်။ အတင်းအကြပ်ခိုင်းစေမှုကို ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးစီမံကိန်းများတွင်လည်း သုံးစွဲခဲ့သည်။ ၁၉၉၇ မတ်လ တွင် ဥရောပသမဂ္ဂသည် အတင်းအကြပ်အလုပ်ခိုင်းစေမှု နှင့် အခြားသောချိုးဖောက်မှုများ ကြီးထွားလာသည့်အတွက်ကြောင့် မြန်မာနိုင်ငံအား ပေးထားသည့် ကုန်သွယ်ရေးအထူးအခွင့်အရေးကို ရုပ်သိမ်းသွားခဲ့သည်။

နိုင်ငံရေးအကျဉ်းချထားမှုပြင်ဆင်

၂၀၀၇ ဩဂုတ်လတွင် အကြီးအကျယ်ဆန္ဒပြမှုများ မစတင်ခဲ့မှီအချိန်၌ အာဏာပိုင်များသည် နိုင်ငံရေးအပေါ်အခြေပြု၍ အစိုးရနှင့်ဆန့်ကျင်သူ နာမည်ကြီးများကို ဖမ်းဆီးခဲ့ပြီး၊ ထိုသူတို့အနက်မှ များစွာသောသူများကို လများစော၍ အကျဉ်းထောင်မှ လွှတ်ပေးခဲ့သည်။ ၂၅-၂၉ စက်တင်ဘာ ဖြိုခွဲနှိမ်နင်းမှုမတိုင်မှီ ဆန္ဒပြပွဲများစီစဉ်သည်နှင့်တစ်ပြိုင်နက်တည်း အတိုက်အခံပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏အဖွဲ့ဝင်များကို ပိုမိုဖမ်းဆီးခဲ့ပြီး၊ ယင်းကိစ္စကို ဖြိုခွင်းနှိမ်နင်းမှုမတိုင်မှီ ကြိုတင်ရှင်းလင်းခြင်းလုပ်ရပ်အဖြစ် လူအများက ရှုမြင်ခဲ့ကြသည်။ ဖြိုခွဲနှိမ်နင်းမှုကာလအတွင်းမှာပင် လူစုလူဝေး စုရုံးမှုများ ဖြစ်ပွားခဲ့ပြီး အာဏာပိုင်များသည် ၂၀၀၇ တစ်လျှောက်လုံး ဆန္ဒပြသူများနှင့်ထောက်ခံသူများကို ဆက်တိုက် လိုက်လံဖမ်းဆီးခဲ့သည်။ ၃၀၀၀ နှင့် ၄၀၀၀ အကြား ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအပါအဝင် နိုင်ငံရေးအကျဉ်းသားများကို ထိန်းသိမ်းထားခဲ့ပြီး၊ ထိုသူတို့အနက်မှ ၇၀၀ သည် နှစ်ကုန်အထိ ဆက်လက်ထိန်းသိမ်းခံထားရသည်ဟု ယုံကြည်ရသည်။ အနည်းဆုံးလူ ၂၀ သည် အပြည်ပြည်ဆိုင်ရာမျှတမှုခုံရုံးစံချိန်စံညွှန်းများနှင့် မကိုက်ညီသည့် အကြမ်းဖက်မှုနှိမ်နင်းရေးဥပဒေဖြင့် တရားစွဲဆိုပြီး စီရင်ချက်ချခဲ့သည်။ ထိန်းသိမ်းခံရသူများနှင့် ကာကွယ်ပေးသူများသည် တရားဥပဒေဆိုင်ရာအခွင့်အရေးများကို ငြင်းပယ်ခြင်းခံခဲ့ရသည်။[၄]


၂၀၂၁ မြန်မာနိုင်ငံအာဏာသိမ်းခံရခြင်း


၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့တွင် မြန်မာနိုင်ငံ၌ အာဏာသိမ်းယူမ၍ဖြစ်ပွားခဲ့သည်။ မနက်ပိုင်းအချိန်တွင် တပ်မတော်သည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်အပါအဝင် အခြားသောပါတီဝင်များကို ဖမ်းဆီးခဲ့သည်။ ထို့နောက် ယာယီသမ္မတဦးမြင့်ဆွေသည် နိုင်ငံ‌တော်အရေးပေါ်အခြေအနေကို ကြေညာခဲ့ပြီး တပ်မ‌တော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ အာဏာလွှဲပြောင်းခဲ့သည်။ အာဏာသိမ်းယူမှု ဖြစ်ပွားပြီး မကြာမီတွင် ဒေါ်အောင်ဆန်းစုကြည်ကို ဝေါ်ကီတော်ကီပိုင်ဆိုင်မှုဖြင့်လည်းကောင်း၊ ဦးဝင်းမြင့်ကို ကိုဗစ်ကာလ၌ ကျန်းမာရေးထုတ်ပြန်ချက်များကို မလိုက်နာခြင်း‌ကြောင့်ဟု စွပ်စွဲ၍ လည်းကောင်း တရားစွဲဆိုခဲ့သည်။ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်အားလည်း ကျန်းမာရေးဆိုင်ရာထုတ်ပြန်ချက်များကို မလိုက်နာခြင်းကြောင့်ဟု စွပ်စွဲကာ ထပ်မံတရားစွဲခဲ့ပြန်သည်။၂၀၂၁ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့ထိ စစ်အစိုးရအားဆန့်ကျင်သူများအား အာဏာသိမ်းစစ်ကောင်စီမှ အကြမ်းဖက်ဖြိုခွင်းပစ်ခတ်ဖမ်းဆီးခြင်း ညှင်းပန်းနှိပ်စက်ခံရခြင်းတို့ကြောင့် သေဆုံးသူ ၉၂၀ ကျော်ရှိပြီး ဖမ်းဆီးခံရသူ၆၈၀၀ကျော်ရှိသည်ဟု AAPPနှင့် နိုင်ငံတကာသတင်းဌာနများနှင့် ပြည်တွင်းသတင်းဌာနများတွင်တွေ့ရသော်လည်း အာဏာသိမ်းစစ်ကောင်စီမှာငြင်းဆန်နေဆဲဖြစ်သည်။

ဖြစ်ရပ်များ


၂၀၂၁ခုနှစ် ​ဖေ​ဖော်ဝါရီ ၁ရက်​နေ့တွင် ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နှင့် အခြားသောပါတီခေါင်းဆောင်များကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ပြောရေး‌ဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ဆိုသည်။ မိမိကိုလည်း တပ်မတော်မှ လာရောက် ဖမ်းဆီးနိုင်ချေ ရှိကြောင်းလည်းပြောဆိုခဲ့သည်။ ထို့အပြင် အင်တာနက်လိုင်းနှင့်ဖုန်းလိုင်းများမှာလည်း ရုတ်တရက်ပျောက်ဆုံးသွားလေသည်။

ရွေးကောက်ခံကိုယ်စားလှယ်များ အယောက် ၄၀၀ ခန့်ကို နေပြည်တော်ရှိ စည်ပင်ဧည့်ရိပ်သာ၌ အကျယ်ချုပ်ချခဲ့သည်။ ထိုအခါ NLD သည် ထိုဖမ်းဆီးခံရသောသူတို့အား ဖေဖော်ဝါရီလ ၆ ရက်နေ့အထိ နေထိုင်နိုင်အောင်စီစဉ်ပေးခဲ့သည်။ ဆိုရှယ်မီဒီယာအသုံးပြုသူများသည် ထိုကိုယ်စားလှယ်များကိုရိပ်သာအတွင်း၌သာ လွှတ်တော်အစည်းအဝေးစတင်ရန် ပြောဆိုခဲ့ကြသည်။ သို့ဖြစ်ရာတပ်မတော်သည် ထိုကိုယ်စားလှယ်များအား ၂၄ နာရီအတွင်း စည်ပင်ဧည့်ရိပ်သာမှ ထွက်ခွာရန်အမိန့်ပေးခဲ့သည်။ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် NLD လွှတ်တော်အမတ်အယောက် ၇၀ တို့သည် စစ်အစိုးရကိုဆန့်ကျင်သောအားဖြင့် လွတ်တော်အစည်းအဝေးစတင်သကဲ့သို့ သစ္စာဆိုကတိပြုခဲ့ကြသည်။

ထို့အပြင် တပ်မတော်သည် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့ကြသော မြဝ‌တီမင်းကြီးကျောင်း ဆရာတော်နှင့် ရွှေညဝါဆရာတော်တို့အား ဖမ်းဆီးခဲ့သည်။ ရှစ်လေးလုံးတွင်ပါဝင်ခဲ့သူ ကိုမြအေးအားလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (Assistance Association for Political Prisoners) အဖွဲ့၏အဆိုအရ လွှတ်တော်အမတ် ၁၃၃ ဦးနှင့် ပြည်သူလှုပ်ရှားမှုအတွက်တက်ကြွသူ ၁၄ ဦးတို့ကိုဖမ်းဆီးထားသည်။ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအနီးတွင် ပိတ်ဆို့ထားစဉ် မြန်မာစစ်တပ်မှ သံချပ်ကာကားလှည့်လည်နေသည်ကို တွေ့ရစဉ်

နေပြည်တော်နှင့် ရန်ကုန်မြို့များတွင် တပ်မတော်စစ်သားများကို တွေ့မြင်ခဲ့ရသည်။ နံနက် ၁၀နာရီခန့်မှစ၍ မြဝတီရုပ်မြင်သံကြားမှစစ်တပ်သည်တိုင်းပြည်ကို စတင်အုပ်ချုပ်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ ဒုသမ္မတဦးမြင့်ဆွေသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တရားဝင်အာဏာလွှဲပြောင်းမှုမရှိသော်လည်း ယာယီသမ္မတဖြစ်လာခဲ့ပြီး ၁ ရက် ၂ လ ၂၀၂၁ ခုနှစ်တွင် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အခန်း(၁၁) ပုဒ်မ ၄၁၇အရ နိုင်ငံတော်ကိုအရေးပေါ်အခြေအနေအဖြစ်ကြေညာခဲ့ပြီး ပုဒ်မ ၄၁၈ အရ နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးတို့ကို ဗိုလ်ချုပ်မှူးကြီး‌မင်းအောင်လှိုင်အား အာဏာလွှဲပြောင်းခဲ့သည်။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည်တိုင်းပြည်ကို တစ်နှစ်မျှ အုပ်ချုပ်မည်ဖြစ်ကြောင်းနှင့် စစ်ဆေးဆောင်ရွက်ရန်ရှိသည်များဆောင်ရွက်ပြီး သည့်နောက် နိုင်ငံတော်သမ္မတ အား ပုဒ်မ ၄၂၂ အရ အာဏာ ပြန်လည်လွှဲအပ်ပြီးနောက် (၆) လအတွင်း ရွေးကောက်ပွဲကို ပြန်လည်ကျင်းပမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ညပိုင်းတွင် တပ်မတော်သည် ပြည်​ထောင်စုဝန်ကြီးအသစ် ၁၁ ဦး ကို ခန့်အပ်ကြောင်းကြေညာခဲ့သည်။ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ဗိုလ်ချုပ်မင်းအောင်လှိုင်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းခဲ့သည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်ကို ရဲတပ်ဖွဲ့ကဝင်စီးခဲ့ရာ ‌သူမအားနိုင်ငံခြားမှဆက်သွယ်ရေးကိရိယာများ (ICOM စကားပြောစက် ၁၀ လုံးနှင့် Jumber တစ်လုံး) ကို တရားမဝင်တင်သွင်းသည်ဟု တရားစွဲ၍ရမန်ယူခဲ့သည်။ ထိုအမှု၏ပြစ်ဒဏ်သည် ထောင်ဒဏ် ၃ နှစ် အပြင် ဒဏ်ကြေးပါပေးဆောင်ရမည်ဖြစ်သည်။ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်အား ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ နေပြည်တော်တွင် ပြုလုပ်ခဲ့သော Car Campaign တွင် လက်ပြနှုတ်ဆက်ခဲ့သည်ကို လူစုလူဝေးပြုလုပ်သည်ဟူ၍ လည်းကောင်း၊ မဲဆွယ်စည်းရုံးရေး ကာလများတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက် ဥပဒေစည်းကမ်းများကို လိုက်နာရန် ပျက်ကွက်သည်ဟူ၍ လည်းကောင်း သဘာဝဘေးအန္တရာယ်ကာကွယ်ရေး ဥပဒေဖြင့် တရားစွဲ၍ရမန်ယူခဲ့သည်။

ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ဩစတြေးလျန်းလူမျိုး စီးပွားရေးအကြံပေးဖြစ်သူ ရှော(န်) တားနဲလ် (Sean Turnell) အားဖမ်းဆီးခဲ့သည်။

ဖေဖော်ဝါရီလ ၈ ရက်နှင့် ၉ ရက်တို့တွင် တပ်မတော်သည် ညအပြင်မထွက်ရနှင့် လူ ၅ ဦးနှင့်အထက် စည်းဝေးခြင်းမပြုရအမိန့်တို့ကို ကြေညာခဲ့သည်။

ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် မြန်မာ့ရဲတပ်ဖွဲ့သည် ရန်ကုန်မြို့ရှိ NLD ရုံးချုပ်ကို ဝင်ရောက်စီးနင်းခဲ့သည်။ ထို့အပြင်တပ်မတော်သည် ဆိုက်ဘာဥပဒေမူကြမ်းကိုရေးဆွဲခဲ့သည်။ ထိုဥပဒေမူကြမ်းကို နည်းပညာသမားများသည် လူ့အခွင့်အရေးကိုချိုးဖောက်သည်ဟုဆိုကာ အပြင်းအထန်ရှုတ်ချခဲ့သည်။ မြန်မာ့အင်တာနက်အတွင်း firewall ကို တရုတ်မှကူညီ၍ တည်ဆောက်မည့်အကြောင်းကို သံသယဖြစ်လာခဲ့ကြသဖြင့် တရုတ်သံရုံးရှေ့တွင် ဆန္ဒပြခဲ့ကြသည်။ သို့သော်တရုတ်သည် ထိုအကြောင်းကို ကောလဟာလဟူ၍ငြင်းပယ်ခဲ့သည်။

ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ကယားပြည်နယ်၌ ရဲသားများသည်လည်း ဆန္ဒပြသူများနှင့် ပူးပေါင်းပါဝင်ခဲ့ကြသည်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ညသန်းခေါင်အချိန်၌ တပ်မတော်နှင့်မြန်မာ့ရဲတပ်ဖွဲ့သည် အစိုးရဝန်ထမ်းများ၊ ရွေးကောက်ပွဲကော်မရှင်ဝန်ထမ်းများ၊ NLD အဖွဲ့ဝင်များ၊ ဆန္ဒပြသူများနှင့် အငြိမ်းစားဗိုလ်ချုပ်ကြီးသူရဦးရွှေမန်းကို ဖမ်းဆီးခဲ့သည်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် စစ်အစိုးရမှသတင်းမီဒီယာအား "အာဏာသိမ်းအစိုးရ" (အင်္ဂလိပ်အားဖြင့် "junta"၊ "regime") စသောအခေါ်အဝေါ်များကို အသုံးမပြုရန်တားမြစ်ခဲ့သည်။ ထို့အပြင်မင်းကိုနိုင်အားလည်း ဖေ့စဘွတ်ပေါ်တွင်ပို့စ်များရေးတင်ခဲ့ရာ နိုင်ငံတော်ငြိမ်ချမ်းရေးကို ထိခိုက်စေသည်ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် တပ်မတော်သည် ပြည်သူများအားဖိနှိပ်ရန် တင့်ကားများ၊ သံချပ်ကာကားများစသည်တို့ကို မြို့ကြီးများတစ်ခွင်ပို့ချထားသည်။ ပြည်သူများသည် ​ဒေါ်အောင်ဆန်းစုကြည်အားလွှတ်ပေးရန် ဆက်လက်ဆန္ဒပြခဲ့ကြသည်။ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် တပ်မတော်သည် ‌ဒေါ်အောင်ဆန်းစုကြည်အား ထပ်မံတရားစွဲရမန်ယူခဲ့သည်။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ဆယ်လီဘရစ်တီ (နာမည်​​ကျော်) ၆ ဦးအား CDM ပြုလုပ်ရန်လှုံ့ဆော်မှုကြောင့် ဖမ်းဆီးခဲ့သည်။

၂၀၂၁ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ကုလသမဂ္ဂမြန်မာသံအမတ် ဦးကျော်မိုးထွန်းသည် စစ်အာဏာသိမ်းပိုက်မှုကို ငြင်းဆန်ကြောင်းပြောကြားခဲ့သည်။ နောက်နေ့တွင် တပ်မ‌တော်မှသူ့အား ရာထူးနေရာမှ ဖြုတ်ချခဲ့သည်။ စမ်းချောင်းမြို့နယ် ရဲစခန်းမှ ဂျပန်သတင်းထောက် ယူကီ ကီတာဇူမီ (Yuki Kitazumi) အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး နာရီအနည်းငယ်အကြာတွင် ပြန်လွှတ်ပေးခဲ့သည်။

၂၀၂၁ မတ်လ ၈ ရက်တွင် MRTV သည် မစ္ဈိမ၊ Myanmar Now၊ DVB၊ 7 Day News နှင့် ခေတ်သစ်မီဒီယာ ဟူသောသတင်းမီဒီယာတို့ကို ထုတ်ဝေခွင့်ပိတ်ပင်ခဲ့သည်။

မတ်လ ၉ ရက်နေ့တွင် ယူကေသံအမတ် ကျော်စွာမင်းသည် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန်တောင်းဆိုမှုကြောင့် မြန်မာနိုင်ငံသို့ ပြန်ခေါ်ခြင်းခံခဲ့ရသည်။

နိုင်ငံတော်သမ္မတအား ထိန်းသိမ်းခြင်းပြင်ဆင်

၂၀၂၁ခုနှစ် အောက်တိုဘာလတွင် တရားရုံး၌ ဦးဝင်းမြင့်၏ ထွက်ဆိုချက်များအရ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ရက်နေ့ နံနက် (၅)နာရီခန့်တွင် သမ္မတအိမ်တော်ရှိ အိပ်ခန်းသို့ စစ်သားများက တံခါးလာခေါက်ခဲ့သည်။ ထိုအချိန်တွင် အိမ်တော်အတွင်း အကြမ်းဖက်တိုက်ဖျက်ရေးဝတ်စုံများ ဝတ်ဆင်ထားသော စစ်သားများ ရောက်ရှိနှင့်နေပြီဖြစ်သည်။ ထို့နောက် စစ်သားများက အိမ်တော်အရှေ့ပိုင်းရှိ သမ္မတရုံးခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။ ထို့နောက် ဗိုလ်ချုပ်ကြီး (သို့မဟုတ်) ဒုတိယဗိုလ်ချုပ်ကြီး အဆင့်ရှိသူတစ်ဦးမှ ကျန်းမာရေးအကြောင်းပြ၍ ရာထူးမှနုတ်ထွက်ပေးရန် တောင်းဆိုခဲ့သည်။ သမ္မတမှ ငြင်းဆိုသဖြင့် အနောက်ပိုင်းရှိ အိမ်တော်သို့ ပြန်ပို့ခဲ့သည်။ ထို့နောက် သမ္မတနှင့် မိသားစု၏ လက်ကိုင်ဖုန်းများကို သိမ်းဆည်းလိုက်ကြသည်။ ထိုနေ့ နေ့လယ်ပိုင်းတွင် သမ္မတအိမ်တော်မှ (၃)ရက်အတွင်း ဖယ်ရှားရန် ပြောခဲ့သည်။ ဖေဖော်ဝါရီ (၄)ရက်နေ့ညတွင် သမ္မတအိမ်တော်အနီးရှိ ဝန်ကြီးအိမ်တော်များမှ တစ်လုံးတွင် နေရာချပေးခဲ့ပြီး ၂၀၂၁ခုနှစ် မေလ (၂၃)ရက်နေ့တွင် နောက်ထပ်နေရာတစ်ခုသို့ ရွှေ့ပြောင်းခဲ့သည်။

အင်တာနက်ဖြတ်တောက်မှုပြင်ဆင်


ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် တပ်မတော်သည် ဖေ့စဘွတ်လူမှုကွန်ရက်ကို "တိုင်းပြည် တည်ငြိမ်လို‌သောကြောင့်" ဖေဖော်ဝါရီ ၇ ရက်နေ့အထိပိတ်ပင်ရန် အင်တာနက်ပေးစွမ်းသူများကို အမိန့်ပေးခဲ့သည်။ MPT သည်လည်း Facebook messenger၊ အင်စတာဂရမ် နှင့် WhatsApp တို့ကိုပိတ်ပင်ခဲ့သည်။ တယ်လီနောကမူ ဖေ့စဘွတ်ကိုသာ ပိတ်ပင်ခဲ့သည်။ ဖေ့စဘွတ်ကို ပြည်သူများမလိုက်နာခြင်းလှုပ်ရှားမှု ပြုလုပ်ရန်အတွက်အသုံးပြုခဲ့ကြသည်။ ဖေ့စဘွတ်အပိတ်ပင်ခံရသောအခါ အသုံးပြုသူများသည် တွစ်တာသို့ပြောင်းရွှေ့လာခဲ့ရာ #RespectOurVotes၊ #HearTheVoiceofMyanmar၊ #SaveMyanmar. စသည်တို့ကိုရေးခဲ့ကြသည်။ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် တပ်မတော်သည် တွစ်တာကိုပါပိတ်ပင်ခဲ့သည်။ ဖေဖော်ဝါရီလ ၆ ရက်တွင် အင်တာနက်ဝန်ဆောင်မှုကို ပိတ်ပင်ခဲ့သည်။ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ကုလသမဂ္ဂမှ အင်တာနက် ပြန်ဖွင့်ပေးရန် တောင်းဆိုခဲ့သောကြောင့် အင်တာနက် လိုင်းများကိုနေ့လယ်တွင်ပြန်ဖွင့်ပေးခဲ့သည်။ သို့သော် လူမှုကွန်ရက်များကိုမူ ဆက်လက်ပိတ်ပင်ထားသည်။ ဖေဖော်ဝါရီလ ၁၅ ရက်မှစ၍ အင်တာနက်ဝန်ဆောင်မှုကို မနက် ၁ နာရီမှ ၉ နာရီအထိပိတ်ပင်ခဲ့သည်။ စစ်အစိုးရ၏ အင်တာနက်နှင့်ပတ်သက်ပြီး နေ့စွဲအလိုက်စေခိုင်းမှုများကို တယ်လီနော မြန်မာ မှ ထုတ်ဖော်ပြောကြားခဲ့သည်။

နောက်ဆုံးမြန်မာနိုင်ငံ၏ အခြေအနေ


၂၀၂၁ ခုနှစ် ၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှ စတင်၍ ယနေ့အချိန်ထိ စစ်ကောင်စီသည် လူ့အခွင့်အရေးချိုးဖောက်မှုများကို အကြိမ်ကြိမ်ချိုးဖောက်လျက်ရှိသည်။ ပြည်သူများအားညှင်းပန်းနှိပ်စက်ခြင်း ၊ ကားဖြင့်တိုက်ြခင်း ၊ စနိုက်ဘာဖြင့်ပစ်ခတ်အသေသတ်ြခင်း ၊ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့များနှင့် ချိတ်ဆက်၍ ပြည်သူများအား ‌ခေါင်းဖြတ်သတ်ခြင်းများကို ကျူးလွန်လျက်ရှိသည်။

မြန်မာ အစိုးရအဖွဲ့ဝင်များ


ရုံး အမည် စတင်၍
ဝန်ကြီးချုပ် သိန်းစိန်၊ ဗိုလ်ချုပ်ကြီး
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဌေးဦး၊ ဗိုလ်ချုပ်
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန တင်နိုင်သိန်း၊ ဗိုလ်မှူးချုပ်
ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန သိန်းဇော်၊ ဗိုလ်မှူးချုပ်
ဆောက်လုပ်ရေး ဝန်ကြီးဌာန စောထွန်း၊ ဗိုလ်ချုပ်
သမဝါယမ ဝန်ကြီးဌာန တင်ထွဋ်၊ ဗိုလ်ချုပ်
ယဉ်ကျေးမှု ဝန်ကြီးဌာန ခင်အောင်မြင့်၊ ဗိုလ်ချုပ်
ကာကွယ်ရေး ဝန်ကြီးဌာန သန်းရွှေ၊ ဗိုလ်ချုပ်မှူးကြီး
ပညာရေး ဝန်ကြီးဌာန ချမ်းငြိမ်း၊ ဒေါက်တာ
အမှတ်(၁)လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဇော်မင်း၊ ဗိုလ်မှူးကြီး
အမှတ်(၂)လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ခင်မောင်မြင့်၊ ဗိုလ်ချုပ်
စွမ်းအင် ဝန်ကြီးဌာန လွန်းသီ၊ ဗိုလ်မှူးချုပ်
ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာန လှထွန်း၊ ဗိုလ်ချုပ်
နိုင်ငံခြားရေး ဝန်ကြီးဌာန ဉာဏ်ဝင်း, ဗိုလ်ချုပ်
သစ်တောရေးရာ ဝန်ကြီးဌာန သိန်းအောင်, ဗိုလ်မှူးချုပ်
ကျန်းမာရေး ဝန်ကြီးဌာန ကျော်မြင့်, ဒေါက်တာ
ပြည်ထဲရေး ဝန်ကြီးဌာန မောင်ဦး, ဗိုလ်ချုပ်
ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန စိုးနိုင်, ဗိုလ်ချုပ်
လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန စောလွင်, ဗိုလ်ချုပ်
အမှတ်(၁)စက်မှု ဝန်ကြီးဌာန အောင်သောင်း၊ ဦး
အမှတ်(၂)စက်မှု ဝန်ကြီးဌာန စိုးသိန်း, ဒုတိယဗိုလ်ချုပ်ကြီး
ပြန်ကြားရေး ဝန်ကြီးဌာန ကျော်ဆန်း, ဗိုလ်မှူးချုပ်
အလုပ်သမား ဝန်ကြီးဌာန အောင်ကြည်၊ ဦး
မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန မောင်မောင်သိန်း, ဗိုလ်မှူးချုပ်
သတ္တုတွင်း ဝန်ကြီးဌာန အုန်းမြင့်, ဗိုလ်မှူးချုပ်
အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန စိုးသာ၊ ဦး
နယ်စပ်ဒေသ တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စည်ပင်သာယာရေး ဝန်ကြီးဌာန သိန်းညွှန့်, ဗိုလ်မှူးကြီး
ရထားပို့ဆောင်ရေး ဝန်ကြီးဌာန အောင်မင်း, ဗိုလ်ချုပ်
သာသနာရေး ဝန်ကြီးဌာန သူရမြင့်မောင်, ဗိုလ်မှူးချုပ်
သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန သောင်း၊ ဦး
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန မောင်မောင်ဆွေ, ဗိုလ်ချုပ်
အားကစား ဝန်ကြီးဌာန သူရအေးမြင့်, ဗိုလ်မှူးချုပ်
ပို့ဆောင်ရေး ဝန်ကြီးဌာန သိန်းဆွေ, ဗိုလ်ချုပ်

အစိုးရဝန်ကြီးဌာနများနှင့် အခြားအစိုးရဌာနများပြင်ဆင်

  1. ကာကွယ်ရေး ဝန်ကြီးဌာန
  2. ကျန်းမာရေး ဝန်ကြီးဌာန
  3. စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန
  4. စွမ်းအင် ဝန်ကြီးဌာန
  5. ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန
  6. ဆောက်လုပ်ရေး ဝန်ကြီးဌာန
  7. နယ်စပ်ဒေသ တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စည်ပင်သာယာရေး ဝန်ကြီးဌာန
  8. နိုင်ငံခြားရေး ဝန်ကြီးဌာန
  9. ပညာရေး ဝန်ကြီးဌာန
  10. ပို့ဆောင်ရေး ဝန်ကြီးဌာန
  11. ပြည်ထဲရေး ဝန်ကြီးဌာန
  12. ပြန်ကြားရေး ဝန်ကြီးဌာန
  13. ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာန
  14. မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန
  15. ယဉ်ကျေးမှု ဝန်ကြီးဌာန
  16. ရထားပို့ဆောင်ရေး ဝန်ကြီးဌာန
  17. လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန
  18. လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန
  19. လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန
  20. သမဝါယမ ဝန်ကြီးဌာန
  21. သာသနာရေး ဝန်ကြီးဌာန
  22. သစ်တောရေးရာ ဝန်ကြီးဌာန
  23. သတ္တုတွင်း ဝန်ကြီးဌာန
  24. သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန
  25. ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန
  26. အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန
  27. အမှတ်(၁)စက်မှု ဝန်ကြီးဌာန
  28. အမှတ်(၂)စက်မှု ဝန်ကြီးဌာန
  29. အမှတ်(၁)လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန
  30. အမှတ်(၂)လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန
  31. အလုပ်သမား ဝန်ကြီးဌာန
  32. အားကစား ဝန်ကြီးဌာန
  33. စာရင်းစစ်ချုပ်ရုံး
  34. ရှေ့နေချုပ်ရုံး
  35. တရားရုံးချုပ်
  36. ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့ တို့ဖြစ်သည်။

ရည်ညွှန်းကိုးကားပြင်ဆင်

  1. [၂၀၁၁ ခုနှစ်၊ စကားရပ်များအစားထိုးခြင်းဆိုင်ရာဥပဒေ] |trans-chapter= requires |chapter= or |script-chapter= (အကူအညီ)၁။(ခ)၊ ၂။(က),  of ။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ။
  2. ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ (in my) (March 2018)။ “ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်စတင်ကျင်းပသည့် ၃၁-၁-၂၀၁၁ ရက်နေ့တွင် စတင်အာဏာတည်ခဲ့သည်။”
  3. မြန်မာ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ
  4. မြန်မာပြည်