ကွန်းဒေါလင်းတ (Condor) သည် ကမ္ဘာသစ်လင်းတ မျိုးစိတ် နှစ်မျိုးကို ခေါ်သောအမည် ဖြစ်သည်။ ကွန်းဒေါ ဟူသောအမည်သည် ကွီချာလူမျိုးများ၏ ဘာသာစကားမှ ဆင်းသက်လာသည်။ ကမ္ဘာ့အနောက်ခြမ်းရှိ ပျံသန်းနိုင်သော ငှက်များအားလုံး၌ အရွယ်အစားအကြီးမားဆုံးဖြစ်သည်။

ကွန်ဒေါ (သို့) ကွန်ဒေါလင်းတ
ပီရူးနိုင်ငံတောင်ပိုင်း ကိုလ်ကာကင်ညွန်ပေါ်တွင် ပျံဝဲနေသော ကွန်းဒေါလင်းတ
မျိုးရိုးခွဲခြားခြင်း
လောက:
မျိုးပေါင်းစု:
မျိုးပေါင်း:
မျိုးစဉ်:
မျိုးရင်း:
မျိုးစု

အန်းဒီးကွန်းဒေါလင်းတကို တောင်အမေရိကတိုက်ရှိ အန်းဒီးတောင်တန်းဒေသတွင် တွေ့ရသည်။ ကယ်လီဖိုးနီးယားကွန်းဒေါလင်းတကိုမူ မြောက်အမေရိကတိုက်ရှိ အမေရိကန်ပြည်ထောင်စုနှင့် မက္ကဆီကိုနိုင်ငံများ၏ အနောက်ဘက်ကမ်းရိုးတန်း တောင်တန်းများတွင်သာတွေ့ရသည်။