ပင်မမီနူးကို ဖွင့်ရန်
ထီးဖြူဆောင်းနတ် (ခေါ်) ကွမ်းဆော်ကြောင်ဖြူမင်း

ကွမ်းဆော်ကြောင်းဖြူမင်း သက္ကရာဇ် ၃၁၂ မှ ၃၃၃- ခုနှစ်ပြင်ဆင်

ကွမ်းဆောင်ကြောင်းဖြူမင်းသည် ပုဂံမင်းဆက် (၃၅)ဆက်မြောက် တန်နက်မင်း၏ သားတော်တစ်ပါးဖြစ်သည်။ အိမ်နိမ့် ၅၈ ၊ စည်းစိမ် ၂၂ ။ သက်တော် ၈ဝ ။ နံတော် တနင်္ဂနွေသား ဖြစ်သည်။

တောင်သူကြီးမင်းလက်ထက်တွင် ငယ်ရွယ်စဉ်က မိခင်ဖြစ်သူနှင့် အတူနေထိုင်ကြီးပြင်းခဲ့သည်။ အရွယ်ရောက်သော် ကွမ်းဆော်(အခွန်ကောက်ခံရ)သည့် အလုပ်ဖြင့် မင်းမှုထမ်းဖြစ်လာသည်။

(လယ်ကွင်း၊ယာကွင်းများကိုတိုင်းတာဆော်ဩြပီးအခွန်ကောက်) အလုပ်တာဝန်အရ နေ့စဉ် နန်းတွင်းသို့ အခစားဝင်ရသည်။ကွမ်းဆော်သည်ကြောင်းဖြူအရပ်တွင် နေထိုင်သည်။ထိုအရပ်သည် သုဝဏ္ဏသောတ=နဂါးပြည်သို့သွားသော နဂါးကြောင်း/ ရွှေကြောင်း ဟူ၏။ မိခင်သည် သား ကွမ်းဆော် အတွက်

စားမြိန်စာထုပ်ကို နေ့တိုင်း စီရင်ပေး၏။ ကွမ်းဆော်သည် စားမြိန်စာကို စောင်းချမ်းပင်ကြီးအောက်၌ ဖြေ၍ စားဦးတင်၏။ စောင်းချမ်းပင်စော့င်နတ်မှစ၍ နတ်၊နဂါးများကို အမျှ ‌​ဝေ၏။ နတ်တို့က အိမ်မက်ပေး၍ သရဏဂုံ၊ ငါးပါးသီလကို မြဲစွာဆောက်တည်၊ သစ္စာစကားကို မှန်အောင်သုံး၊ အနုဿတိဆယ်ပါးကို တနေ့ နှစ်ထောင် ရအောင်စီးဖြန်း-ဟုဆိုကြသည်။ နတ်တို့ ဆိုသည်မှ စ၍ အမြဲဆောက်တည်လေ၏။

ထိုစကားကို ထောက်၍ အနော်ရထာမတိုင်မီ ပုဂံပြည်၌ သာသနာတော် အလုံးစုံ မကွယ်ခဲ့ကြောင်း သိသာလှပါသည်။

တစ်ရက်တွင် "မင်းလောင်းပေါ်မည်" ဟူသောကောလဟာလပေါ်ထွက်လာပြီး ကွမ်းဆော်လုလင်လည်း မင်းလောင်းကြည့်ရန် နန်းတော်သို့ နံနက်စောစော ထွက်လာသည်။ လမ်းခရီးတွင် အဘိုးအိုယောင်ဆောင်ထားသည့် သိကြားမင်းနှင့် တွေ့ကာ အဘိုးအိုက မိမိလည်း မင်းလောင်းကြည့်ရန်လာခြင်း ဖြစ်ကြောင်းနှင့် မိမိပစ္စည်းများကို မင်းလောင်းကြိုသည့် နန်းတော်အဝင်ဝသို့ ယူဆောင်သွားပေးရန် ပြောဆိုသည်။ သို့ဖြင့် ကွမ်းဆော်သည် အဘိုးအိုပေးသည့် မကိုဋ်သရဖူ၊ အရိန္နမာလှံ နှင့် မြင်းဖြူတို့ကို စီးကာ မင်းလောင်းကြိုသည့် နန်းတော်ဝသို့ ထွက်လာခဲ့သည်။ အဆင်တန်ဆာဆန်းများ ဆင်မြန်းကာ မြင်းဖြူစီးလာသည့် ကွမ်းဆော်ကို လူအများမြင်လျှင် မင်းလောင်းဟု တစ်ညီတစ်ညွှတ်ထဲ လက်ခံရိုကျိုးသဖြင့် မင်းအဖြစ်ကိုရသည်။ တောင်သူကြီးမင်းလည်း နန်းတော်လေသာဆောင်မှ အရှိန်လွန်ပြုတ်ကျသဖြင့် ကွယ်လွန်သည်။

  • (အထက်ပါပါးစပ်ရာဇဝင်မှာ လူသိများသော အချင်းအရာဖြစ်သည်။ ထိုဇာတ်လမ်းကို ပြန်လည်သုံးသပ်ကြည့်လျှင် နန်းတော်တွင်းမှ တန်နက်မင်း၏ ကျွန်ရင်းများသော်လည်းကောင်း၊ တောင်သူကြီးမင်း၏ ညံ့ဖျင်းမှုကို သိမြင်သဖြင့် ဘုရင်သစ်တစ်ပါး တင်မြှောက်လိုသူတို့ကသော်လည်းကောင်း တန်နက်မင်းအဆက်အနွယ်ဖြစ်သည့် ကွမ်းဆော်ကို တစ်ဖက်လှည့်ဖြင့် နန်းတင်ရန် ကြိုးစားခြင်းဖြစ်သည်ဟု သုံးသပ်နိုင်သည်။)

အနော်ရထာမင်း၏ ခမည်းတော် နန်းတက်ပုံနှင့် နန်းဆင်းပုံ !

ပုဂံခေတ် မြန်မာ့သမိုင်းမှာ အနော်ရထာဆိုတဲ့အမည်နဲ့ လူသိများခဲ့ပေမယ့် သူကိုယ်တိုင် မွန်ဘာသာ / ပါဠိ / သက္ကတဘာသာများနဲ့ အုတ်ခွက်စာ ရေးထိုးတဲ့အခါမှာ (အနိရုဒ္ဓ) လို့ပဲ ရေးလေ့ရှိပါတယ် ။ အနော်ရထာရဲ့ နန်းသက်ကိုလည်း ကျန်စစ်သား(ထိလိုင်မင်း) ဖြစ်တဲ့ ခရစ်နှစ် ၁၀၈၄ ကို တည်ပြီး စောလူး(ဝဇြာဘရဏာ) အရ နန်းသက် (၇) ဖြစ်ပြီး ထိုမင်းဖြစ်သည့် နှစ်မှာ ၁၀၇၇ လို့ ယူတာဖြစ်တယ် ။ အနော်ရထာရဲ့ နန်းသက်က ဇာတာပုံ ရာဇဝင်အရ (၃၃)နှစ်ဖြစ်ပြီး ခရစ်နှစ် ၁၀၄၄ ဖြစ်မယ်လို့ ယူရပါတယ် ။ နန်းသက်နဲ့ ဆက်စပ်ပြီး ဇာတာတော်ပုံကို ယူရတဲ့ အကြောင်းကတော့ ကျန်စစ်သားကနေစပြီး ကျောက်စာပါအထောက်အထားနဲ့ ဇာတာတော်ပုံ အမှတ်အသား တိုက်ဆိုင်ညီညွတ်မှုများ ရှိလို့ပဲ ဖြစ်ပါတယ် ။ ဒါကြောင့် အနော်ရထာကို(၁၀၄၄ - ၁၀၇၇) လို့ မှတ်ယူရမှာဖြစ်တယ် ။

မှန်နန်းရာဇဝင်မှာ အနော်ရထာက ကွမ်းဆော်ကြောင်ဖြူမင်းနဲ့ မြောက်ပြင်သည်တို့ရဲ့ သားတော်ဖြစ်တယ်လို့ ပြဆိုတယ် ။ ကွမ်းဆော်ကြောင်ဖြူက တန်နက်မင်းရဲ့ သားတော်ဖြစ်တယ် ။ တန်နက်မင်းကို စလေငခွေးလုပ်ကြံပြီး မင်းပြုတဲ့အခါ တန်နက်မင်းရဲ့ မိဖုရားက စလေငခွေးရဲ့ မိဖုရားမလုပ်လိုတဲ့အတွက် ဝမ်းတွင်း ပဋိသန္ဓေနဲ့အတူ နန်းကဆင်းပြီး ပြေးတယ် ။ အဲ့ဒီ့နောက်ကြောင်ဖြူအရပ်မှာနေထိုင်ရင်း ကလေးမွေးဖွားတဲ့အတွက် ထိုကလေးမှာ ကြောင်ဖြူမင်းအမည် သွင်လာပါတယ် ။

အရွယ်ရောက်လာတော့ သူဟာ မင်းမျိုးက ဆင်းသက်လာသူဖြစ်ကြောင်း သိရပြီး တစ်ချိန် ခမည်းတော်အရိုက်အရာကို ရရပါမယ်လို့ ယုံကြည်ထားတယ် ။ နောက်တော့ နန်းတော်မှာ ကွမ်းဆော်အဖြစ်အမှုထမ်းနေတယ် ။ တစ်နေ့ ပုဂံမှာ မင်းလောင်းပေါ်မယ်လို့ ကျော်စောလာတယ် ။ ပုဂံသားတို့က မင်းလောင်းကို ပူဇော်ဖို့အတွက် တုရင်တောင်ကို သွားကြတယ် ။ ကွမ်းဆော်မင်းလည်း မင်းလောင်းကို ကြည့်လိုတဲ့အတွက် အလာမှာ (အမည်မသိ)လူတစ်ယောက်က သူ့ရဲ့ မြင်းနဲ့အတူ ပတ္တမြားဥသျှောင် / ပတ္တမြားလက်စွပ် / လှံ(အရိန္ဒမာလှံ) နဲ့ ဓားကို ကွမ်းဆော်မင်းဆီ ပေးလိုက်တယ်လို့ ဆိုတယ် ။ ကွမ်းဆော်လည်း အဲ့အရာတွေယူပြီး မင်းလောင်းကြည့်ဖို့ တုရင်တောင်ကို သွားခဲ့တယ် ။ အဲ့မှာပဲ ကွမ်းဆော်ကို မင်းလောင်းအဖြစ်နဲ့ မြင်ပြီး တင်မြှောက်လိုက်ကြပါတယ် ။ အဲ့မှာ စောရဟန်းမင်းက မိမိရှိနေပါလျက်နဲ့ ဘယ်သူက ဒီလို လုပ်သလဲဆိုပြီး အမျတ်ရှနေစဉ်မှာပဲ တံခါးဝက ရုပ်ထုကျိုးကျပြီး ဦးခေါင်းစိုက်ကျ နတ်ရွာစံခဲ့တော့တယ် ။

ညောင်ဦးစောရဟန်းမင်း နတ်ရွာစံတော့ မိဖုရား သုံးဦးကျန်ခဲ့တယ် ။ မိဖုရားကြီးကို တောင်ပြင် ။ အလတ်ကို အလယ်ပြင် ။ အငယ်ကို မြောက်ပြင်လို့ ခေါ်ပြီး ထိုအချိန်မှာ အကြီးနဲ့ အလတ်မိဖုရားဆီမှာ ကိုယ်ဝန်ကိုယ်စီနဲ့ကျန်ခဲ့တယ် ။ အငယ်တစ်ဦးပဲ ကိုယ်ဝန်မရှိပဲ ကျန်ခဲ့ပါတယ် ။ အနော်ရထာက မိဖုရားအငယ်ဖြစ်တဲ့ မြောက်ပြင်သည်ရဲ့ ဝမ်းက မွေးဖွားလာခဲ့တာ ဖြစ်ပါတယ် ။

ညောင်ဦးစောရဟန်းကွယ်လွန်ပြီးတဲ့နောက် ပုဂံထီးနန်းကို ကွမ်းဆော်မင်း နန်းတက်တယ် ။ ညောင်ဦးစောရဟန်းမင်းရဲ့ မိဖုရား သုံးယောက်ကိုပဲ မိဖုရားတင်မြှောက်ထားပါတယ်။

ညောင်ဦးစောရဟန်းရဲ့ သားတော်များဖြစ်ကြတဲ့ ကျည်စိုးနဲ့ စုက္ကတေးတို့ဟာ အရွယ်ရောက်လာတဲ့အခါ နန်းလုဖို့ကြံစည်ပြီး ဥပါယ်တံမျဉ်းပြုတယ် ။ ကျောင်းဆောက်ပြီး ကွမ်းဆော်မင်းကို ရေစက်ချဖို့ လျှောက်တယ် ။ ကွမ်းဆော်မင်းလဲ ယုံကြည်တဲ့အတွက် လာရောက်တဲ့အခါ ကျည်စိုးနဲ့ စက္ကတေးတို့က ဖမ်းပြီး ခြိမ်းခြောက်ကာ ရဟန်းပေးပြုလိုက်ကြတော့တယ် ။ ဒီလိုနဲ့ အနော်ရထာရဲ့ ခမည်းတော်ဟာ နန်းကျမင်း ဖြစ်သွားခဲ့ရပါတယ် ။

ကြောင်းဖြူမင်း(ဇာတ်မြုတ်နေထိုင်ရာ အရပ်ကို အစွဲပြု၍ခေါ်သောအမည်) သို့မဟုတ် ကွမ်းဆော်မင်း (လုပ်ကိုင်ခဲ့သောအလုပ်ကို အစွဲပြု၍ ခေါ်သောအမည်) ဖြစ်သည်။ ကွမ်းဆော်ကြောင်ဖြူသည် သက္ကရာဇ် ၃၂၆ တွင် ထီးနန်းရလေသည်။ နန်းတက်ပြီးသည့်နောက်တွင် တောင်သူကြီးမင်း တင်မြှောက်ခဲ့သော မိဖုရား ၃ပါး ကိုပင် မိဖုရား ဆက် တင်မြောက်ခဲ့ရာ တောင်ပြင်သည်မိဖုရား တွင် တောင်သူကြီးမင်း၏ ပဋိသန္ဓေပါလာလေရာ ကျဉ်စိုးကို ဖွားမြင်လေသည်။ ထို့အတူ အလယ်ပြင်သည် မိဖုရားတွင်လည်း တောင်သူကြီးမင်း၏ ပဋိသန္ဓေ ပါလာလေရာ စုက္ကတေးကို ဖွားမြင်လေသည်။ စုက္ကတေးထက် ကျဉ်စိုးမင်းသားက ၆-လကြီးသည်။ မြောက်ပြင်သည် မိဖုရား နှင့် ကြောင်ဖြူ မင်း တို့ မှ အနော်ရထာကို ဖွားမြင်လေသည်။ မိဖုရား ၃ပါးတို့ မှာ ညီအစ်မတော်ကြရာ ကျည်းစို၊ စုက္ကတေး နှင့် အနော်ရထာ တို့မှာ ဝမ်းကွဲ ညီအစ်ကို တော်စပ်ကြသည်။ စုက္ကတေးက ငယ်ရွယ်စဉ်ကပင် ပါးရည်နတ်ရည်ရှိသည်။ ကျဉ်စိုးမင်းသားသည် မိဖုရားကြီးမှ မွေးဖွားသောကြောင့် အရေးပါလှသည်။ ထို့ကြောင့် စုက္ကတေးသည် ကျဉ်စိုးမင်းသားထံ အမြဲချည်းကပ်သည်။

ကွမ်းဆော်ကြောင်းဖြူမင်း နန်းစံ ၂၂ နှစ်ရချိန်တွင် စုက္ကတေးမင်းသား၏ အကြံနှင့် ကျဉ်စိုးမင်းသားတို့ ပူးပေါင်းကာ ကျောင်းဆောင် တစ်ဆောင်(ကျောင်းအဖြူ) ဆောက်လုပ်လှူဒါန်းပြီး ကျောင်းတော် ရေစက်ချအလှူ၌ သာဓုခေါ်ပေးရန် မင်းကြီးကို ဖိတ်ကြားရာ ကွမ်းဆော်ကြောင်ဖြူမင်းလည်း ကြွရောက်လေသည်။ ကျောင်းအဖြူသို့ ရောက်လျှင် သီတင်းသုံးမည့် ပုဂ္ဂိုလ်မတွေ့သဖြင့်မေးရာ မင်းကြီးပင်ဖြစ်သည် ဟုဆိုကာ နန်းချလိုက်လေသည်။ သို့ဖြင့် ကွမ်းဆော်မင်းလည်း ထိုကျောင်းငယ်တွင်ပင် ရဟန်းဝတ်ဖြင့် နေထိုင်သွားရလေသည်။

  • (ကျောင်းအဖြူသို့ ပို့ကာနေစေသဖြင့် ကျောင်းဖြူမင်း ဟုခေါ်သည် ဟူသော အယူအဆ များလည်း ရှိပါသည်။)

ထို့နောက် သားတော် စုက္ကတေးက ထီးနန်းစိုးစံတော်မူသည်။ နောက်တွင် အနော်ရထာက စုက္ကတေးအား စီးချင်းထိုးကာ အနိုင်ရပြီးနောက် ဖခင်ဖြစ်သူအား နန်းအပ်သော်လည်း လက်မခံဘဲ သားဖြစ်သူ အနော်ရထာကိုသာ မင်းပြုစေသည် ဟုဆိုသည်။ [၁]

သက္ကရာဇ် ၆၇၅-ခု ရေး မြင်းကပါ ဂူပြောက်ငယ် မင်စာ တွင် က္လောင်ဖ္လူ (ကျောင်းဖြူ) မင်းအကြောင်းကို တွေ့ရသည်။ အရစ် နှင့် မရေးဘဲ လဆွဲအရစ်နှင့် ရေးသည်။ ဖြူသောကျောင်း ဟု အဓိပ္ပါယ်ရသည်။ [၂]

  • မှတ်ချက်။ ။သက္ကရာဇ်များကို ဦးကုလားရေးသော ရာဇဝင်ချုပ်စာအုပ်မှ အမှန်ယူ ရေးသားပါသည်။

ထီးဖြူဆောင်းနတ်သည် ပုဂံနော်ရထာမင်း၏ ခမည်းတော် ကွမ်းဆော်မင်း(၃၂၆-၃၄၈)ဖြစ် သည်။ ကြည်းစိုးနှင့်စုက္ကတေးမင်းတို့က ပုန်ကန်လှည့်စား၍ ရဟန်းပြုစေသဖြင့် ရဟန်းအဖြစ်နှင့် အနိစ္စရောက်ရာမှ နတ်ဖြစ်သည်ဟုဆိုသည်။ နတ်ရုပ်မှာပလ္လင်ခုံပြန့်ပေါ်တွင် တင်ပျဉ်ခွေလျက်၊ သင်္ကန်းဒူးကုဋ်တင်ဟန်နှင့်မိုးကြိုးသွားပုံ ဒေါက်ချာဆောင်းထားသည်။ ယာလက်ကသရဘတ် ကိုင်၍ (ယပ်ကိုင်၍) ဝဲလက်ကဒူးပေါ်ထောက်ထားသည်။ [၃]

ကိုးကားပြင်ဆင်

  1. တင်နိုင်တိုး ၏ ပုဂံရွှေပြည်မှ သူရဲကောင်းများ ၂၀၀၆-ခု၊ ဧပြီလ
  2. (ဗိုလ်မှူးဗရှင် ၏ တမ္ပဒီပ ဆောင်းပါး)
  3. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃) သုံးဆဲ့ခုနှစ်မင်း