ဒေါက်တာ ဒေါ်ခင်စီ(၁၉၁၉ မွေး)သည် မြန်မာ့ဆေးလောကတွင် ထူးချွန်သည့် မီးယပ်နှင့် သားဖွားဆရာဝန် တဦး ဖြစ်သည်။ ၁၃ မတ် ၁၉၁၉ တွင် ပဲခူးမြို့၌ အရေးပိုင် ဦးသာညိုနှင့် ဒေါဧတို့က ဖွားသည်။[၁]

ပညာရေး ပြင်ဆင်ရန်

ဒေါက်တာ ဒေါ်ခင်စီသည် ဂျပ်ဆင်ကောလိပ် ကျောင်းသူဟောင်းများအသင်းဝင် ဖြစ်ပြီး၊ ၁၉၄၀ ပြည့်တွင် ရန်ကုန်တက္ကသိုလ်မှ အမ်ဘီဘီအက်စ်ဘွဲ့ ရရှိသည်။ ဘွဲ့ရပြီးနောက် လက်ထောက်ဆရာဝန် အဖြစ် ထမ်းဆောင်သည်။ ၁၉၄၈-၅၀ တွင် အမေရိကန်၌ မီးယပ်နှင့် သားဖွားပညာ ဘွဲ့လွန်သင်တန်း တက်သည်။ ၁၉၅၆-၅၈ တွင် အင်္ဂလန်၌ ဘွဲ့လွန်သင်တန်း တက်သည်။ ဆရာဝန်အဖြစ်လည်း နိုင်ငံခြား၌ ဆေးပညာ ဆက်လက်ဆည်းပူးရာ၊ ၁၉၅၆ တွင် D.Obs.R.C.O.Oဘွဲ့၊ ၁၉၅၈ တွင် အင်္ဂလန်မှ :M.R.C.O.G ဘွဲ့များ ရသည်။ ၁၉၅၈ မှစ၍ ရန်ကုန်တက္ကသိုလ် ဆေးပညာမဟာဌာန ပါမောက္ခသမားတော်ကြီးအဖြစ် ခန့်အပ်ခံရသည်။ [၁]

မိသားစု ပြင်ဆင်ရန်

စိတ်ကျန်းမာရေး ဆေးရုံအုပ်ကြီး ဒေါက်တာနေဝင်းနှင့် လက်ဆက်ကာ သားတဦး၊ သမီး တဦး ထွန်းကားသည်။[၁]

စာရေးခြင်း ပြင်ဆင်ရန်

ဆေးပညာရပ်ဆိုင်ရာ ဆောင်းပါးများကို စာနယ်ဇင်းများတွင် ရေးသားသည်။ အသံလွှင့်ခြင်းဖြင့်လည်း ပညာပေး ဖြန့်ဖြူးလေ့ ရှိသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ တင်နိုင်တိုး (February, 2013)။ ပါလီမန်ခေတ် ‌ထင်ပေါ်ကျော်ကြား အမျိုးသမီးများ။ မဇ္ဈိမစာပေ။ p. ၁၁။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)