ဦးခင်မောင်အုန်းကို ရန်ကုန်မြို့တွင် မွေးဖွားခဲ့သည်။ တက္ကသိုလ်စာမေးပွဲကို ရေနံချောင်းမြို့မှ ၁၉၅၁ ခုနှစ်တွင် အောင်မြင်ခဲ့၍ တက္ကသိုလ်ပညာရပ်များကို ဆက်လက်သင်ကြားသည်။ ၁၉၅၄-၅၅ ခုနှစ် တကသအမှုဆောင်အဖွဲ့တွင် အိုးဝေမဂ္ဂဇင်း အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၅၇- ၅၈ တွင် တကသ အမှုဆောင်တစ်ဦးအဖြစ် ရွေးကောက်ပွဲ တင်မြှောက်ခြင်းခံရ၍ အတွင်းရေးမှူးအဖြစ် တာဝန်ပေးအပ်ခြင်းခံရသည်။ ၁၉၅၈-၅၉ တွင် တကသ ဥက္ကဋ္ဌ ဖြစ်သည်။ ၁၉၅၉ ခုနှစ် ၊ဧပြီ (၃)ရက် နေ့တွင် နိုင်ငံရေးအကျဉ်းသားများနှင့်အတူ ကိုကိုးကျွန်းသို့ ပို့ဆောင်ခြင်းခံရသည်။ ဦးခင်မောင်အုန်းသည် အထိန်းအသိမ်းမှ လွတ်မြောက်ပြီးနောက် တက္ကသိုလ်တွင် ပညာဆက်လက်ဆည်းပူးခဲ့သည်။ (၆)ကြိမ်မြောက် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ်ညီလာခံတွင် ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြောက်ခြင်းခံခဲ့ရသည်။

ယခုအခါ စာနယ်ဇင်းများ၌ 'ခင်မောင်အုန်း' အမည်ဖြင့် စာပေဆောင်းပါးများ ရေးသားလျက် ရှိသည်။