ခင်မောင် (ဗိုလ် သံမဏိ)

(ခင်မောင်၊ ဗိုလ်(သံမဏိ) မှ ပြန်ညွှန်းထားသည်)

သံမဏိ ဗိုလ်ခင်မောင် သည် မင်္ဂလာဒုံ ပထမပတ် စစ်သင်တန်းသို့ ဗိုလ်လောင်းအဖြစ် တက်ခွင့်ရခဲ့ပြီး အလုပ်သင် ဗိုလ်ဖြစ်လာခဲ့သည်။ မြန်မာပြည် လွတ်လပ်ရေး ကြိုးပမ်းမှု လှုပ်ရှားမှု ခေတ်အတွင်း ဗိုလ်မင်းခေါင်၊ သခင်လှမောင် (ဗိုလ်ဇေယျ) (ရဲဘော်သုံးကျိပ်)ဗိုလ်မှူးစိန်မှန်မြို့မ-ဦးသန်းကြွယ် တို့နှင့် အတူ စွန့်စွန့်စားစား ပါဝင်ဆောင်ရွက်ခဲ့သည်။ စက်မှုလက်မှုဝန်ကြီး အဖြစ် တာဝန်များကို ထမ်းဆောင်ခဲ့သူဖြစ်သည်။ နိုင်ငံတော်စီးပွားကုန်သွယ်ရေးအဖွဲ့ချုပ်တွင် ဝန်ကြီး ဦးကျော်မြင့်ဗိုလ်မှူးအောင် (ရဲဘော်သုံးကျိပ်)၊ ဗိုလ်မင်းခေါင် (ရဲဘော်သုံးကျိပ်)၊ စပကသအဖွဲ့ချုပ် ဥက္ကဋ္ဌ မြို့မ-ဦးသန်းကြွယ် စသောပုဂ္ဂိုလ်များနှင့်အတူ တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၅၆-၅၇ စပကသအဖွဲ့ချုပ်တွင် ဒုတိယဥက္ကဋ္ဌ၊ ဥက္ကဋ္ဌ၊ ဖဆပလဌာနချုပ်အမှုဆောင်အဖြစ် ဆောင်ရွက်ခဲ့သည်။[၁]

ဝန်ကြီး သံမဏိ ဗိုလ်ခင်မောင်၊ အထွေထွေအတွင်းရေးမှူးချုပ် မြို့မ-ဦးသန်းကြွယ်နှင့် အမည်မသိ အခမ်းအနားမှူးတို့ နိုင်ငံတော်စီးပွားကုန်သွယ်ရေးအဖွဲ့ချုပ် (စပကသ) လူထုညီလာခံကို ဦးဆောင်ကျင်းပနေစဉ်

၁၉၈၉ ခုနှစ် ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် သံမဏိဗိုလ်ခင်မောင်၏ဦးဆောင်မှုဖြင့် ADSB ကို ဖွဲ့စည်းခဲ့သည်။[၂][၃] ဒီမိုကရေစီ အင်အားများ စည်းလုံးညီညွတ်ရေးတပ်ပေါင်းစု (ဒညတ) (the Alliance for Democratic Solidarity - Union of Myanmar (ADSB)) အဖွဲ့ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။[၄]

ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် ရှောလမ်း ခြံအမှတ် ၂၀ တွင် နေထိုင်ခဲ့သည်။

ကိုးကား ပြင်ဆင်ရန်

  1. နိုင်ငံလုံးဆိုင်ရာ စီးပွားကုန်သွယ်ရေးအဖွဲ့ချုပ် ညီလာခံမှတ်တမ်း။ ၁၉၆၀ ခုနှစ်။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)
  2. "အောင်သူငြိမ်း ● ခရီးရှည် အိမ်အပြန်လမ်း – အပိုင်း (၁၆)"၊ MoeMaKa Burmese News & Media၊ 20 November 2017။ 19 January 2019 တွင် ပြန်စစ်ပြီး။ Archived from the original on 9 January 2019။ 
  3. Khin Nyunt Press Conference Part 1/ (Thu, 03 Jul 1997)။
  4. ALLIANCE FOR DEMOCRATIC SOLIDARITY UNION OF MYANMAR "ADSB Photo Essay"