ဒေါ်ခင်သင်းဝေ(၁၉၆၀ ဖွား)သည် မြန်မာအမျိုးသမီးတရားသူကြီးဖြစ်သည်။ မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် အဖြစ် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၈)ရက်နေ့တွင် ခန့်အပ်ခံရသည်။[] သူသည် မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် ၏ တတိယမြောက်တရားသူကြီးချုပ်ဖြစ်သည်။

ခင်သင်းဝေ
မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၈ ဖေဖော်ဝါရီ ၂၀၂၁
ခန့်အပ်သူနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
သမ္မတ
ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ယခင်လူဦးကြည်သိန်း
မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီး
တာဝန်သက်တမ်း
၃၀ မတ် ၂၀၁၁ – ၇ ဖေဖော်ဝါရီ ၂၀၂၁
ခန့်အပ်သူဦးသိန်းစိန်
သမ္မတ
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၁၉၆၀
မြန်မာနိုင်ငံ
လူမျိုးမြန်မာ
ပညာရေးရန်ကုန်တက္ကသိုလ်
အလုပ်အကိုင်တရားသူကြီး

၁၉၈၂ခုနှစ်တွင် ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်မှ ဥပဒေဘွဲ့ကို ရရှိခဲ့သည်။

ဝန်ထမ်းဘဝ

ပြင်ဆင်ရန်

ဒေါ်ခင်သင်းဝေသည် ၁၉၈၄ခုနှစ်တွင် တရားရေးအရာရှိအဆင့် (၄)အဖြစ် တရားရေးဌာနတွင် စတင်ဝင်ရောက်ခဲ့ပြီး ညွှန်ကြားရေးမှူးအဆင့်နှင့် ညီမျှသော ‌တွဲဖက်တိုင်းတရားသူကြီးအဆင့်အထိ စုစုပေါင်း လုပ်သက် (၂၇)နှစ်ကျော် တရားရုံးအဆင့်ဆင့်တွင် တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။တွဲဖက်တိုင်းတရားသူကြီးအဖြစ် ၂၀၀၇ခုနှစ်တွင် ခန့်အပ်ခံရသည်။[]

တရားလွှတ်တော်တရားသူကြီးဘဝ

ပြင်ဆင်ရန်

မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးအဖြစ် ၂၀၁၁ခုနှစ်၊ မတ်လ ၃၀ ရက်နေ့တွင် ခန့်အပ်ခံခဲ့ရကာ[] ထိုတာဝန်ကို ၁၀နှစ်နီးပါး ထမ်းဆောင်သည်။[]၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၈)ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဖြစ်လာခဲ့သည်။

မိသားစုဘဝ

ပြင်ဆင်ရန်

ဒေါ်ခင်သင်းဝေသည် အိမ်ထောင်မရှိသူ တစ်ဦးဖြစ်သည်။

  1. မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်နှင့်တရားသူကြီးများမန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် ၂၀၂၁ခုနှစ်၊တရားရုံးနှစ်စဉ်အစီရင်ခံစာ။ ၃၁ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  2. မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးများမန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်ရုံး။ 30 August 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၃၁ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  3. တိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်တရားလွှတ်တော်တရားသူကြီးများခန့်အပ်တာဝန်ပေးမြန်မာ့အလင်းသတင်းစာ(၂၀၁၁ခုနှစ်မတ်လ၃၁ရက်နေ့ထုတ်သတင်းစာ၊စာမျက်နှာ၁၁) (၃၁ မတ် ၂၀၁၁)။ 12 August 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၃၁ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  4. မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် အမရပူရမြို့နယ်တရားရုံးသို့ ရှောင်တခင်ကြည့်ရှုစစ်ဆေးMyanmar Digital News (၇ ဇန်နဝါရီ ၂၀၂၁)။ 30 August 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၃၁ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။