မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်

မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် သည် မန္တလေးတိုင်းဒေသကြီးတွင် အမြင့်ဆုံးတရားရုံးဖြစ်သည်။ မြန်မာနိုင်ငံ၏ ဒုတိယအမြင့်ဆုံးအဆင့်ရှိ တရားရုံးဖြစ်ကာ ပြည်ထောင်စုနယ်မြေအပါအဝင် ခရိုင်တရားရုံး (၁၅)ရုံး၊ မြို့နယ်တရားရုံး (၃၆)ရုံး၊ အထူးတရားရုံး (၅)ရုံးရှိသည်။

မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်
High Court of the Mandalay Region
မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်
နိုင်ငံမြန်မာနိုင်ငံ
တည်နေရာ၆၈လမ်း၊ ၁၀၄လမ်းနှင့် ၁၀၅လမ်းကြား၊ ချမ်းမြသာစည်မြို့နယ်မန္တလေးမြို့
လုပ်ပိုင်ခွင့်ပြုခြင်းဖွဲ့စည်းပုံအခြေခံဥပဒေ
ရာထူးနေရာ
ဝက်ဘ်ဆိုဒ်mandalay.hc.gov.mm
တရားသူကြီးချုပ်
လက်ရှိဒေါ်ခင်သင်းဝေ
စတင်တာဝန်ထမ်းဆောင်၈ ဖေဖော်ဝါရီ ၂၀၂၁ ခုနှစ်

သမိုင်းကြောင်း ပြင်ဆင်ရန်

၂၀၁၁ခုနှစ် မတ်လ ၃၀ရက်နေ့မှစ၍ ၂၀၀၈ အခြေခံဥပဒေအရ ယခင် မန္တလေးတိုင်းဒေသကြီးတရားရုံးကို မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ထိုစဉ်က တရားသူကြီးချုပ် (၁)ဦး၊ တရားသူကြီး(၆)ဦး စုစုပေါင်း (၇)ဦးဖြင့် ဖွဲ့စည်းခဲ့သည်။

တည်နေရာ ပြင်ဆင်ရန်

မန္တလေးတိုင်းတရားလွှတ်တော်အဖြစ် ၂၀၁၁ခုနှစ်မှ ၂၀၂၁ခုနှစ်အထိ အသုံးပြုခဲ့သည့် ပတ်ကုန်းပျော်ဘွယ်ရပ်ရှိ အဆောက်အဦးသည် ၁၉၃၉ခုနှစ်တွင် တည်​ဆောက်ခဲ့ပြီး ၁၉၆၂တော်လှန်ရေးကောင်စီခေတ်မတိုင်မီက ခရိုင်တရားမနှင့် စက်ရှင်တရားသူကြီးရုံး၊ တိုင်းတရားရုံးအဖြစ် ဖွင့်လှစ်ခဲ့သည်။ နောက်ပိုင်းတွင် မဟာဇေယျာဘုံရပ်ရှိ အဆောက်အဦးသို့ ပြောင်းလဲဖွင့်လှစ်ခဲ့သည်။၂၀၁၁ခုနှစ် စနစ်သစ်စတင်ရာတွင် ထိုနေရာအား မန္တလေးတိုင်းဒေသကြီးလွှတ်တော်နှင့် အစိုးရအဖွဲ့မှ ရယူခဲ့ပြီး တိုင်းတရားလွှတ်တော်နှင့် ခရိုင်တရားရုံးတို့မှာ ပတ်ကုန်းပျော်ဘွယ်ရပ်သို့ ပြန်လည်ပြောင်းရွှေ့ခဲ့သည်။ ၂၀၁၉ခုနှစ်တွင် ခရိုင်တရားရုံးသည် နေရာအသစ်သို့ ပြောင်းရွှေ့သွားပြီး တိုင်းတရားလွှတ်တော်သာ ကျန်ရှိခဲ့သည်။ ထို့​နောက် တိုင်းတရားလွှတ်တော်အတွက် အဆောက်အဦးအသစ်ကို ချမ်းမြသာစည်မြို့နယ်ရှိ အနီးတွင်တည်ဆောက်ခဲ့ပြီး ၂၀၂၂ခုနှစ် ဇန်နဝါရီလတွင် ​လက်ရှိ​နေရာသို့ ​ပြောင်း​ရွှေ့ခဲ့သည်။[၁][၂]

 
လမ်း ၃၀ရှိ ယခင်အ​ဆောက်အဦး

တရားလွှတ်တော်တရားသူကြီးချုပ်များ(၂၀၁၁ မှ လက်ရှိ) ပြင်ဆင်ရန်

  • ဦးစိုးသိန်း(၃၀-၃-၂၀၁၁ မှ ၂၁-၁၁-၂၀၂၀)
  • ဦးကြည်သိန်း(၄-၁၂-၂၀၂၀ မှ ၅-၂-၂၀၂၁)
  • ဒေါ်ခင်သင်းဝေ(၈-၂-၂၀၂၁ မှ လက်ရှိ)

ဖွဲ့စည်းပုံ ပြင်ဆင်ရန်

မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်ကို နေပြည်တော်အပါအဝင် ခရိုင်တရားရုံး (၁၅)ရုံး၊ မြို့နယ်တရားရုံး (၃၆)ရုံး၊ အထူးတရားရုံး (၅)ရုံးဖြင့် ဖွဲ့စည်းထားသည်။[၃][၄]

ခရိုင်တရားရုံးများ ပြင်ဆင်ရန်

နေပြည်တော်ခရိုင်ကို ၂၀၁၃ခုနှစ်တွင် တောင်ပိုင်းနှင့် မြောက်ပိုင်းဟူ၍ ခွဲခြားခဲ့သဖြင့် မန္တလေးတိုင်းတရားလွှတ်တော်အောက်တွင် ခရိုင်တရားရုံး (၉)ရုံးအထိရှိလာခဲ့သည်။ ဥတ္တရခရိုင် တရားရုံးမှာ ဆောက်လုပ်ဆဲဖြစ်ကာ ဖွင့်လှစ်ထားခြင်း မရှိသေးပေ။ ၂၀၂၂ခုနှစ်တွင် ခရိုင်အသစ်များ တိုးချဲ့ခဲ့ရာ ခရိုင်တရားရုံး (၁၅) ရုံးအထိ ဖြစ်လာခဲ့သည်။

 
မဟာ​အောင်​မြေ၊ ​အောင်​မြေသာစံ၊ အမရပူရခရိုင်များ၏ တရားရုံး (ယခင်မန္တ​လေးခရိုင်တရားရုံး)
  • မဟာ​အောင်​​မြေခရိုင်တရားရုံး
  • ​အောင်​မြေသာစံခရိုင်တရားရုံး
  • အမရပူရခရိုင်တရားရုံး
  • ပြင်ဦးလွင်ခရိုင်တရားရုံး
  • သပိတ်ကျင်းခရိုင်တရားရုံး
  • ကျောက်ဆည်ခရိုင်တရားရုံး
  • တံတားဦးခရိုင်တရားရုံး
  • မိတ္ထီလာခရိုင်တရားရုံး
  • မြင်းခြံခရိုင်တရားရုံး
  • ညောင်ဦးခရိုင်တရားရုံး
  • ရမည်းသင်းခရိုင်တရားရုံး
  • ​ဇေယျာသီရိခရိုင်တရားရုံး
  • လယ်​ဝေးခရိုင်တရားရုံး
  • ပျဉ်းမနားခရိုင်တရားရုံး
  • ဥတ္တရခရိုင်တရားရုံး (တည်ဆောက်နေဆဲသာဖြစ်)

မြို့နယ်တရားရုံးများ ပြင်ဆင်ရန်

မြို့နယ်ပေါင်း ၃၆မြို့နယ်အတွက် တရားရုံး ၃၅ရုံးဖွင့်လှစ်ထားသည်။ ဇေယျာသီရိမြို့နယ်အတွက် ဖွဲ့စည်းပုံရှိသော်လည်း တရားရုံးဖွင့်လှစ်ထားခြင်းမရှိသေးပေ။

  • အောင်မြေသာစံမြို့နယ်တရားရုံး
  • ချမ်းအေးသာစံမြို့နယ်တရားရုံး
  • မဟာအောင်မြေမြို့နယ်တရားရုံး
  • ချမ်းမြသာစည်မြို့နယ်တရားရုံး
  • ပြည်ကြီးတံခွန်မြို့နယ်တရားရုံး
  • အမရပူရမြို့နယ်တရားရုံး
  • ပုသိမ်ကြီးမြို့နယ်တရားရုံး
  • ပြင်ဦးလွင်မြို့နယ်တရားရုံး
  • မတ္တရာမြို့နယ်တရားရုံး
  • စဉ့်ကူးမြို့နယ်တရားရုံး
  • သပိတ်ကျဉ်းမြို့နယ်တရားရုံး
  • မိုးကုတ်မြို့နယ်တရားရုံး
  • ကျောက်ဆည်မြို့နယ်တရားရုံး
  • မြစ်သားမြို့နယ်တရားရုံး
  • စဉ့်ကိုင်မြို့နယ်တရားရုံး
  • တံတားဦးမြို့နယ်တရားရုံး
  • မိတ္ထီလာမြို့နယ်တရားရုံး
  • မလှိုင်မြို့နယ်တရားရုံး
  • ဝမ်းတွင်းမြို့နယ်တရားရုံး
  • သာစည်မြို့နယ်တရားရုံး
  • မြင်းခြံမြို့နယ်တရားရုံး
  • တောင်သာမြို့နယ်တရားရုံး
  • နွားထိုးကြီးမြို့နယ်တရားရုံး
  • ငါန်းဇွန်မြို့နယ်တရားရုံး
  • ညောင်ဦးမြို့နယ်တရားရုံး
  • ကျောက်ပန်းတောင်းမြို့နယ်တရားရုံး
  • ရမည်းသင်းမြို့နယ်တရားရုံး
  • ပျော်ဘွယ်မြို့နယ်တရားရုံး
  • ပုပ္ဗသီရိမြို့နယ်တရားရုံး
  • ဥတ္တရသီရိမြို့နယ်တရားရုံး
  • ဇမ္ဗူသီရိမြို့နယ်တရားရုံး
  • ဒက္ခိဏသီရိမြို့နယ်တရားရုံး
  • ပျဉ်းမနားမြို့နယ်တရားရုံး
  • လယ်ဝေးမြို့နယ်တရားရုံး
  • တပ်ကုန်းမြို့နယ်တရားရုံး

အထူးတရားရုံးများ ပြင်ဆင်ရန်

မန္တလေးမြို့တော်စည်ပင်နှင့် နေပြည်တော်စည်ပင်တို့အတွက် အထူးတရားရုံးများ ဖွင့်လှစ်ထားသည်။

  • ကလေးသူငယ်တရားရုံး (မန္တလေးတိုင်း)
  • မော်တော်ယာဉ်တရားရုံး (မန္တလေး)

 

  • စည်ပင်သာယာတရားရုံး (မန္တလေး)
  • မော်တော်ယာဉ်တရားရုံး (ဇမ္ဗူသီရိ)
  • စည်ပင်သာယာတရားရုံး (ဇမ္ဗူသီရိ)

တရားသူကြီးများ ပြင်ဆင်ရန်

၂၀၂၀ပြည့်နှစ်တွင် တိုင်းတရားလွှတ်တော်၌ တရားသူကြီးချုပ်အပါအဝင် (၇)ဦးရှိသည်။ တိုင်းတရားလွှတ်တော်အောက်တွင် တရားသူကြီးချုပ်ရုံးနှင့် တိုင်းဒေသကြီးတရားရေးဦးစီးမှူးရုံးတို့ရှိသည်။

ကိုးကား ပြင်ဆင်ရန်

  1. "မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံးနှင့် တရားလွှတ်တော် ဖွင့်ပွဲပြုလုပ် (နေ့စဉ်သတင်းစာများ - ၂၃.၁.၂၀၂၂)"။ 
  2. "သမိုင်း​ကြောင်း"။ 2 June 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 2 June 2021။ 
  3. မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်။ ၂၀၂၀ပြည့်နှစ် တရားရုံးနှစ်စဉ်အစီရင်ခံစား
  4. "မန္တလေးတိုင်းတရားလွှတ်တော်အကြောင်း"။ Archived from the original on 24 September 2020။