သခင်ခင်အောင်သည် အာရှလူငယ်အစည်းအရုံးတွင် ဥက္ကဋ္ဌ ပုဂံဦးဘဂျမ်း၊ ဦးကျော်မြင့်ကလေး၊ မစ္စတာတီကေဘွန်း၊ ဦးဇော်ဝိတ်၊ မြို့မ-ဦးသန်းကြွယ်၊ သခင်ညီလေးတို့နှင့်အတူ ဦးဆောင်ပါဝင်ခဲ့သည်။ အာရှလူငယ်အစည်းအရုံးကို ၁၉၄၂၊ ဇွန်-၂၈ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။ စတင်ဖွဲ့စည်းစဉ်က အမည်အပြည့်အစုံသည် အရှေ့အာရှတိုက် လူငယ်များအစည်းအရုံး (ဗမာနိုင်ငံ) ဖြစ်သည်။ လွတ်လပ်ရေးကြိုးပမ်းမှုတွင် နယ်ချဲ့တို့၏ ဖိနှိပ်မှုအမျိုးမျိုးကြားမှ စွန့်စွန့်စားစား လုပ်ကိုင်ခဲ့ဖြစ်သည်။