ခန္ဓာထိခိုက်ရေးမိုင်း
ခန္ဓာထိခိုက်ရေး မိုင်း(တနည်း လူထိမိုင်း)များသည် လူကို ထိခိုက်စေဖို့ ထုတ်လုပ်ထားသည့် မိုင်းဖြစ်ပြီး ယာဉ်များကို ထိခိုက်ဖို့အတွက် ဒီဇိုင်းထုတ်သည့် တင့်ကားတိုက်ဖျက်ရေးမိုင်းများနှင့် ကွဲပြားသည်။ ခန္ဓာထိခိုက်ရေး မိုင်းများကို မီးလျှံပေါက်ကွဲထွက်သည့် မိုင်းများ သို့မဟုတ် အပိုင်းအစကြဲထွက်သည့် မိုင်းများ စသော အတန်းအစားများတွင် ထည့်၍ သတ်မှတ်နိုင်သည် ၊ ခုန်ထွက်မိုင်းကိုတော့ ဒုတိယမြောက် အတန်းအစားထဲ သတ်မှတ်ချင် သတ်မှတ်ကြလိမ့်မည်။
မိုင်းများကို ရန်သူတပ်ဖွဲ့များမှ ထောက်ပံ့ပို့ဆောင်ရေး(များသောအားဖြင့် ဆေးဘက်ဆိုင်ရာအထောက်အပံ့)များကို ပိုမိုလိုအပ်လာစေရန်အတွက် နင်းမိသူများကို သတ်နိုင်ရန် မဟုတ်ဘဲ အနာတရ ရစေရန် စီမံထားသည်။ လူထိမိုင်းများသည် သံချပ်ကာယာဉ်များ၏ ဘီးပတ်ချိန်းကြိုးကြီးများ သို့မဟုတ် ဘီးယာဉ်များ၏ တာယာများကိုလည်း ပျက်စီးစေနိုင်သည်။
၁၉၉၇ခုနှစ်က မြေမြှုပ်မိုင်းများတားဆီးရန်အပြည်ပြည်ဆိုင်ရာကင်ပိန်းတွင် မိုင်းဗုံးလောက အထွတ်အထိပ် ရောက်လာခြင်းကို ပိတ်ပင်တားမြစ်ဖို့ အောတဝါ(Ottawa) သဘောတူစာချုပ်ဖြင့် ကြိုးပမ်းခဲ့သည်။ သို့သော် ယင်းသဘောတူစာချုပ်ကို အမေရိကန်ပြည်ထောင်စု၊ အစ္စရေး ၊ ရုရှား ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၊ ပါကစ်စတန်နှင့် အိန္ဒိယတို့အပါအဝင် နိုင်ငံတချို့က လက်ခံခြင်း မရှိသေးပါ။
အသုံးပြုကြမှု
ပြင်ဆင်ရန်မြေမြှုပ်မိုင်းဆောင်းပါးတွင် အသေးစိတ်ဖော်ပြထားသည့်အတိုင်း ခန္ဓာထိခိုက်ရေးမိုင်းများကို တင့်ကားတိုက်ခိုက်ရေးမိုင်းများ ကဲ့သို့လည်းကောင်း ၊ နိုင်ငံနယ်နိမိတ်တလျှောက် သို့မဟုတ် ခုခံရေးမဟာဗျူဟာမြောက်နေရာများ၌ အတည်တကျမြှုပ်ထားသည့် "မိုင်းကွင်းများ'တွင် လည်းကောင်း အသုံးပြုကြသည်။ ယင်းတို့ကို တင့်ကားတိုက်ဖျက်ရေးမိုင်းအများစုနှင့် မတူစေတာက အရွယ်အစားသေးငယ်သောကြောင့် နေရာကျယ်ကျယ်တွင် ပမာဏအမြောက်အမြားကို ခပ်စိတ်စိတ် မြှုပ်ထားနိုင်၍ ဖြစ်သည် ။ မိုင်းမြှုပ်ရေးလုပ်ငန်းစဉ်ကို မြှုပ်စက်တပ်ထားသော ယာဉ်များနှင့် ဖြစ်စေ၊ ရဟတ်ယာဉ်များ သို့မဟုတ် လေယာဉ်ပေါ်မှတဆင့် ဖြစ်စေ လူကိုယ်တိုင်ကြီးကြပ်၍ ပြုလုပ်နိုင်သည်။ နောက်တနည်းအားဖြင့် ၎င်းတို့ကို လေယာဉ်သယ်အမြောက်ဆံများတွင် ထည့်၍လည်း မြှုပ်နိုင်သည်။
"လိုအပ်လို့-အသုံးချမယ်" အခြေခံအကြောင်းပြချက်များနှင့် လူထိမိုင်းများကို အဓိကအသုံးပြုသော နည်းလမ်းများမှာ အောက်ပါအတိုင်းဖြစ်သည် :
- ကင်းပုန်းဝပ်နေသောအခါ ၊
- ယာယီအခြေစိုက်စခန်းကာကွယ်နေရသောအခါ ၊
- သေနတ်ပစ်အားကို ရန်သူ တိုက်ခိုက်လာသူများအပေါ် သေချာချိန်နိုင်စေရန်ဖို့ ထိုသူများကို ရှင်းလင်း၍ ကျဉ်းမြောင်းသော လမ်းကြောင်းတွင် သွားစေဖို့ ဖိအားရန် ၊
- နောက်ယောင်ခံ အလိုက်ခံခြင်းမှ ရှောင်ရှားရန် (ဥပမာ M86 နောက်ကြောင်းရှင်း ခဲယမ်းလက်နက်) ၊
- သိုလှောင်ပစ္စည်းများကို ကာကွယ်ရန်အတွက် မိုင်းများကို လျှို့ဝှက်ထောင်ချောက်များအဖြစ် သုံးရန် ၊
- အချို့သော လျှို့ဝှက်ထောင်ချောက်များကို တည်နေရာ သိထားသော်လည်း ရှင်းလင်းဖို့ခက်ခဲစေမည့် အဖြုတ်မခံ စက်ပစ္စည်းများအဖြစ် ထောင်သောအခါ ။
မီးလျှံပေါက်ကွဲထွက်သည့် မိုင်းများ
ပြင်ဆင်ရန်လုပ်ငန်းစဉ်အရ ခန္ဓာထိခိုက်ရေးမိုင်း(လူထိမိုင်း)များသည် ၎င်းအပေါ် နင်းမိသောအခါ ပေါက်ကွဲကြသည် ။ ၎င်းတို့၏ အဓိကရည်ရွယ်ချက်မှာ မိုင်းနင်းမိသူ၏ ခြေဖဝါးဖြစ်ဖြစ် ခြေထောက်ဖြစ်ဖြစ် ပြတ်ထွက်စေပြီး လမ်းမလျှောက်နိုင်ဖို့ ဖြစ်သည် ။ သေစေခြင်းထက် ဒဏ်ရာရစေခြင်းက မိုင်းနင်းမိသော ရန်သူသည် သူ၏ တပ်ဖွဲ့အတွက် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ (ဆေးဝါး ၊ နေရာအရွှေ့အပြောင်း) ဝန်ထုတ်ဝန်ပိုးတစ်ခု ဖြစ်သွားစေလိမ့်မည်ဟု တွက်ချက်မိသောကြောင့် ဖြစ်သည် ။
အကျိုးသက်ရောက်ပုံ
ပြင်ဆင်ရန်တစုံတယောက်က ပေါက်ကွဲထွက်သည့် မိုင်းတစ်ခုအပေါ်သို့ တက်နင်းမိသောအခါ မိုင်း၏ အတွင်းပိုင်းမှ ယမ်းများ ပေါက်ကွဲခြင်းကို ဖြစ်စေ၍ အလွန်မြန်သော အရှိန်နှုန်းနှင့် ထွက်လာကြသည့် ဓာတ်ငွေ့ပူများပါဝင်သော ဂယက်လှိုင်းတစ်ခုကို ကျယ်ပြန့်စွာ ဖန်တီးလိုက်သည် ။ ဂယက်လှိုင်းသည် မိုင်းထဲတွင် သိုသိပ်ထည့်ထားသော စွမ်းအင်အမြောက်အမြားအား မိုင်းအဖုံးနှင့် အပေါ်က မြေကြီးများကို ကန်ထုတ်ပြီးနောက် အပြင်သို့ ထုတ်လွှတ်ပစ်သည် ။ ဂယက်လှိုင်းများ လာမှန်သောအခါ နင်းမိသူ၏ ဖိနပ်နှင့် ခြေထောက်အား စွမ်းအင်အမြောက်အမြားက လျင်မြန်စွာ သက်ရောက်လာသည် ။ ထိုဖြစ်စဉ်သည် သိပ်သည်းကြီးမားသော(ခန္ဓာကိုယ်က လက်မခံနိုင်သော) စွမ်းအင်များနှင့် (သေးငယ်သော ခြေထောက်အား) ဖိအားပေးခံရခြင်းကို ဖြစ်ပေါ်စေသည် ။ များသောအားဖြင့် တက်နင်းမိသော သူ၏ ခြေထောက်သည် ဂယက်လှိုင်းကြောင့် အစရှာမရ ဖြစ်သွားစေသည် ။
လူ့ခန္ဓာပေါ်တွင် ရရှိလာမည့် ဒဏ်ရာအရွယ်အစားသည် မိုင်းအတွင်းထဲတွင် ထည့်ထားသည့် ယမ်းပမာဏ ၊ မြေမြှုပ်ထားသည့် အနက် ၊ မိုင်းထောင်ထားသည့် မြေကြီးအမျိုးအစားနှင့် မိုင်းကို မည်သည့်အနေအထားနှင့် နင်းမိသည် (ဥပမာအားဖြင့် မိုင်းပေါ်သို့ ခြေဖဝါးမျက်နှာပြင်အပြည့်ဖြင့် နင်းမိသည် ၊ သို့မဟုတ် ခြေဖဝါးတစိတ်တပိုင်းလောက် အစွန်အဖျားတက်နင်းမိသည်)စသည့် အခြေအနေများပေါ်တွင် မူတည်သည် ။ မတူညီသော မြေကြီးအမျိုးအစားများသည် နင်းမိသူ၏ ခြေထောက်အား မတူညီသော အချိုးအစားရှိသည့် ပေါက်ကွဲစွမ်းအင်ဖြင့် ဖိအားပေးခံလာရခြင်းကို ဖြစ်စေမည်ဖြစ်ပြီး ရေဝပ်နေသော ရွှံ့စေးမြေကဲ့သို့ နေရာမျိုးက အားအပြင်းဆုံး ခံရစေနိုင်သည် [မှန်မမှန် စစ်ဆေးရန် လို] ။ ယမ်း ပိုမိုပါဝင်သော မိုင်းများသည် သိသိသာသာ ပိုများသော စွမ်းအင်များကို ထုတ်လွှတ်ပစ်သောကြောင့် ဂယက်လှိုင်းသည် နင်းမိမည့်သူ၏ ခြေထောက်နှင့် ပေါင်အထိ သက်ရောက်ကာ ပိုပြင်းထန်သော ဒဏ်ရာကို ဖြစ်စေသည် ၊ တချို့ဖြစ်ရပ်များတွင် ဒူးခေါင်းအပေါ်ပိုင်းအထိ ခြေထောက်ကို ကိုယ်ခန္ဒာအစိတ်အပိုင်းကို ဖြတ်တောက်ကုသခြင်း ဖြင့် ကုသရလောက်အောင် ဒဏ်ရာပြင်းထန်မှုမျိုးကို ဖြစ်စေခဲ့သည် ။ [၁]
ဒုတိယမြောက် ဖြစ်စဉ်အနေနှင့် ပေါက်ကွဲထွက်သောမိုင်းတစ်ခုကြောင့် ဖြစ်သော အနာတရများသည် မိုင်း၏ ပေါက်ကွဲအားကြောင့် အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားသော အပိုင်းအစများကြောင့်လည်း ဖြစ်စေသည် ။ ယင်းတို့ထဲတွင် မိုင်းပေါ်က မြေကြီးများနှင့် ကျောက်တုံးများ ၊ နင်းမိသူ၏ ဖိနပ်အစများနှင့် ခြေထောက်မှ အရိုးငယ်လေးများ ပါဝင်သည် ။ ဤကျိုးပဲ့မှုများသည် ပေါက်ကွဲခြင်းကြောင့် ဖြစ်သည့် ဒုတိယမြောက် နောက်ဆက်တွဲအကျိုးသက်ရောက်မှု ၊ တနည်းဆိုလျှင် အပိုင်းအစကျဲ ထွက်ခြင်းက ပေးသော အနာတရများနည်းတူ ဒဏ်ရာများကို ပေးပါသည် ။။ "ပေါက်ကွဲဒဏ်ခံဖိနပ်"ဟုလည်း ခေါ်သော တိုက်ခိုက်ရေးဘွတ်ဖိနပ်စသည့် အထူးဖိနပ်များကလည်း ပေါက်ကွဲထွက်လာသည့် မိုင်းမှ အဖျက်စွမ်းအားကို အတော်အသင့်သာ အကာအကွယ်ပေးနိုင်ပြီး ခြေဖဝါးကို ဆုံးရှုံးရခြင်းက ဖြစ်ရိုးဖြစ် စဉ် အကျိုးဆက်တစ်ခုပင် ။
ပေါက်ကွဲထွက်သည့် မိုင်းများသည် သံချပ်ကာ ယာဉ်များကို ထိခိုက်မှုအနည်းငယ်သာ ဖြစ်စေပေမဲ့ အပေါ်မှ တည့်တည့်ဖြတ်သွားသော ဘီးတပ်ယာဉ်များအား အပျက်အစီးဖြစ်စေသည် ။ သေးငယ်သော ပေါက်ကွဲထွက်မိုင်းများသည် တာယာကို ပြန်ပြင်၍ မရအောင် အတော်အတန်ပျက်စီးမှုကို ဖြစ်စေလိမ့်မည်ဖြစ်ပြီး တချို့သော မိုင်းအမျိုးအစားများက ဘီးနှင့် တဆက်တည်း လည်ပတ်နေသော ဂီယာများကိုပါ ထိခိုက်စေနိုင်သည် ။
ပါဝင်ပစ္စည်းများ
ပြင်ဆင်ရန်မိုင်း အထည်(မိုင်းအခွံ)
ပြင်ဆင်ရန်မိုင်းအထည်(မိုင်းအခွံ)သည် မိုင်း၏ပါဝင်ပစ္စည်းများရဲ့ အိမ်သဘောမျိုး ဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုတွေကို ကာကွယ်ပေးပါသည် ။ ဒုတိယကမ္ဘာစစ်ကာလတုန်းက အသုံးပြုခဲ့သည့် မိုင်းမျိုးဖြစ်သော အစောပိုင်း မိုင်းများ၏ အထည်ဟာ စတီး သို့မဟုတ် အလူမီနီယမ်နှင့် ပြုလုပ်ထားသည် ။ ထို့နောက် ထို(မိုင်းအန္တရာယ်)အခက်အခဲတွေကြားမှာ ဗြိတိန်စစ်တပ်သည် ပထမဆုံးသော သယ်ယူရလွယ်၊ အသုံးဝင်သော "ပိုလန်လုပ် မိုင်းရှာဖွေရေကိရိယာ" ဟုခေါ်သည့် သတ္တုရှာဖွေရေးပစ္စည်းကို အသုံးပြုလာခဲ့သည် ။ ဂျာမန်တို့ကလည်း တုံ့ပြန်သည့်အနေနှင့် မိုင်း၏ အထည်ကို သစ်သား သို့မဟုတ် ဖန် နှင့် ပြုလုပ်လိုက်ပြီး မိုင်းကို ရှာရ ပိုခက်စေခဲ့သည် ။
သစ်သားအထည် မိုင်းများကို သတ္တုထောက်လှမ်းရေးကိရိယာများ မပေါ်ခင် ၁၉၃၉ခုနှစ် ကတည်းက ဆိုဗီယက်တို့သည် စတီးကို ချွေတာရန် စတင်အသုံးပြုခဲ့ကြသည် ။ PP Mi-D မိုင်း ကဲ့သို့သော တချို့မိုင်းများကို ၁၉၈၀ခုနှစ်အထိ ဆက်လက်အသုံးပြုခဲ့ပြီး သူတို့ကို ပြုလုပ်ရလွယ်သလို ထောက်လှမ်းဖို့လည်း ခက်ခဲခဲ့သည် ။ သစ်သားမှာ ဆွေးမြေ့တတ် ၊ ကွဲတတ် ၊ အချိန်တိုတစ်ခုကြာလျှင် မိုင်းကို အလုပ်မလုပ်တော့အောင် ဖြစ်တတ်သည့် ချို့ယွင်းချက်များ ရှိသည် (ကောင်းကျိုးတစ်ခုမှာ မိုင်းက အလုပ်မလုပ်တော့အောင် သူ့အလိုအလျောက် ရပ်တန့်နိုင်သည်ဟု မှတ်ယူရသဖြင့် နှစ်ပေါင်းများစွာ ကြာပြီးနောက် မရည်ရွယ်သော အနာတရများကို မဖြစ်နိုင်တော့ပါ - သဘောဆိုလျှင် စစ်ပြီးပါက မိုင်းကြွင်းမိုင်းကျန်များကြောင့် လူသေဆုံးရခြင်းမရှိနိုင်တော့ပါ)
၁၉၅၀ နောက်ပိုင်း ထုတ်လုပ်လာခဲ့သော မိုင်းများကို အီလက်ထရောနစ် မိုင်းထောက်လှန်းရေးကိရိယာများ၏ ရှာဖွေခံရခြင်းမှ ဖုံးကွယ်နိုင်ရန် အများအားဖြင့် ပလတ်စတစ် အထည်(အခွံ)များကို အသုံးပြုလာခဲ့သည် ။ သတ္တုပါဝင်မှုကို နည်းနိုင်သမျှနိုင်အောင် တည်ဆောက်ထားသည့် – တစ်ဂရမ် (၀.၀၁၅ အောင်စ)ပတ်လည်လောက်သာ သုံးထားသည့် သတ္တုအနည်းငယ်သာ ပါသည့် မိုင်း [ဘာသာပြန်သူ၏ ဖြည့်စွက်ချက်၊ ခေါ်လွယ်သော အသုံးအနှုန်း - သတ္တုနည်းနည်းပါ မိုင်း] – ဟု ခေါ်ဝေါ်ညွှန်းဆိုကြသည့် အချို့မိုင်းများသည် ထောက်လှမ်းဖို့ ခက်ခဲစေသည် ။ သတ္တုလုံးဝမပါအောင် တည်ဆောက်သော မိုင်းများကို ထုတ်လုပ်ခဲ့ဖူးသော်လည်း သိပ်မတွေ့ရပါ ။ ၎င်း၏ သဘောသဘာဝအရ သတ္တုနှင့် ပြုလုပ်ထားသော ပါဝင်ပစ္စည်းမရှိသည့် မိုင်းဗုံးတစ်ခုသည် သတ္တုထောက်လှမ်းရေးကိရိယာက ရှာဖွေနိုင်ခြင်း ရှိမည်မဟုတ်။
ဖိအားအာရုံခံ အပြား / စနက် ယန္တရား
ပြင်ဆင်ရန်စနက်ယန္တရား(စနက် စနစ်)သည် ပေါက်ကွဲရေးကို အစပြုမည့် စနက်တံ စတင်အလုပ်လုပ်စေဖို့ ပွတ်တိုက်အားကို တုံ့ပြန်လွယ်အောင် အာရုံခံနည်းပညာသုံးထားသော စနက်ယန္တယား၏ စက်ပစ္စည်း နေရာကို ဖိအားသက်ရောက်ရန် ၁)စပရင်နှင့် ချိတ်ဆွဲထားသော မီးခတ်ပင်ခလုတ်တံနှင့် ရိုက်မိစေအောင် သော်လည်းကောင်း ၂)လျှပ်စစ် မီးခတ်စက်ကို ပွင့်သွားအောင် ဖိမိစေဖို့ လည်းကောင်း စီစဉ်ထားခြင်းဖြစ်သည် ။ မိုင်းဗုံးအများစုကိုတော့ နင်းမိလျှင် "ထိပ်ချွန်ဖြင့် ဖိအားပေးခြင်းအား အာရုံခံသည့် စနက်တံ"ကို အလုပ်လုပ်စေဖို့ စပရင်နှင့် ချိတ်ထားသော ဖိအားပေးပစ္စည်းတစ်ခု တပ်ထားသည် ။ ပုံမှန်အားဖြင့် စနက်တံထဲတွင် ခဲ-အဇိုက် (အော်ဂဲနစ်မဟုတ်သော ခဲ နှင့် နိုက်တြိုဂျင်အရော ပေါက်ကွဲရေး ဓာတုပစ္စည်း)အလုံးလေးများ ပါဝင်သည် ။ ရိုးရှင်းသည့် စနက်ယန္တရားတစ်ခုကို ဒီဇိုင်းဆွဲပြီး ထုတ်လုပ်နိုင်ဖို့ လုပ်အားအနည်းငယ်သာ လိုအပ်ပေမဲ့ စနက်ဟာ မည်သည့်မိုင်းတွင်မဆို အလုပ်အရှုပ်ဆုံး ပါဝင်ပစ္စည်းဖြစ်ကာ (အဖုံးမပါသော)ဘောစေ့တပ် ဘောပင် တစ်ခု၏ အဖွင့်အပိတ် ယန္တရားပုံစံနှင့် ဆင်တူသည် ။ [ကိုးကားချက်လိုသည်] ဥပမာ အီတလီလုပ် SB-33 မိုင်း ကဲ့သို့ ပိုမိုခေတ်ရှေ့ပြေးသော ပစ္စည်းများတွင် စနက် ယန္တရားသည် ခဏတာအတွင်းသာ လျှက်တပြတ် ဖိအားပေးခံရပါက စနက်ကို အလုပ်မလုပ်အောင် ထိန်းချုပ်လိုက်ပြီး ပုံမှန်လမ်းသွားနေစဉ် တက်နင်းသကဲ့သို့ ဖိအားပေးမှ ပေါက်ကွဲစေသည် ။ ထိုနည်းသည် မိုင်းကွင်းများကို ရှင်းလင်းသည့်နည်းလမ်းများမှ တစ်ခုဖြစ်သော "အတန်းလိုက်ဖောက်ခွဲပြီး မြှုပ်မိုင်းရှင်းလင်းသည့် ပစ္စည်း" ကဲ့သို့သော ပေါက်ကွဲရေးပစ္စည်းများကို သုံး၍ မိုင်းရှင်းလင်းခြင်းကို မအောင်မြင်စေတော့ပါ ။
ပေါက်ကွဲရေး အားမြှင့်ပစ္စည်း
ပြင်ဆင်ရန်ပေါက်ကွဲရေးအားမြှင့်သော ယမ်း ဆိုသည်မှာ စနက်တံ ၏ လှုပ်ခတ်မှုကို သိလျှင် အလွယ်တကူ အစပြုမည့် အလွန်တုံ့ပြန်လွယ်သော ပေါက်ကွဲရေးပစ္စည်းတစ်ခုဖြစ်သည် ။ ပုံမှန်အားဖြင့် ပဲစေ့သဏ္ဌာန် RDX အလုံးငယ်လေးများကို သုံးထားသည် ။ ပေါက်ကွဲရေးအားမြှင့်ပစ္စည်း၏ ရည်ရွယ်ချက်မှာ စနက်တံ၏ ပေါက်ကွဲရေးလုပ်ငန်းစဉ် အစပြုမှုကို အရှိန်မြှင့်ပေးရန်နှင့် ပေါက်ကွဲရေး မိုင်းအတွင်းပိုင်း ပင်မယမ်းများ အလုပ်လုပ်ဖို့ စတင်ပေးရန် ဖြစ်သည်။
ပင်မ ယမ်း
ပြင်ဆင်ရန်အဓိက(လူထိအောင် တကယ်ပေါက်ကွဲမည်ဖြစ်သော)ယမ်းသည် ပေါက်ကွဲရေးအားမြှင့်ပစ္စည်းက အစပြုပေးလျှင် ပေါက်ကွဲမည်ဖြစ်သော လုံးဝ ပေါက်ကွဲရေးသက်သက်ပစ္စည်း ဖြစ်သည် ။ မိုင်းတစ်ခုလုံးကို အလွန်တုံ့ပြန်လွယ်သော စနက်တံက ဖြစ်သော (သို့မဟုတ်က) အားမြှင့်ပစ္စည်း၏ အပိုင်းဖြစ်သော ပေါက်ကွဲရေးပစ္စည်းများနှင့်သာ အလုပ်လုပ်စေပါက ပို၍ အကုန်အကျများစေနိုင်ပြီး မိုင်းသည် လွန်စွာ တုံ့ပြန်ပေါက်ကွဲလွယ်ကာ ထိုသို့လျှင် မတော်တဆ ပေါက်ကွဲခြင်းကို ဖြစ်စေနိုင်သောကြောင့် ယင်း အဓိကယမ်းအစိတ်အပိုင်းက လိုအပ်ပါသည် ။ အများစုဖြစ်သည့် ပေါက်ကွဲပစ်သော လူထိမိုင်းအမျိုးအစား TNT ယမ်းများတွင် ပေါင်းစပ်ပစ္စည်း-ဘီ [ဘာသာပြန်သူ၏ ဖြည့်စွက်ချက် - နာမည် "ဘီ(B)"သတ်မှတ်ကာ ပေါင်းစပ်ဖွဲ့စည်းထားသည့် ပစ္စည်းတစ်ခု] သို့မဟုတ် အကူဓာတ်ပစ္စည်းလိုသော RDX များကို သုံးသည် ။ ယူအက်စ် M14 မိုင်း တွင် tetryl ၂၉ ဂရမ်ကို အသုံးပြုထားပြီး ရုရှား PMN မိုင်းတွင် TNTယမ်း ၂၄၀ ဂရမ်ကို အသုံးပြုသည် ။
တပ်ဆင်ပုံ
ပြင်ဆင်ရန်ပေါက်ကွဲပစ်သော ခန္ဓာထိခိုက်ရေးမိုင်းအမျိုးအစား မိုင်းများသည် အသုံးများသော အမျိုးအစားဖြစ်ပြီး လုပ်ရိုးလုပ်စဉ်အရ (သစ်ရွက် သို့ ကျောက်တုံးများနှင့် ဖုံးထားသော) မြေပြင်တွင် (သို့မဟုတ်) ၁၀ - ၂၀ မီလီမီတာ အနက်ရှိသည့် မြေကြီးအောက်တွင် မြှုပ်၍ တပ်ဆင်သည် ။ ယင်းတို့ကို ဖိအားသက်ရောက်ခြင်းဖြင့် အလုပ်လုပ်စေသည် ၊ ဆိုလိုသည်မှာ ကံဆိုးသူမောင်ရှင်က ၎င်းတို့ကို နင်းမိလျှင် ဖြစ်သည် ။ သို့သော် ယာဉ်တစ်စီးက ၎င်းတို့အပေါ် ဖြတ်မောင်းသွားလျှင်လည်း အလုပ်လုပ်စေနိုင်သည် ။
၎င်းတို့ကို နေရာပိတ်ပင်တားမြစ်ရေး လက်နက်အဖြစ် သုံးဖို့ ပုံစံဒီဇိုင်း ရေးဆွဲထားခြင်း ဖြစ်သည် ။ ထိုသို့သော လက်နက်များသည် တဖက်စစ်သားများအား သတ်မှတ်ထားသော နေရာတစ်ခုကို ဝင်ရောက်လာခြင်းမရှိအောင် ဟန့်တားနိုင်စေရန်ဖြစ်သည် ။
အပိုင်းအစကြဲထွက်သည့် မိုင်းများ
ပြင်ဆင်ရန်ပေါက်ကွဲပစ်သော မိုင်းများသည် တဦးတယောက်ကို အနာတရအကြီးအကျယ်ဖြစ်သွားစေဖို့ ဒီဇိုင်းရေးဆွဲထားခြင်းဖြစ်သော်လည်း အပိုင်းအစကြဲထွက်သည့် မိုင်းများ (ဒုတိယကမ္ဘာစစ် ခေတ်က ဂျာမန် အက်စ်-မိုင်း ကဲ့သို့)သည် နေရာအကျယ်တစ်ခုကို အပိုင်းအစများ လွှင့်ထွက်သွားစေပြီး အနီးအနားက လူတို့ကို အပိုင်းအစထိခိုက်သော ဒဏ်ရာ ရစေကုန်ဖို့ ဒီဇိုင်းရေးဆွဲထားခြင်း ဖြစ်သည် ။ [၂]
အပိုင်းအစကြဲထွက်သည့် မိုင်းများသည် ယေဘုယျအားဖြင့် ပေါက်ကွဲပစ်သော မိုင်းများထက် ပိုကြီးပြီး ပိုလေးကြကာ သံဓာတ်ပါသော သတ္တုပမာဏအမြောက်အမြား (များသောအားဖြင့် ကီလိုဂရမ်များစွာ) ပါဝင်သည် ။ ဒီလိုပုံစံမျိုးကြောင့် အနီးပတ်ဝန်းကျင်တွင် သံအများအပြား တည်ရှိမှု ရှိမနေလျှင် သူတို့ကို ထောက်လှမ်းဖို့ လွယ်ကူသည် ။
အကျိုးသက်ရောက်ပုံ
ပြင်ဆင်ရန်ဤမိုင်းဗုံးများသည် နေရာအကျယ်တစ်ခုအထိ ဗုံးဆံများ ပြန့်ကြဲ ရောက်နိုင်ကာ တိုက်ခိုက်ရေးသမား အမြောက်အမြားကို ပိုပြီး ဒဏ်ရာရစေဖို့ အလားအလာရှိသောကြောင့် လုံးဝ"ပေါက်ကွဲပစ်သည့်မိုင်း"တစ်ခုထက် ပိုမိုထိရောက်ပါသည် ။
ယင်းမိုင်းဗုံးများမှ ဗုံးဆံများသည် တချို့သော သံချပ်ကာယာဉ်များ၏ ဘီးများကို ထိုးဖောက်ပစ်ခြင်းဖြင့် ရပ်တန့်သွားစေနိုင်ပြီး ကားကိုယ်လုံးထည် ပါးသော ယာဉ်များကိုဆိုလျှင် အထည်ကို ထိုးဖောက်ဝင်ရောက်ကာ အထဲမှ ပစ္စည်းများကို သို့မဟုတ် လူကို ထိခိုက်စေသည် ။ အပိုင်းအဆကြဲသော မိုင်းများတွင် ပေါက်ကွဲပစ်သောမိုင်းများထက် ယမ်းများ ပိုမိုပါဝင်သောကြောင့် ၎င်းအပေါ် တည့်တည့် ဖြတ်သွားမည့် သံချပ်ကာမဟုတ်သော ယာဉ်များကို ထိခိုက်မှုအမြောက်အမြား ဖြစ်စေသည် ။
အပိုင်းအစကြဲထွက်သော မိုင်းဗုံးအမျိုးအစားများ
ပြင်ဆင်ရန်မြေစိုက်မိုင်း
ပြင်ဆင်ရန်ဤမိုင်းများ (ရုရှား POMZ မျိုးကဲ့သို့သော)သည် မြေပေါ်တွင် အပြည့်အဝရှိနေပြီး သင့်တော်သော မြေပေါ်အမြင့်တစ်ခုအထိ ရှိနေအောင် စိုက်ထားသော အတံပေါ်၌ အပိုင်းအစကြဲထွက်နိုင်သော ထိပ်ဖူး တပ်ထားသည် ၊ အပင်များ သို့မဟုတ် အမှိုက်များနှင့် ဖုံးအုပ်ထားပြီး မိုင်းတိုက်ကြိုး တစ်ခု(သို) အများဖြင့် မိုင်းဆွဲနိုင်သည် ။
ခုန်ထွက်မိုင်း
ပြင်ဆင်ရန်ခုန်ထွက်မိုင်းများတွင် စက်ပွင့်သွားသောအခါ မိုင်း၏ အဓိက အစိတ်အပိုင်းကို ရင်ဘတ်အမြင့်နားသို့ တက်လာပြီး ပေါက်ကွဲနိုင်အောင် ပစ်တင်ပေးဖို့ လေပေါ် မ,တင်ပေးသော ယမ်းအနည်းငယ် ပါဝင်သည် ။ ယင်းသည် သေစေနိုင်သော ဗုံးစများကို ဧရိယာနေရာကျယ်ကျယ်တစ်ခုအထိ ပျံ့ကြဲထွက်သွားအောင် ပြုလုပ်ပေးသည် ။ အမျိုးအစားတစ်ခုသော မိုင်း—ယူအက်စ် M16 မိုင်း လိုမျိုး—သည် ၂၀၀ မီတာအကျယ်အဝန်း (၆၆၀ ပေ)အတွင်း ဒဏ်ရာအနာတရများကို ဖြစ်စေနိုင်သည် ။ စတီးဗုံးဆံများနှင့် ခုန်ထွက်မိုင်းများကို ထောက်လှမ်းဖို့ လွယ်ကူသဖြင့် မိုင်းရှင်းလင်းမှုကို ခက်ခဲစေရန် ယင်းတို့၏ ပတ်ပတ်လည်တွင် သတ္တုနည်းနည်းပါမိုင်းများကို ထားကြသည် ။
ချိန်ရွယ်မိုင်း
ပြင်ဆင်ရန်နေရာတစ်ခုကို ချိန်ရွယ်ကာ အပိုင်းအဆ ပေါက်ကွဲကြဲထွက်သော လက်နက်များ(M18 Claymore မိုင်း ကဲ့သို့)သည် သတ်မှတ်ထားသော ဧရိယာနေရာတစ်ခုဆီကိုသာ ၎င်း၏အပိုင်းအဆများကို ဦးတည်ထွက်ရန် ပုံစံစီမံထားသောကြောင့် အခြားသော အမျိုးအစားများနှင့် ကွဲပြားသည် ။ ယင်းတို့ကို သုံးလျှင် ပေါက်ကွဲမှုသည် ချိန်ထားသော နေရာတစ်ခုဆီ ဦးတည်နေမှာ ဖြစ်ပြီး ကိုယ့်လူ အဖွဲ့များဆီက ဝေးရာလည်း ဖြစ်သည် ။ [ရှေ့တွင်]ရန်သူနှင့် ရင်ဆိုင်နေရသော်လည်း တပ်ဖွဲ့ဝင်များသည် ထိုမိုင်းဗုံးမျိုးကို မိမိတို့နေရာနှင့် နီးရာတွင် ထောင်ထားကာ မိမိကိုယ်ကို ကာကွယ်နိုင်ဖို့အတွက်လည်း ၎င်းကို စီမံထားခြင်း ဖြစ်သည် ။ ထိုမိုင်းများကို ပုံမှန်နည်းလမ်းများဖြစ်သည့် မိုင်းတိုက်ကြိုးနှင့် ဖြစ်ဖြစ် အာရုံခံစနစ်နှင့် အလုပ်လုပ်စေခြင်းဖြစ်ဖြစ် ပေါက်ကွဲစေနိုင်သည် ။ ၎င်းတို့ကို များသောအားဖြင့် အမေရိကန်လုပ် အပိုင်းအစကြဲမိုင်းအမျိုးအစားများမှ claymore မိုင်း များကို [စံနမူနာပြ]ရည်ညွှန်းဖော်ပြကြသည် ။
ပုံပြခန်း
ပြင်ဆင်ရန်-
ခုန်ထွက်မိုင်း - ဂျာမန်လုပ် S-Mine
-
မြေစိုက်မိုင်း - မိုင်းတိုက်ကြိုးနှင့် ယူဂိုဆလားဘီးယားလုပ် IMP မိုင်းတစ်ခု (၁၉၉၆ ဘော်လကန်)
-
ချိန်ရွယ်မိုင်း - ရုရှားလုပ် MON-50
-
ပေါက်ကွဲထွက်သော မိုင်း - အမေရိကန်လုပ် M14
-
ပေါက်ကွဲထွက်သော မိုင်း- ရုရှားလုပ် PMN1 နှင့် PMN2
-
ပေါက်ကွဲထွက်သော မိုင်း - မြှုပ်ထားသော အနေအထား အီတလီလုပ် TS-50
-
ပေါက်ကွဲထွက်သော မိုင်း - အီတလီလုပ် VS-MK2 (တဝက်ပိုင်းဖြတ် ပြထားသော မြင်ကွင်း)
-
ခုန်ထွက်မိုင်း - ယူဂိုဆလားဗီးယားလုပ် PROM-1
ရရာနှင့် ဖန်တီးထားသော ပေါက်ကွဲရေး ပစ္စည်းများ
ပြင်ဆင်ရန်၂၁ ရာစု ပဋိပက္ခများတွင် ခန္ဓာထိခိုက်ရေးမိုင်းအမျိုးအစား improvised explosive devices (IED) [မြန်မာပြန် - ရရာနှင့် ဖန်တီးထားသော ပေါက်ကွဲရေး ပစ္စည်းများ]သည် သမရိုးကျ ထုတ်လုပ်ထားသော (သို့မဟုတ်) စစ်သုံး မြေမြှုပ်မိုင်းထက် ယာဉ်မဲ့ခရီးသွားသော (ခြေကျင်ခရီးသည်) စစ်သားများနှင့် အရပ်သားများကို ထိခိုက်ဒဏ်ရာပိုပေးလာသည့် ပယောဂရှင် ဖြစ်လာခဲ့သည် ။ BMJ Openအဖွဲ့အစည်းက ၎င်းဒဏ်ရာများသည် မြေမြှုပ်မိုင်းများကြောင့်ထက် ပိုဆိုးကြောင်း ၊ များစွာသော ခြေလက် ကိုယ်ခန္ဓာအစိတ်အပိုင်း ဖြတ်တောက်ကုသရခြင်း နှင့် ခန္ဓာအောက်ပိုင်း ချို့ယွင်းသွားခြင်းများ ဖြစ်စေခဲ့ကြောင်း ထုတ်ဖော်ခဲ့သည် ။ [၃] ထိုဒဏ်ရာအနာတရများအကြောင်းကို စုပေါင်း၍ "Dismounted Complex Blast Injury(DCBI)"[မြန်မာပြန် - အကာအကွယ်မဲ့ ပေါက်ကွဲမှုမှ အမျိုးမျိုးသော ဒဏ်ရာ]ဟု အမည်တပ်ပြီး စစ်ပွဲအတွင်း အသက်ရှင်နိုင်ခြေရှိသော ဒဏ်ရာများမှ အဆိုးဆုံးအဖြစ် ထင်မှတ်ခဲ့ကြသည် ။ [၄]
အခြားမိုင်းအမျိုးအစားများ
ပြင်ဆင်ရန်ဒုတိယကမ္ဘာစစ်အတွင်း flame fougasse [မီးတောက် ဖူးဂတ်စ်] ဟု အသိများသော မီးတောက်မီးလျှံမိုင်းများကို ၁၉၄၀ ခုနှစ် ကျူးကျော်စစ်ပွဲများကာလ အကျပ်အတည်းအတွင်း ဗြိတိန်တို့ ထုတ်လုပ်ခဲ့သည် ။ နောက်ပိုင်းတွင် ဆိုဗီယက်တို့က FOG-1 ဟုခေါ်သော မီးတောက်မီးလျှံမိုင်းကို ထုတ်လုပ်ခဲ့ကြသည် ။ ၎င်းကို ဂျာမန်တို့က Abwehrflammenwerfer 42 [အဘွီးရားဖလမ်းဝဲလ်ဖား - ကာကွယ်ရေး မီးပစ်လက်နက်]ကို ထုတ်လုပ်ဖို့အတွက် အတုယူခဲ့ပြီး အင်မတန် အသုံးဝင်ခဲ့သည် ၊ မီးပစ်လက်နက်ကို မိုင်းတိုက်ကြိုးနှင့် ဆွဲ၍လည်း အလုပ်လုပ်စေသည် ။
ဓာတုပစ္စည်းသုံးမိုင်းများကိုလည်း တီထွင်ခဲ့ဖူးကြသည် ။၎င်းတို့ကို ဗြိတိန် ၊ အမေရိကန် နှင့် ဆိုဗီယက်တို့က ဒုတိယကမ္ဘာစစ်အတွင်း ပြုလုပ်ခဲ့ကြပေမဲ့ ဘယ်သောအခါမှ အသုံးပြုခဲ့ခြင်း မရှိပါ။ စစ်အေးကာလအတွင်း အမေရိကန်တို့သည် VX(အာရုံကြောအလုပ်လုပ်ပုံကို ပြောင်းလဲစေသော ပစ္စည်း) ပါဝင်သည့် M23 ဓာတုမိုင်းကို ထုတ်လုပ်ခဲ့သည် ။ အနည်းငယ်သော ပေါက်ကွဲရေးယမ်းမှုန့်များက မိုင်း(အထည်ကို)ကို ပွင့်သွားအောင် ပေါက်စေပြီး မိုင်း စတင်အလုပ်လုပ်သောအခါ ဓာတုပစ္စည်းများကို ပျံ့နှံ့သွားစေသည် ။
ဥပမာများ
ပြင်ဆင်ရန်- ဒုတိယကမ္ဘာစစ်က ခန္ဓာထိခိုက်ရေးမိုင်းများ
- S-mine ( Bouncing Betty - ခုန်ပေါက်နေတဲ့ ဘက်တီ ) - နာမည်ဆိုးဖြင့်ကျော်ကြားသောဂျာမန် ခုန်ထွက်မိုင်း ၊ စစ်ပွဲပြီးနောက် ၎င်းကို အများအပြား ပုံစံယူထုတ်လုပ်ခဲ့ကြသည် ။
- ဂလပ်စမိုင် ၄၃ - တစ်ခုလုံး ဖန်နှင့် ပြုလုပ်ထားသောကြောင့် ဤဂျာမန်မိုင်းကို ရှာဖွေရန်ခက်ခဲစေရန်ဖြစ်သည်။
- PDM-6 နှင့် PMD-7 - ဒုတိယကမ္ဘာစစ်အတွင်းက ဆိုဗီယက်တို့ သစ်သားများနှင့်ပြုလုပ်သော မိုင်းများ။
- စစ်ပြီးခေတ်၊ အမေရိကန်လုပ် ခန္ဓာထိခိုက်ရေးမိုင်းများ
- ကျောက်စရစ်ယောင်ဆောင် မိုင်းများ ၁၉၆၀ မှ ၁၉၇၀ ခုနှစ်များတုန်းက ဖြစ်သည် ။ ရိုးရှင်းပြီး စက် အစိတ်အပိုင်းများ လုံးဝမပါသည့် မိုင်းအသေးစားပေါ့ ။ ဗီယက်နမ်စစ်ပွဲမှာ သန်းနဲ့ချီ သုံးခဲ့သည် ။
- M16 : ဂျာမန် S-mine အား မွမ်းမံထားသည့် ဗားရှင်း ပုံစံ။
- BLU-43 ( Dragontooth - နဂါးသွား ) ၁၉၇၀ ခုနှစ် ။ ဗီယက်နက်စစ်ပွဲအတွင်း သုံးသော လေယာဉ်နှင့် ပစ်ချကာ ထောင်သည့် မိုင်း။
- GATOR မိုင်း စနစ် - ခေတ်မီသော ဖြန့်ကျက်မှုစနစ်ဖြစ်သည် ။ AP ( BLU-92 / B ) နှင့် တင့်ကားတိုက်ဖျက်ရေးမိုင်းများပါဝင်သည်။
- M18 Claymore : ချိန်ရွယ် မိုင်းဗုံး ။
- M86 နောက်ကြောင်းရှင်း ခဲယမ်းလက်နက် - ၎င်း၏ မိုင်းတိုက်ကြိုးများကို အလိုအလျောက် မိုင်းဆွဲစေနိုင်သည့် မိုင်းတိုက်ကြိုးဆွဲ ခုန်ထွက်မိုင်း [ဘာသာပြန်လိုအပ်ချက်ရှိသည်] ။ ၎င်းကို အထူးတပ်ဖွဲ့ဝင်များက နောက်ယောင်ခံလိုက်လာသော ရန်သူများကို ရှောင်တိမ်းရန် အသုံးပြုဖို့ ရည်ရွယ်ထားခြင်း ဖြစ်သည် ။
- စစ်ပြီးခေတ်၊ ရုရှားလုပ် ခန္ဓာထိခိုက်ရေးမိုင်းများ
- PFM-1 ( butterfly mine - လိပ်ပြာမိုင်း ၊ နေတိုးအဖွဲ့အခေါ် - Blue Parrot - အပြာရောင်ကြက်တူရွေး ) ခေတ်မီသည် ။
- POMZ : မိုင်းတိုက်ကြိုးအသုံးပြု ဖေါက်ခွဲသည် ၊ မြေစိုက်မိုင်း ။
- MON-50 - ရုရှားလုပ် ချိန်ရွယ်မိုင်း ၊ အမေရိကန် M18 Claymore နှင့်ဆင်တူသည်။
- PMN mine - မိုင်းကွင်းရှင်းလင်းသည့် လုပ်ငန်းစဉ်အတွင်း အများဆုံးတွေ့ကြုံခဲ့ရသည့် မိုင်းများမှ တစ်ခု ။
- MON-200 - TNT ယမ်းမှုန့် ၁၂ ကီလိုဂရမ် ထည့်ထားသည့် မိုင်းဗုံး အကြီးစားတစ်ခု။ ယာဉ်ငယ်များကို ထိခိုက်စေဖို့လည်း အသုံးဝင်သည် ။
- စစ်ပြီးကာလ၊ ဗြိတိသျှလုပ် ခန္ဓာထိခိုက်ရေးမိုင်းများ
- HB 876 မိုင်း - ၁၉၇၀ - ၁၉၉၉ ခုနှစ် ။ JP233 လေယာဉ်ပြေးလမ်းကြောင်းတိုက်ခိုက်ရေးစနစ်တွင် ပါဝင်သည့် လေကြောင်းက ပစ်ချ၍ ထောင်သော မိုင်းတစ်ခု ဖြစ်သည် ။ JP233 နှင့် တိုက်ခိုက်သည့် အခေါက်တိုင်း 215 HB 876 များကိုလည်း ပစ်ချ ထောင်ထားခဲ့သည် ၊ ပျက်စီးသွားသော လေယာဉ်လမ်းပြောင်းအား ပြုပြင်မှုကို နှေးစေပြီး အန္တရာယ် ဆက်ပေးနိုင်စေဖို့ပါ ။
- ယူဂိုဆလားလုပ် ခန္ဓာထိခိုက်ရေးမိုင်း
- MRUD : M18 Claymore နှင့်ဆင်တူသော ချိန်ရွယ်မိုင်း ။
မူပိုင်ခွင့်
ပြင်ဆင်ရန်ခန္ဓာထိခိုက်ရေးမိုင်းများသည် ဥရောပ မူပိုင်ခွင့်ရေးရာ သဘောတူညီချက်အောက်က မူပိုင်ခွင့်ထားရှိမှုမှ ဖယ်ထုတ်ထားသော အရာဝတ္ထု-အကြောင်းအရာများ၏ ဥပမာပြစရာ ဖြစ်နေကျ ဖြစ်သည် ၊ အကြောင်းမှာ ထိုသို့သော တီထွင်မှုများကို လူထုထံ ထုတ်ဝေခြင်း သို့မဟုတ် အသုံးချခြင်းသည် ပြည်သူလူထုအပေါ် အသုံးချသည့် ပေါ် လစီဝါဒ " နှင့်/သို့တည်းမဟုတ် လူသားကျင့်ဝတ်နှင့်ပါ မညီသောကြောင့် ဖြစ်သည် (တမ်းပလိတ်:EPC Article).[၅]
အမည်ခေါ်ဝေါ်မှုကို ဝေဖန်မှု
ပြင်ဆင်ရန်စာရေးဆရာ ရော့ဘ် နီဆွန်သည် မိုင်းကို ဖော်ပြရာတွင် နာမဝိသေသနဖြစ်သော "anti-personnel"ဆိုသည်တွင် "personnel" ဟူသည့် စကားလုံးမှာ တစ်ခုခုသော အဖွဲ့အစည်းထဲတွင် ပါဝင်နေသော လူပုဂ္ဂိုလ်များအတွက် ရည်ညွှန်းခြင်း ဖြစ်နေသော်လည်း အပြင်လက်တွေ့မှာ "မိုင်းကြောင့် သေဆုံးရခြင်း၏ ငါးပုံလေးပုံမှာ အရပ်သားများဖြစ်ပြီး" အထူးသဖြင့် ကလေးငယ်များ ဖြစ်နေသည် ဆိုသည်ကို ဝေဖန်ခဲ့သည် ။ ထို့ကြောင့် သူက ထိုနာမည်သည် "သူတို့က အဖွဲ့အစည်းတစ်ခု ၊ စစ်တပ်တစ်ခုနှင့် တခြားသော အရာများကို ချိန်ရွယ်အသုံးပြုပါသည်ဆိုတာကို သွယ်ဝိုက်ဖော်ပြကာ သူတို့၏ တိကျမှုကို ဂုဏ်ဆာပြရန် လုပ်ခြင်းသာ" ဖြစ်သည်ဟု ငြင်းခုံလေသည်။[၆]
အင်္ဂလိပ်ဝီကီပီးဒီးယားတွင် ဖတ်ရန်
ပြင်ဆင်ရန်- တင့်ကားတိုက်ဖျက်ရေးမိုင်း
- ပြင်ပ ပေါက်ကွဲမှု ခံနိုင်သော မိုင်း
- အဖြုတ်မခံ စက်ပစ္စည်း
- ခုန်ထွက်မိုင်း
- မိုင်းဖယ်ရှင်းခြင်း
- Fougasse (လက်နက်) [အသံထွက် - ဖူးဂတ်စ်]
- Handicap International [ဘာသာပြန် - လူသားရေးရာနှင့် ပါဝင်ကူညီရေး နိုင်ငံတကာအဖွဲ့]
- မိုင်းရှင်းလင်းရေး အေဂျင်စီ
- မိုင်း အကြံပေး အဖွဲ့
- ခန္ဓာထိခိုက်ရေးမိုင်းများအား အသုံးပြုခြင်း ၊ သိုလှောင်သိမ်းထားခြင်း ၊ ထုတ်လုပ်ခြင်းနှင့် လွှဲပြောင်းပေးခြင်းများကို တားမြစ်ရေးနှင့် မိုင်းများကို ဖျက်သိမ်းရေး အကြောင်း သဘောတူညီချက် ၊ အော့တဝါ သဘောတူစာချုပ်ဟုလည်း သိကြသည် ။
- Swiss Foundation for Mine Action (FSD) [ဘာသာပြန် - မိုင်းများ ကိုင်တွယ်စီမံခြင်းဆိုင်ရာ ဆွဇ် ဖောင်ဒေးရှင်း]
ကိုးကားချက်များ
ပြင်ဆင်ရန်- ↑ Marine wins battle for bungalow (5 March 2009)။
- ↑ "How Axis Mines Work" Popular Mechanics, April 1944, p. 131
- ↑ "Injury profile suffered by targets of antipersonnel improvised explosive devices: prospective cohort study" (2017). BMJ Open 7 (7). doi: . PMID 28835410.
- ↑ "Dismounted Complex Blast Injuries: A Comprehensive Review of the Modern Combat Experience." (2016). J Am Coll Surg 223 (4). doi: . PMID 27481095.
- ↑ တမ်းပလိတ်:EPO Guidelines, "Matter contrary to "ordre public" or morality".
- ↑ Nixon၊ Rob (2011)။ Slow violence and the environmentalism of the poor။ Cambridge, Mass: Harvard University Press။ pp. 222–223။ ISBN 9780674049307။
ပြင်ပလင့်များ
ပြင်ဆင်ရန်- "Antipersonnel Mines" Popular Science, February 1945, p. 71, article for US public about the German Mustard Pot Mine and the Sch-Mine.
- Mines Advisory Group
- Typical antipersonnel mine injuries. Warning: graphic photographs
- Additional images of mine injuries. Warning: graphic photographs
- Instructional video covering the treatment of mine injuries. Produced by the Red Cross. Warning: graphic video
- mine injury. Warning: graphic photograph
- Introductory note by Stuart Casey-Maslen, procedural history note and audiovisual material on the Convention on the Prohibition of the Use, Stockpiling, Production and Transfer of Anti-Personnel Mines and on their Destruction in the Historic Archives of the United Nations Audiovisual Library of International Law