ကိုဩဒိနိတ်: 30°N 70°E / 30°N 70°E / 30; 70


ပါကစ္စတန်နိုင်ငံ(တရားဝင်အခေါ်အားဖြင့် ပါကစ္စတန် အစ္စလာမ်သမ္မတနိုင်ငံ) သည် တောင်အာရှတွင်ရှိသော အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ၁၀၄၆ ကီလိုမီတာ (၆၅၀ မိုင်) ရှည်လျားသော ကမ်းရိုးတန်းရှိပြီး တောင်ဘက်တွင် အာရေဘီယံပင်လယ် နှင့် အိုမန်ပင်လယ်ကွေ့ တို့ရှိသည်။ အနောက်ဘက်တွင် အာဖဂန်နစ္စတန်နိုင်ငံ နှင့် အီရန်နိုင်ငံတို့၊ အရှေ့ဘက်တွင် အိန္ဒိယနိုင်ငံ၊ အရှေ့မြောက်ဘက် အဖျားတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက် ရှိသည်။ တာဂျစ်ကစ္စတန်နိုင်ငံသည် ပါကစ္စတန်နိုင်ငံနှင့် အလွန်နီးစပ်စွာ တည်ရှိသော်လည်း ကျဉ်းမြောင်းသော ဝါ့ခ်ဟမ် ကုန်းမြောင်ဖြင့် ခြားနားထားသည်။ တည်နေရာအားဖြင့် တောင်အာရှ၊ အလယ်အာရှ နှင့် အရှေ့အလယ်ပိုင်းတို့ ကြားတွင် မဟာဗျူဟာကျစွာ တည်ရှိသည်။

ပါကစ္စတန် အစ္စလာမ် သမ္မတနိုင်ငံ
اسلامی جمہوریۂ پاکستان
  • اِسلامی جمہوریہ پاكِستان (အူရဒူ)
  • Islāmī Jumhūriyah Pākistān[]
ပါကစ္စတန်နိုင်ငံ၏ အလံတော်
အလံတော်
ပါကစ္စတန်နိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်
အမှတ်တံဆိပ်
ဆောင်ပုဒ်: Īmān, Ittihād, Nazam
ایمان، اتحاد، نظم (အူရဒူ)
"Faith, Unity, Discipline"[]
နိုင်ငံတော် သီချင်း: Qaumī Tarānah
قَومی ترانہ
"The National Anthem"
ပါကစ္စတန်နိုင်ငံမှ ထိန်းချုပ်ထားသော နယ်မြေအား အစိမ်းရင့်ရောင်ဖြင့် ဖော်ပြထားပြီး ပိုင်ဆိုင်သည်ဟုဆိုသော်လည်း မထိန်းချုပ်နိုင်သည်မြေကို အစိမ်းနုဖြင့် ဖော်ပြထားသည်။
ပါကစ္စတန်နိုင်ငံမှ ထိန်းချုပ်ထားသော နယ်မြေအား အစိမ်းရင့်ရောင်ဖြင့် ဖော်ပြထားပြီး ပိုင်ဆိုင်သည်ဟုဆိုသော်လည်း မထိန်းချုပ်နိုင်သည်မြေကို အစိမ်းနုဖြင့် ဖော်ပြထားသည်။
မြို့တော်အစ္စလာမာဘတ်မြို့
33°41′30″N 73°03′00″E / 33.69167°N 73.05000°E / 33.69167; 73.05000
အကြီးဆုံးမြို့ကရာချိမြို့
24°51′36″N 67°00′36″E / 24.86000°N 67.01000°E / 24.86000; 67.01000
ရုံးသုံး ဘာသာစကားများအင်္ဂလိပ်အူရဒူ
ဒေသဘာသာစကားများPunjabi (၃၉%) • ပါရှတို (၁၈%) • Sindhi (၁၅%) • Saraiki (၁၂%) • Balochi (၃%) • Hindko (၂%) • Pothwari (၁%) • Brahui (၁%) • Kashmiri (၀.၁၇%)

Baltien:BurushaskiDameliDomaakiGawar-BatiKalashaKhowarKohistaniKutchiMemoniShinaWakhiYidgha
လူမျိုးစု (၂၀၂၀[])
ကိုးကွယ်မှု
လူမျိုးPakistani
အစိုးရဖက်ဒရယ် ပါလီမန် ဖွဲ့စည်းပုံ သမ္မတနိုင်ငံစနစ်
Arif Alvi
Imran Khan
Sadiq Sanjrani
Asad Qaiser
Gulzar Ahmed
ဥပဒေပြုလွှတ်တော်ပါလီမန်
ဆီးနိတ်လွှတ်တော်
အမျိုးသားလွှတ်တော်
လွတ်လပ်ရေးရရှိခြင်း ယူနိုက်တက် ကင်းဒမ်းမှ
၁၉၄၇ ခုနှစ် ဩဂုတ်လ ၁၄ ရက်
၁၉၅၆ ခုနှစ် မတ်လ ၂၃ ရက်
၁၉၇၂ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်
၁၉၇၃ ခုနှစ် ဩဂုတ်လ ၁၄ ရက်
ဧရိယာ
• စုစုပေါင်း
၈၈၁,၉၁၃ km2 (၃၄၀,၅၀၉ sq mi)[မှတ်စု ၁][] (အဆင့်: ၃၃)
• ရေထု (%)
၂.၈၆
လူဦးရေ
• ၂၀၂၁ ခန့်မှန်း
Increase ၂၂၅,၁၉၉,၉၃၇[] (အဆင့် - )
• ၂၀၁၇ သန်းခေါင်စာရင်း
Increase ၂၀၇.၈ မီလီယံ
• သိပ်သည်းမှု
၂၄၄.၄/km2 (၆၃၃.၀/sq mi) (အဆင့် - ၅၆)
GDP (PPP)၂၀၂၁ ခန့်မှန်း
• စုစုပေါင်း
Increase $၁.၁၁၀ ထရီလီယံ[] (အဆင့် - ၂၆)
• Per capita
Increase $၅,၈၃၉[] (အဆင့် - ၁၃၉)
GDP (nominal)၂၀၂၁ ခန့်မှန်း
• စုစုပေါင်း
Increase $၂၉၆ ဘီလီယံ[] (အဆင့် - ၄၃)
• Per capita
Increase $၁,၅၄၃[] (အဆင့် - ၁၅၉)
Gini (၂၀၁၈) ၃၁.၆[]
အလယ်
HDI (၂၀၁၉)Increase ၀.၅၅၇[၁၀]
အလယ် · ၁၅၂
အချိန်ဇုန်PKT (UTC+05:00)
DSTအား အသုံးပြုခြင်းမရှိပါ
ရက်စွဲပုံစံ
ယာဉ်ကြောစနစ်ဘယ်[၁၁]
တယ်လီဖုန်းကုဒ်+၉၂
Internet TLD.pk
ဝက်ဘ်ဆိုဒ်
pakistan.gov.pk


၁၉၄၇ ခုနှစ် အိန္ဒိယလွတ်လပ်ရေး အက်ဥပဒေအရ၊ အိန္ဒိယပြည်မကြီးကို ကိုးကွယ်ရာအယူဝါဒကိုလိုက်၍ နှစ်စုခွဲလိုက်ရာ၊ ၁၉၄၇ ခုနှစ် ဩဂုတ် ၁၄ ရက်နေ့တွင် ဒိုမီနီယန်အဆင့်အတန်းရှိသော ပါကစ္စတန်နိုင်ငံသည် ‌ထွန်းပေါ်လာလေသည်။ ပါကစ္စတန်နိုင်ငံ၏ ပထမဦးဆုံး ဘုရင်ခံချုပ်မှာ မိုဟာမက် အလီဂျင်နာ ဖြစ်သည်။ ထို့နောက် ၁၉၅၆ ခု ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် ပါကစ္စတန်နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေသည် အတည်ဖြစ်လာ၍၊ ထိုနှစ် မတ်လ ၂၃ ရက်နေ့တွင် ပါကစ္စတန်နိုင်ငံသည် အစ္စလာမ်အယူဝါဒကို အခြေခံပြုသော ပါကစ္စတန်သမ္မတနိုင်ငံဖြစ်ကြောင်း ကြေညာလေသည်။ သို့သော် ထိုနိုင်ငံသည် ဗြိတိသျှဓနသဟာယအဖွဲ့တွင် ပါဝင်၍၊ ဗြိတိသျှဘုရင်မကို လွတ်လပ်သောနိုင်ငံများ ပေါင်းစပ်ဖွဲ့စည်းခြင်း၏ အထိမ်းအမှတ်အဖြစ်ဖြင့် အသိအမှတ်ပြုလေသည်။


ပါကစ္စတန်နိုင်ငံသည် အစ္စလာမ်အယူဝါဒကို ယူကြသောနိုင်ငံတို့တွင် လူဦးရေအများဆုံးနိုင်ငံဖြစ်သည်။ ထိုနိုင်ငံ၏ ထူးခြားချက်တစ်ရပ်မှာ နိုင်ငံ၏နယ်နိမိတ်သည် တစပ်တည်းမဟုတ်ဘဲ၊ အရှေ့ဘက်တွင် အရှေ့ပါကစ္စတန်နှင့် အနောက်ဘက်တွင် အနောက်ဘက်တွင် အနောက်ပါကစ္စတန်ဟု တခုနှင့် တခု မိုင်ပေါင်း ၉၀၀ မျှ ကွာဝေး၍ တည်နေခြင်းဖြစ်သည်။ ဤသို့ဖြစ်ရခြင်းမှာ မွတ်စလင်အများဆုံးရှိသော ဒေသကိုရွေးချယ်၍ ပါကစ္စတန်နိုင်ငံ နှစ်ပိုင်းတို့၏စပ်ကြား၌ အိန္ဒိယသမ္မတနိုင်ငံတွင် ပါဝင်သော ပြည်နယ်များရှိသည်။ အနောက်ပါကစ္စတန်နိုင်ငံတွင် ဗလူချီစတန်၊ သိန္ဒုနယ်၊ ပန်ဂျပ်အနောက်ပိုင်းနှင့် အနောက်မြောက်နယ်ခြားဒေသတို့အပြင်၊ ပါကစ္စတန်နိုင်ငံထဲသို့ ဝင်လာသော ပဒေသရာဇ်ပြည်နယ်တို့ ပါဝင်ကြသည်။ အ‌ရှေ့ပါကစ္စတန်တွင်မူ ဘင်္ဂလားအရှေ့ပိုင်းနှင့် ယခင်က အာသံပြည်နယ်၏ ခရိုင်တစ်ခု ဖြစ်ခဲ့ဖူးသော စီလဟက်နယ်တို့ ပါဝင်ကြသည်။


ပါကစ္စတန်နိုင်ငံတခုလုံး၏ အကျယ်အဝန်းသည် ၃၆၄,၇၃၇ စတုရန်းမိုင် ဖြစ်သည်။ အနောက်ပါကစ္စတန်၏ အကျယ်အဝန်းမှာ ၃၁၀,၂၃၆ စတုရန်းမိုင်ဖြစ်၍၊ အရှေ့ပါကစ္စတန် (ဘင်္ဂလားဒေ့ရှ်) ၏ အကျယ်အဝန်းမှာ ၅၄,၅၀၁ စတုရန်းမိုင် ဖြစ်သည်။ ပါကစ္စတန်၏ လူဦးရေမှာ ၂၀၁၇ ခုနှစ် သန်းခေါင်စာရင်းအရ ၂၁၂ သန်းကျော်ရှိသည်။ လူဦးရေ၏ ၉၆ ရာခိုင်နှုန်းသည် မွတ်ဆလင်များဖြစ်သည်။ ပါကစ္စတန်နိုင်ငံတွင် နှုံးတင်မြေကြွယ်ဝသောလွင်ပြင်များနှင့် တောင်ထူထပ်သော ကုန်းပြင်မြင့်များရှိသည်။ ရာသီဥတုမှာ ပူပြင်းခြောက်သွေ့သည်။ ပါကစ္စတန်တွင် မြစ်ကြီးငါးစင်းရှိသည်။ ယင်းမြစ်ကြီးငါးစင်းမှာ အိန္ဒူမြစ်၊ ဂျေလမ်မြစ်၊ ချီနပ်မြစ်၊ ရာဝီမြစ်နှင့် ဆပ်တလက်မြစ်တို့ဖြစ်၍၊ ထိုမြစ်အားလုံးသည် ဟိမဝန္တာတောင်တွင် မြစ်ဖျားခံကြသည်။ ထိုမြစ်တို့အပြင် ကြီးကျယ်သော ဆည်မြောင်းများလည်း ရှိသဖြင့်၊ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းသည် များစွာဖွံ့ဖြိုးသည်။ ဂျုံကို အများဆုံး စိုက်ပျိုးလုပ်ကိုင်ကြသည်။ အခြားသီးနှံများမှာ ဆန်စပါး၊ ပြောင်း၊ မုယောနှင့် နှံစားပြောင်းတို့ ဖြစ်သည်။ ပါကစ္စတန်မှ နှစ်စဉ်ထွက်သော ဝါဂွမ်းအလေးချိန်သည် အိန္ဒိယနိုင်ငံထွက် အလေးချိန်၏ ၃ပုံ၁ပုံခန့်သာ ရှိသော်လည်း ပါကစ္စတန်ဝါဂွမ်းသည် အိန္ဒိယပြည်ထွက်ဝါဂွမ်းထက် ပို၍အမျိုးကောင်းသည်။ ဆီထွက်သော သီးနှံစေ့များကို နိုင်ငံခြားသို့ တင်ပို့ရောင်းချနိုင်သည်။ သိုး၊ ဆိတ်၊ ကျွဲ၊ နွားမွေးမြူရေးသည်လည်း ပါကစ္စတန်၏ လုပ်ငန်းတစ်ရပ်ဖြစ်သည်။ ရေနံ၊ ကျောက်မီးသွေး၊ ခရိုမိုက်စသော ဓာတ်သတ္တုများလည်း ထွက်သည်။ ပန်ဂျပ်နယ်မှ နှစ်စဉ် ဆားတန်ချိန်ပေါင်း ၅ သိန်းခန့် ထွက်သည်။

မှတ်ချက်များ

ပြင်ဆင်ရန်
  1. "Includes data for Pakistani territories of Kashmir; Azad Kashmir (၁၃,၂၉၇ km2 or ၅,၁၃၄ sq mi) and Gilgit–Baltistan (၇၂,၅၂၀ km2 or ၂၈,၀၀၀ sq mi).[] Excluding these territories would produce an area figure of ၇၉၆,၀၉၅ km2 (၃၀၇,၃၇၄ sq mi)."
  2. See Date and time notation in Pakistan.
  1. Minahan၊ James (2009)။ The Complete Guide to National Symbols and Emblems [2 volumes]။ ABC-CLIO။ p. 141။ ISBN 978-0-313-34497-8
  2. The State Emblem။ Ministry of Information and Broadcasting, Government of Pakistan.။ 1 July 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 21 October 2021 တွင် ပြန်စစ်ပြီး။
  3. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named cia
  4. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named Article_2
  5. Pakistan statistics။ Geohive။ 6 April 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 April 2013 တွင် ပြန်စစ်ပြီး။
  6. Where is Pakistan?
  7. Pakistan Population Growth Rate 1950-2021။ 21 October 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 21 October 2021 တွင် ပြန်စစ်ပြီး။
  8. ၈.၀ ၈.၁ ၈.၂ ၈.၃ World Economic Outlook Database, October 2020အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့။ 17 December 2020 တွင် ပြန်စစ်ပြီး။
  9. Gini Index။ World Bank။ 12 August 2021 တွင် ပြန်စစ်ပြီး။
  10. Human Development Report 2020ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (2 December 2020)။ 18 December 2020 တွင် ပြန်စစ်ပြီး။
  11. Loureiro၊ Miguel။ "Driving—the good, the bad and the ugly"၊ Daily Times၊ 28 July 2005။