ခုနှစ်စဉ်အလွမ်း(ရုပ်ရှင်)

ခုနှစ်စဉ်အလွမ်း ရုပ်ရှင်ကို ဒါရိုက်တာမောင်ဝဏ္ဏက ရိုက်ကူးခဲ့သည်။ ခုနှစ်စဉ်အလွမ်း ရုပ်ရှင်၏ မူရင်းဝတ္ထုကို စာရေးဆရာမင်းလူမှ ခုနှစ်စဉ်အလွမ်း အမည်ဖြင့် ရေးသားခဲ့သည်။ ခုနှစ်စဉ်အလွမ်း ရုပ်ရှင်တွင် အမျိုးသားသရုပ်ဆောင် သုမောင်ရူပ နှင့် အမျိုးသမီးသရုပ်ဆောင် ခင်သန်းနု၊ စုလှိုင်နှင်းတို့ အဓိကပါဝင် သရုပ်ဆောင်ထားသည်။ ယင်းရုပ်ရှင်သည် အဖြူအမည်းရုပ်ရှင်အမျိုးအစားဖြစ်ပြီး အမျိုးသားသရုပ်ဆောင် သုမောင်သည် အဆိုပါ ဇာတ်ကားဖြင့် မြန်မာ့ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆုကို ရရှိခဲ့ပြီး ဒါရိုက်တာမောင်ဝဏ္ဏသည်လည်း ယင်းဇာတ်ကားဖြင့် မြန်မာ့ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆုကို ဒုတိယအကြိမ်ရရှိခဲ့သည်။