ခုရမတောင်
ခုရမတောင် (鞍くら馬ま山やま, Kurama-yama) သည် ဂျပန်နိုင်ငံ၊ ကျိုတိုမြို့၏ မြောက်ဘက်တွင် တည်ရှိသည့် တောင်တစ်ခု ဖြစ်သည်။ ဤတောင်တွင် ရဲခိကျင့်စဉ် (Reiki) ကျင့်စဉ်စတင်မွေးဖွားလာခဲ့သည်။ ဤတောင်သည် "ဆန်းဂု" (Tengu) ဖြစ်သည့် ဆိုးဂျောဘိုး (Sojobo)၏ နေထိုင်ရာနေရာဖြစ်သည်ဟုလည်း ဆိုကြသည်။ ဤတောင်တွင် ခုရမမီးပွဲတော် (鞍馬の火祭り, Kurama no Hi-matsuri) ကို နှစ်စဉ်ကျင်းပကြသည်။ ဤပွဲတော်ကို နှစ်စဉ်အောက်တိုဘာလတွင် ကျင်းပသည်။ ခုရမဒဲရသည် ဂျပန်နိုင်ငံ၏ နိုင်ငံရတနာတစ်ခုအဖြစ် လက်ရှိအချိန်တွင် သတ်မှတ်ထားခြင်း ခံရသည်။
ခုရမတောင် | |
---|---|
အမြင့်ဆုံးအမှတ် | |
အမြင့် | ၅၈၄ m (၁,၉၁၆ ft) |
ပေါ်လွင်မှု | ၄၄ m (၁၄၄ ft) |
စာရင်းသွင်းခြင်း | List of mountains and hills of Japan by height |
ကိုဩဒိနိတ် | 35°7′26″N 135°46′17″E / 35.12389°N 135.77139°Eကိုဩဒိနိတ်: 35°7′26″N 135°46′17″E / 35.12389°N 135.77139°E |
အမည်ပေးခြင်း | |
ဒေသခေါ်အမည် | 鞍馬山 (ဂျပန်) |
ပထဝီဝင် | |
တည်နေရာ | Kyoto, Japan |
မြေမျက်နှာသွင်ပြင်ပြ မြေပုံ | Geographical Survey Institute 25000:1 大原, 50000:1 京都及大阪 |
ရောဂါကုသမှုနည်းလမ်း
ပြင်ဆင်ရန်ဤတောင်သည် လူ၏စိတ်နှင့်ခန္ဓာစသည်တို့အားလုံးကို ကုသပေးသည့် နည်းလမ်းတစ်ခုဖြစ်သည့် ရဲခိ (Reiki)ပညာရပ်မွေးဖွားရာနေရာလည်း ဖြစ်သည်။ ၁၉၂၂ ခုနှစ်တွင် ရဲခိအတတ်ပညာရပ်ကို ဖန်တီးသူ မိခအိုအုဆုအိသည် တောင်ပေါ်တွင် ၂၁ ရက်ကြာ တရားလေ့ကျင့်မှုများ ပြုလုပ်ခဲ့ပြီး ရဲခိကုသမှုဆိုင်ရာစွမ်းအင်များကို ရရှိခဲ့သည်။ သူသည် ဉာဏ်အလင်းများ နှင့် ဘဝတွင် စစ်မှန်သည် ထိုးထွင်းသိမြင်မှုကို ရရှိခဲ့သည်ဟု ဆိုကြသည်။ မိခအိုအုဆုအိသည် တောင်ပေါ်ရှိ အိုဆုဂိဂွန်းဂန်ဟု ခေါ်သည့်နေရာ၏ အနီးအနားတွင် တရားလေ့ကျင့်ခဲ့သည်။[၁]
ကိုးကား
ပြင်ဆင်ရန်- ↑ Miller၊ Jessica A. (May 2007)။ Reiki's Birthplace: A Guide to Kurama Mountain။ Infinite Light Healing Studies Cente။ ISBN 9780967872148။