ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
မြန်မာနိုင်ငံရေးပါတီ
ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (အင်္ဂလိပ်: Chin National League for Democracy Party; အတိုကောက် CNLD) သည် မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီ တစ်ခုဖြစ်သည်။
ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ | |
---|---|
အင်္ဂလိပ် အမည် | Chin National League for Democracy |
အလှည့်ကျ ဥက္ကဋ္ဌ | ပူးဇိုဇမ် |
တည်ထောင်ခြင်း | ၂၀၁၉ ခုနှစ် ဇူလိုင် ၁၁ |
ဌာနချုပ် | ၁၀၉၇၊ ပြည်ထောင်စုလမ်းမ၊ ၄၅ ရပ်ကွက်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ ရန်ကုန် |
နိုင်ငံရေး သဘောတရား | ချင်းလူမျိုး အခွင့်အရေး |
ပါတီအလံ | |
မြန်မာနိုင်ငံ၏ နိုင်ငံရေး နိုင်ငံရေးပါတီများ |
သမိုင်းကြောင်း
ပြင်ဆင်ရန်ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမည်ဖြင့် ၁၉၉၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ချင်းပြည်နယ်တွင် နှစ်နေရာအနိုင်ရရှိခဲ့သည်။ သို့သော် တပ်မတော်အစိုးရမှ အာဏာမလွှဲပဲ အမျိုးသားညီလာခံကျင်းပရန် စီစဉ်မှုအပေါ် ကန့်ကွက်ခဲ့သည့် ပါတီများအား ဖျက်သိမ်းရာတွင် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖျက်သိမ်းခံခဲ့ရသည်။[၁]
၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့တွင် ချင်းဒီမိုကရေစီအဖွဲ့ချုပ် (CLD)၊ ချင်းတိုးတက်ရေးပါတီ (CPP)နှင့် ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ (CNDP) ပါတီသုံးခု ပူးပေါင်း၍ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အမည်ဖြင့် ပြန်လည်မှတ်ပုံတင်ခဲ့သည်။[၁][၂][၃]
ကိုးကား
ပြင်ဆင်ရန်- ↑ ၁.၀ ၁.၁ Salai Gei (၈ ဧပြီ ၂၀၁၈)။ ချင်းပါတီ (၃) ခုပေါင်းပြီး ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(CNLD)အမည်ဖြင့် ပါတီမှတ်ပုံတင်မည်။ ချင်းဝေါလ်။ ၁၂ ဇူလိုင် ၂၀၁၉ တွင် ပြန်စစ်ပြီး။
- ↑ လဲ့လဲ့ (၁၈ အောက်တိုဘာ ၂၀၁၈)။ ချင်း ၃ ပါတီ ပေါင်းထားသည့် CNLD ပါတီ မှတ်ပုံတင်။ ဧရာဝတီသတင်းဌာန။ ၁၂ ဇူလိုင် ၂၀၁၉ တွင် ပြန်စစ်ပြီး။
- ↑ ချင်းပါတီ ၃ ခု ပေါင်းစည်းပြီး ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CNLD တည်ထောင်။ လွတ်လပ်တဲ့ အာရှအသံ (၂၉ စက်တင်ဘာ ၂၀၁၈)။ ၁၂ ဇူလိုင် ၂၀၁၉ တွင် ပြန်စစ်ပြီး။
ဤ မြန်မာ့နိုင်ငံရေးပါတီအကြောင်း ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |