မြန်မာနိုင်ငံ၏ နိုင်ငံရေး

၁၉၈၈ ခုနှစ် ၂၀၁၁ ခုနစ်အထိ မြန်မာနိုင်ငံသည် 'နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ'ဟု အမည်တပ်ထားသည့် စစ်အစိုးရက ထိန်းချုပ်ထားသော စစ်အာဏာရှင်အုပ်စိုးသည့် နိုင်ငံတစ်ခုဖြစ်သည်။ ၁၉၉ဝ ပြည့်နှစ်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကို ရွေးကောက်တင်မြောက်ခဲ့သော်လည်း ယင်းကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းသည့် အရပ်ဘက်အစိုးရ အကောင်အထည်ပေါ်လာခြင်းမရှိချေ။ ၂၀၁၀ ခုနှစ်တွင် ထပ်မံ၍ အထွေထွေ ရွေးကောက်ပွဲကျင်းပကာ စစ်အစိုးရမှ ဖွဲ့စည်းထားသော အသွင်ပြောင်း 'ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ' မှ အနိုင်ရရှိကာ ၂၀၁၁ ခုနှစ် ဧပြီလမှ စတင်ကာ ဒီမိုကရေစီ သမ္မတနိုင်ငံ တစ်နိုင်ငံအဖြစ် ပြောင်းလဲခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် ကြားဖြတ်ရွေးကောက်ပွဲကျင်းပခဲ့ကာ အတိုက်အခံပါတီအဖြစ် ရပ်တည်သော "အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်" မှ ကိုယ်စားလှယ်များ လွှတ်တော်အတွင်း စတင်ဝင်ရောက်ခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပခဲ့ကာ 'အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်' တောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့သည်။

နိုင်ငံရေးအခြေအနေပြင်ဆင်

မြန်မာနိုင်ငံတွင် ၁၉ ရာစုမတိုင်မီက သက်ဦးဆံပိုင် ဘုရင်စနစ်ကျင့်သုံးခဲ့ပြီး မင်းဆက်ပေါင်းများစွာ အုပ်ချုပ်ခဲ့သည်။ ၁၉ ရာစု နှောင်းပိုင်းတွင် ဗြိတိသျှတို့၏ နယ်ချဲ့ခြင်းကို ခံခဲ့ရပြီး ၁၉၄၇ ခုနှစ်ထိ ဗြိတိသျှကိုလိုနီအစိုးရ၏ လက်အောက်ခံအဖြစ် ရပ်တည်ခဲ့သည်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် မြန်မာနိုင်ငံသည် ဗြိတိသျှကိုလိုနီလက်အောက်မှ လွတ်မြောက်ကာ ပါလီမန်စနစ်ကို အခြေခံသော ဒီမိုကရေစီနိုင်ငံဖြစ်လာသည်။

သို့သော်လည်း ၁၉၆၂ ခုနှစ်တွင် အာဏာသိမ်းမှုတစ်ခုဖြစ်ခဲ့ပြီး မြန်မာနိုင်ငံသည် ဗိုလ်ချုပ်နေဝင်း ဦးဆောင်သည့် 'မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ' လက်အောက်တွင် ဆိုရှယ်လစ်စနစ် ကျင့်သုံးသည့် အစိုးရတစ်ရပ်ထူထောင်ရန် ကြိုစားခဲ့သည်။ မြန်မာနိုင်ငံသည် ၁၉၆၂ ခုနှစ်မှစ၍ စစ်အုပ်ချုပ်ရေး အောက်တွင် ရောက်ခဲ့ရသည်။ ၁၉၉၂ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ နိုင်ငံ့အကြီးအကဲမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဖြစ်ပြီး နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ ဥက္ကဋ္ဌဟူသည့် ရာထူးကို ရယူထားသည်။ သူတင်မြှောက်ထားသည့် ဝန်ကြီးချုပ်မှာ ၂ဝဝ၃ ခုနှစ်မှ ၂၀၀၄ ခုနှစ်ထိ ဦးခင်ညွန့်ဖြစ်ပြီး ဗိုလ်ချုပ်ကြီးစိုးဝင်းနှင့် အစားထိုးခဲ့သည်။ ဝန်ကြီးနေရာအားလုံးလိုလိုအား တပ်မတော်အရာရှိများက ရယူထားသည်။ ၂၀၀၇ ခုနှစ်တွင် ဝန်ကြီးချုပ်နေရာကို ဗိုလ်ချုပ်ကြီးသိန်းစိန်အား ခန့်အပ်ခဲ့သည်။

အမေရိကန်နှင့် ဥရောပအစိုးရများက စစ်အစိုးရအား စားသုံးသူသပိတ်နှင့်အတူ ဒဏ်ခတ်အရေးယူပိတ်ဆို့ထားသည်။ ဖရီးဘားမား မြန်မာနိုင်ငံလွတ်မြောက်ရေးအတွက် လှုပ်ရှားသူများ၏ ဖိအားပေးမှုကြောင့် ဖောက်သည်များက သပိတ်မှောက်၊ ရှယ်ယာရှင်များက ဖိအားပေးခြင်းအားဖြင့် အနောက်နိုင်ငံကော်ပိုရေးရှင်းများ မြန်မာနိုင်ငံမှတပ်ခေါက် ပြန်ကုန်ကြပြီဖြစ်သည်။ သို့သော်လည်း ဒဏ်ခတ်ပိတ်ဆို့မှုတွင်ပါသော အားနည်းချက်များကြောင့် အချို့အနောက်နိုင်ငံ ရေနံကုမ္ပဏီကြီးများ လုပ်ငန်းများ ဆက်လက်လုပ်ကိုင်လျက်ရှိပြီး အာရှစီးပွားရေးလုပ်ငန်းများကလည်း ဆက်လက်ရင်းနှီးမြှုပ်နှံလျက်ရှိသည်။ အထူးသဖြင့် သဘာဝ သယံဇာတ ထုတ်လုပ်ရေးလုပ်ငန်းများတွင် ဖြစ်သည်။ ဥပမာ ပြင်သစ်ရေနံကုမ္ပဏီ တိုတယ်အက်စ်အေနှင့် အမေရိကန်ရေနံ ကုမ္ပဏီချက်ဗရွန် တို့သည် ရတနာ သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းကို ဆက်လက်၍ လည်ပတ်လုပ်ကိုင်ကြပြီး မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ ဓာတ်ငွေ့တင်ပို့လျက်ရှိသည်။ တိုတယ် (ယခင် တိုတယ်ဖီနာအက်ဖ်) သည် ပြင်သစ်နှင့် ဘယ်လဂျီယန်နိုင်ငံများရှိ တရားရုံးများတွင် ဓာတ်ငွေ့ပိုက်လိုင်းတည်ဆောက်စဉ်က ပေါ်ပေါက်ခဲ့သည်ဟု ယိုးစွပ်ခံရသည့် လူ့အခွင့်အရေးချိုးဖေါက်မှုများအတွက် တရားစွဲဆိုခြင်း ခံနေရသည်။ ချက်ဗရွန်မှ မဝယ်ယူမီက ယူနိုကယ်လ်ကုမ္ပဏီသည်လည်း အလားတူ တရားတဘောင် ရင်ဆိုင်ခဲ့ရပြီး သန်းပေါင်းရာချီ ကုန်ခဲ့သည်ဟု ဆိုသည်။

၂ဝဝ၃ ခုနှစ် 'မြန်မာနိုင်ငံ လွတ်လပ်ရေးနှင့် ဒီမိုကရေစီ အက်ဥပဒေ' ကို ပြဋ္ဌာန်းပြီး နောက် အမေရိကန်အစိုးရသည် မြန်မာနိုင်ငံမှ အဝတ်အထည်များနှင့် ဖိနပ်များ မှာယူတင်သွင်းခြင်းကို တားမြစ်ပိတ်ပင်လိုက်သည်။ အမေရိကန်ဦးဆောင်သည့် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုသည် အရပ်သား ပြည်သူလူထုအား ထိခိုက်နစ်နာစေသည်ဟူသည့် ပြစ်တင်မှုများ ခံနေရသည်။ သို့သော်လည်း မြန်မာဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒဏ်ခတ်ပိတ်ဆို့မှုသည် စစ်အစိုးရကို ဖိအားပေးရာရောက်သည်ဟု အစဉ်တစိုက် ထောက်ခံခဲ့သည်။

စစ်အစိုးရသည် ဆိုးရွားလှသည့် လူ့အခွင့်အရေးချိုး ဖေါက်မှုမှတ်တမ်းအတွက် အပြစ်တင်ပြောဆိုခံနေရပြီး တိုင်းပြည်အတွင်း ဖြစ်ပျက်နေသည့် လူအခွင့်အရေး အခြေအနေအပေါ် နိုင်ငံတကာ အဖွဲ့အစည်းများစွာတို့က စိုးရိမ်မကင်း ဖြစ်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် လွတ်လပ်သည့်တရားစီရင်ရေး မရှိသည့်အပြင် စစ်အစိုးရသည် နိုင်ငံရေးအရ အတိုက်အခံပြုခြင်းကို သည်းခံခြင်းမရှိချေ။ အင်တာနက်အသုံးချမှုကိုလည်း ချုပ်ကိုင်ထားသည်။ အမေရိကန်အင်တာနက်ကုမ္ပဏီ ဖေါတီနက်မှ ဆန်ခါစစ်ထုတ်သည့် စနစ်ဖြင့် အင်တာနက်အသုံးပြုမှုကို ကန့်သတ်ထားသည်။ အီးမေးလ် ဝန်ဆောင်မှုများ၊ အခမဲ့ဝက်ဘ်လုပ်ငန်းများနှင့် နိုင်ငံရေးအရ အတိုက်အခံဘက်မှ ရပ်တည်သည့် ဒီမိုကရေစီလိုလားသော ဝက်ဘ်စာမျက်နှာများကိုလည်း ကန့်သတ်ထားသည်။

၁၉၈၈ ခုနှစ်က စီးပွားရေးစီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းနှင့် နိုင်ငံရေးဖိနှိပ်ချုပ်ချယ်မှုများအား ကန့်ကွက်ဆန္ဒပြမှုများကို ရက်စက်ကြမ်းကြုတ်စွာ နှိပ်ကွပ်ခဲ့သည်။ ထိုနှစ် ဩဂုတ် ၈ ရက်နေ့တွင် စစ်တပ်သည် ဆန္ဒပြသူများအား ပစ်ခတ်ခဲ့ရာ ၈၈၈၈ (၈လေးလုံး) အုံကြွမှုဟု တွင်ခဲ့သည်။ သို့သော်လည်း ၁၉၈၈ ခုနှစ် ဆန္ဒပြမှုများက ၁၉၉ဝ ပြည့်နှစ်ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် လမ်းခင်းပေးခဲ့သည်။ သို့သော်လည်း ရွေးကောက်ပွဲရလဒ်အား စစ်အစိုးရမှ အသိအမှတ်မပြုခဲ့ချေ။ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်အမတ်နေရာပေါင်း ၈၃ ရာခိုင်နှုန်းကို အနိုင်ရရှိခဲ့သော်လည်း စစ်အစိုးရက တားမြစ်ပိတ်ပင်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံဒီမိုကရေစီ ပြန်လည်ရရှိရေးအတွက် တိုက်ပွဲဝင်ရာတွင် ချီးကျူး ခြင်းခံရသည်။ သူမသည် ၁၉၉၁ ခုနှစ်က ငြိမ်းချမ်းရေးနိုဘယ်ဆုကို ဆွတ်ခူးခဲ့သည်။ သူမသည် နေအိမ်တွင် အကျယ်ချုပ်ဖြင့် မကြာခဏဆိုသလို ထိန်းသိမ်းခြင်း ခံနေရသည်။ မကြာသေးမီ ကာလများအတွင်းက စစ်အစိုးရသည် သူမ၏ပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ)နှင့် စေ့စပ်ဆေးနွေးရန် လိုလားမှုပြသသည်။ ၂ဝဝ၃ ခုနှစ် မေ ၃၁ ရက်က မြန်မာနိုင်ငံမြောက်ပိုင်း(ဒီပဲယင်း)တွင် သူမ၏ ယာဉ်တန်း တိုက်ခိုက်ခြင်း ခံရပြီးနောက် နေအိမ်အကျယ်ချုပ် ချထားခြင်းခံရပြန်သည်။ ၂ဝဝ၅ ခုနှစ် နိုဝင်ဘာလအကုန်တွင် နေအိမ်အကျယ်ချုပ်ချမှုကို တစ်နှစ်ထပ်မံ၍ တိုးလိုက်သည်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ကိုဖီအာနန်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ တိုက်ရိုက်မေတ္တာရပ်ခံပြီး အာဆီယံနိုင်ငံများမှ ဖိအားပေး သော်လည်း ၂ဝဝ၆ ခုနှစ် မေတွင် ဒေါ် အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ်ကို နောက်ထပ်တစ်နှစ်ထပ်မံ၍ တိုးလိုက်သည်။

စစ်အစိုးရသည် နိုင်ငံတကာမှ ဝိုင်းပယ်ထားခြင်းကို တိုး၍ခံနေရသည်။ မြန်မာနိုင်ငံ၏ အခြေအနေကို ကုလသမဂ္ဂတွင် အလွတ်တန်းသဘော ဆွေးနွေးတိုင်ပင်ကြရန် ၂ဝဝ၅ ခုနှစ် ဒီဇင်ဘာလက ကုလသမဂ္ဂ လုံခြုံရေးကောင်စီသို့ ပထမဆုံးအကြိမ်အဖြစ် တင်သွင်းခဲ့သည်။ မြန်မာစစ်အစိုးရအား စိတ်ပျက်ကြောင်း အာဆီယံနိုင်ငံများက ပြောကြားသည်။ သို့သော်လည်း တရုတ်နှင့် ရုရှတို့က စစ်အစိုးရအား ထောက်ခံလျက်ရှိသည်။ ၂၀၁၀ ခုနှစ်တွင် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် ဦးဆောင်ကာ 'ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း' ကို 'ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ' အဖြစ်ပြောင်းလဲကာ ၂၀၁၀ အထွေထွေရွေးကောက်ပွဲကို ကျင်းပခဲ့သည်။ 'ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ' မှ အပြတ်အသတ် အနိုင်ရကာ ၂၀၁၁ ခုနှစ် ဧပြီ (၁) ရက်နေ့တွင် 'ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်' အဖြစ် ဒီမိုကရေစီ အရပ်သားအစိုးရ အဖြစ် ပြောင်းလဲခဲ့သည်။ နိုင်ငံတော် သမ္မတမှာ ဦးသိန်းစိန် ဖြစ်လာခဲ့သည်။

၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် သပိတ်မှောက်ခဲ့သော အတိုက်အခံပါတီ 'အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်' ဟာ ၂၀၁၂ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကာ လွှတ်တော်များထဲသို့ စတင်ဝင်ရောက်ခဲ့သည်။ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရအဖွဲဟာ အပြုသဘောဆောင်တဲ့ အပြောင်းအလဲများကြောင့် အမေရိကန် ပြည်ထောင်စုအပါအဝင် ဥရောပနိုင်ငံများ နှင့် တခြား မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ထားသော နိုင်ငံများမှ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတွေကို ဖယ်ရှားပေးခဲ့သည်။ သို့သော် အပြည့်အဝ မဟုတ်ပေ။

၂၀၁၅ ခုနှစ်တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပကာ ဒေါ်အောင်ဆန်းစုကြည် ဦးစီးသည်. 'အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်' တောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့သည်။ ၂၀၁၆ ဧပြီ ၁ ရက်နေ့တွင် အစိုးရသစ် သက်တမ်းစတင်သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်မှာ သမ္မတ ဖြစ်ခွင့်မရှိသည့်အတွက် နောင်တက်လာမည့် သမ္မတအသစ်မှာ မည်သူဖြစ်မည်ဆိုတာ စောင့်ကြည့်လျက်ရှိကြသည်။ ရွေးကောက်ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်မှာ မိမိမှာ သမ္မတ အထက်တွင်ရှိမည်ဖြစ်ကြောင်း သတင်းထောက်များကို ဖြေကြားခဲ့သည်။နောက်ပိုင်းတွင် သူမသည် နိုင်ငံတော်၏အတိုင်ပင်ခံဖြစ်လာသည်။

အုပ်ချုပ်ရေးကဏ္ဍပြင်ဆင်

နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီပြင်ဆင်

အဓိကရုံးတာဝန်ရှိ ပုဂ္ဂိုလ်များ

ရုံး အမည် ပါတီ စတင်တာဝန်ထမ်း ဆောင်သည့်ရက်
ဥက္ကဋ္ဌ၊

နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုး ရေးကောင်စီ

သန်းရွှေ ၁၉၉၂ ခုနှစ်၊ ဧပြီ ၁၃ ရက်
ဝန်ကြီးချုပ် သိန်းစိန် ၂ဝဝ၄ ခုနှစ် အောက်တိုဘာ ၁၉ ရက်

စစ်အုပ်ချုပ်ရေးအတွင်း နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုး ရေးကောင်စီ ဥက္ကဋ္ဌသည် တိုင်းပြည်၏ ခေါင်းဆောင်ဖြစ်ပြီး အစိုးရအဖွဲ.၏ အကြီးအကဲလည်းဖြစ်သည်။ ဤကောင်စီသည် ဝန်ကြီးချုပ်ဦးဆောင်သည့် ဝန်ကြီးအဖွဲ့ကို ကွပ်ကဲသည်။ ဝန်ကြီးဌာန (၃၂) ခု အပြင် ဝန်ကြီးချုပ်ရုံး၊ စာရင်းစစ်ချုပ်ရုံး၊ ရှေ့နေချုပ်ရုံး၊ တရားရုံးချုပ်၊ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့ ကို ဖွဲ့စည်းကာ နိုင်ငံကို အုပ်ချုပ်ခဲ့သည်။

၂၀၁၁ - ၂၀၁၆ပြင်ဆင်

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စု အစိုးရအဖွဲ့ကို နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်တို့ဖြင့် ဖွဲ့စည်းထားသည်။

ရာထူး အမည် ပါတီ စတင်တာဝန်ထမ်း ဆောင်သည့်ရက် တာဝန်ပြီးဆုံးသည့်ရက်
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ၂၀၁၁ ခုနှစ်၊ မတ်လ ၃၀ ရက် ၂၀၁၆ ခုနှစ်၊ မတ်လ ၃၀ ရက်
ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ၂၀၁၁ ခုနှစ်၊ မတ်လ ၃၀ ရက် ၂၀၁၆ ခုနှစ်၊ မတ်လ ၃၀ ရက်
ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ၂၀၁၁ ခုနှစ်၊ မတ်လ ၃၀ ရက် ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၁ ရက်
ဒုတိယသမ္မတ ဦးဉာဏ်ထွန်း တပ်မတော်သား ၂၀၁၂ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက် ၂၀၁၆ ခုနှစ်၊ မတ်လ ၃၀ ရက်

ဝန်ကြီးဌာန စုစုပေါင်း (၃၆) ခု ဖွဲ့စည်းထားရှိသည်။

၂၀၁၆ မှ ယနေ့အထိပြင်ဆင်

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စု အစိုးရအဖွဲ့ကို နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်တို့ဖြင့် ဖွဲ့စည်းထားသည်။ထို့အပြင် နိုင်ငံ​တော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဟူ​သောရာထူးအသစ်ပါထည့်သွင်းဖွဲ့စည်းခဲ့သည်။ဦးဝင်းမြင့်တက်လာအပြီးအထိ ဝန်ကြီးဌာန (၂၄)ခုရှိသည်။၂၀၁၈ နိုဝင်ဘာလတွင်မူ ဝန်ကြီးဌာန ၂၅ခုအထိ ရှိခဲ့သည်။

ရာထူး အမည် ပါတီ စတင်တာဝန်ထမ်း ဆောင်သည့်ရက် တာဝန်ပြီးဆုံးသည့်ရက်
နိုင်ငံ​တော်သမ္မတ ဦးဝင်းမြင့် အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ် ၂၀၁၈ ခုနှစ်၊မတ်လ ၃၀ရက် ယ​နေ့ထိ
နိုင်ငံတော်သမ္မတ ဦးထင်ကျော် ပြင်ပ ပညာရှင် ၂၀၁၆ ခုနှစ်၊ မတ်လ ၃၀ရက် ၂၀၁၈ ခုနှစ်၊မတ်လ ၂၁ရက်
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ၂၀၁၆ ခုနှစ်၊ ဧပြီလ ၆ ရက် ယနေ့အထိ
ဒုတိယသမ္မတ ဦးမြင့်ဆွေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ၂၀၁၆ ခုနှစ်၊ မတ်လ ၃၀ရက် ယနေ့အထိ
ယာယီသမ္မတ ၂၀၁၈ခုနှစ်၊ မတ်လ ၂၁ရက် ၂၀၁၈ခုနှစ်၊ မတ်လ ၃၀ရက်
ဒုတိယသမ္မတ ဦးဟင်နရီဘန်ထီးယူ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ၂၀၁၆ ခုနှစ်၊ မတ်လ ၃၀ ရက် ယနေ့အထိ

ဥပဒေပြုရေးကဏ္ဍပြင်ဆင်

နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီပြင်ဆင်

စစ်အုပ်ချုပ်ရေးလက်ထက်တွင် ဥပဒေပြုလွှတ်တော်မရှိပေ။ နိုင်ငံတော်အေးချမ်းသာယာရေးကောင်စီမှ ဥပဒေများရေးဆွဲကာ ပြဋ္ဌာန်းသည်။ အမတ်နေရာ ၄၉၂ နေရာရှိသည့် ပြည်သူ့လွှတ်တော်ကို လေးနှစ်တစ်ကြိမ် ခေါ်ယူသည်။ ၁၉၉၀ ပြည့်နှစ်တွင် အထွေထွေရွေးကောက်ပွဲကို ကျင်းပပေးခဲ့သော်လည်း ရွေးကောက်ပွဲရလဒ်ကို အတည်မပြုခဲ့ပေ။

၁၉၉ဝ ပြည့်နှစ် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲရလဒ်များ
ပါတီ ရရှိမဲ နေရာ %
လူဦးရေ နေရာ %
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၇,၉၄၃,၆၂၂ ၃၉၂ ၅၈.၇ ၇၉.၇
ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၂၂၂,၈၂၁ ၂၃ ၁.၇ ၄.၇
ပါတီငယ်များနှင့် တစ်သီးပုဂ္ဂလများ ၁,၆ဝ၆,၈၅၈ ၈၂ ၁၂.၁ ၂.၄
ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၁၆ဝ,၇၈၃ ၁၁ ၁.၂ ၂.၂
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ၂,၈ဝ၅,၅၅၉ ၁၀ ၂.၁ ၂.ဝ
မွန်အမျိုးသားဒီမိုကရက်တစ်တပ်ဦး ၁၃၈,၅၇၂ ၁.ဝ ၁.ဝ
လူ့အခွင့်အရေးအတွက် အမျိုးသားဒီမိုကရက်တစ်ပါတီ ၁၂၈,၁၂၉ ၁.ဝ
ချင်းအမျိုးသားဒီမိုကရေစီပါတီ ၅၁,၁၈၇ ဝ.၄ ဝ.၈
ကချင်ပြည်နယ် ဒီမိုကရေစီကွန်ဂရက် ၁၃,၉၉၄ ဝ.၁ ဝ.၁
အမျိုးသား ဒီမိုကရေစီပါတီ ၇၂,၆၇၂ ဝ.၅ ဝ.၁
ပြည်ထောင်စုအမျိုးသားပအို့ဝ်အဖွဲ့ချုပ် ၃၅,၃၈၉ ဝ.၃ ဝ.၁
ကယားအမျိုးသားညီညွတ်ရေးဒီမိုကရက်တစ်အဖွဲ့ချုပ် ၁၆,၅၅၃ ဝ.၁ ဝ.၁
ကယား ပြည်နယ် တိုင်းရင်းသားများညီညွတ်ရေးအဖွဲ့ချုပ် ၁၁,၆၆၄ ဝ.၁ -
နာဂတောင်တန်းဖွံ့ဖြိုးတိုးတက်ရေးပါတီ ၁ဝ,၆၁၂ ဝ.၁ -
တအောင်း (ပလောင်) အမျိုးသားညီညွတ်ရေးဒီမိုကရေစီအဖွဲ့ချုပ် ၁၆,၅၅၃ ဝ.၁ -
ဇိုမီးအမျိုးသားကွန်ဂရက် ၁၈,၆၃၈ ဝ.၁ -
စုစုပေါင်း တရားဝင်မဲ (စုစုပေါင်းမဲအရေအတွက်၏ ၈၇.၇ %) ၁၃,၂၅၃,၆ဝ၆ ၄၉၂ ၁၀၀
ပယ်ဖျက်မဲ ၁၅,၈၅၈,၉၁၈
တရားဝင်မဲ ၁၅,၁၁၂,၅၂၄
မဲပေးနိုင်သူဦး ရေ ၂ဝ,၈၁၈,၃၁၃

၂၀၁၁ - ၂၀၁၆ပြင်ဆင်

၂၀၀၈ ဖွဲ့စည်းပုံအရ အထွေထွေရွေးကောက်ပွဲ ကို ၂၀၁၀ ခုနှစ် နိုဝင်ဘာ ၇ ရက်နေ့တွင် ကျင်းပခဲ့သည်။ ရွေးကောက်ပွဲနောက်ဆုံးရလဒ်များကို ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့က ၂၀၁၀ နိုဝင်ဘာ ၁၇ ရက်နေ့တွင် တရားဝင် ထုတ်ပြန်ကြေညာခဲ့သည်။ [၁][၂][၃][၄]

အမျိုးသားလွှတ်တော်ပြင်ဆင်

အမျိုးသားလွှတ်တော် အမတ်နေရာ ၂၂၄ နေရာအနက် ၁၆၈ နေရာကို ရွေးကောက်တင်မြှောက်ခဲ့သည်။ ပါတီအလိုက် အမတ်ဦးရေမှာ

စဉ် ပါတီ % ဦးရေ
1 ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ 76,79% 129
2 ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ 4,17% 7
3 တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ 2,98% 5
4 အမျိုးသား ဒီမိုကရေစီ အင်အားစု 2,38% 4
5 ချင်းတိုးတက်ရေးပါတီ 2,38% 4
6 ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ 1,78% 3
7 မွန်ဒေသလုံးဆိုင်ရာ ဒီမိုကေရစီ ပါတီ 1,78% 3
8 ဖလုံ - စဝေါ် ဒီမိုကရက်တစ် ပါတီ 1,78% 3
9 ချင်းအမျိုးသားပါတီ 1,19% 2
10 ‘ဝ’ ဒီမိုကရက်တစ် ပါတီ 0,60% 1
အခြားပါတီများ 4,17% 7
စုစုပေါင်း
100% 168

ပြည်သူ့လွှတ်တော်ပြင်ဆင်

ပြည်သူ့လွှတ်တော် အမတ်နေရာ ၄၄၀ အနက် ၃၃၀ ကို ရွေးကောက်တင်မြှောက်ခဲ့သည်။ ပါတီအလိုက် ရွေးကောက်တင်မြှောက် ခံရသည့် အမတ်ဦးရေမှာ

စဉ် ပါတီ % ဦးရေ
1 ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ 78,48% 259
2 ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ 5,45% 18
3 တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ 3,64% 12
4 အမျိုးသား ဒီမိုကရေစီ အင်အားစု 3,64% 12
5 ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ 2,72% 9
6 မွန်ဒေသလုံးဆိုင်ရာ ဒီမိုကေရစီ ပါတီ 0,91% 3
7 ပအိုဝ်း အမျိုးသား အဖွဲ့ချုပ် 0,91% 3
8 ချင်းအမျိုးသားပါတီ 0,61% 2
9 ချင်းတိုးတက်ရေးပါတီ 0,61% 2
10 ဖလုံ - စဝေါ် ဒီမိုကရက်တစ် ပါတီ 0,61% 2
11 ‘ဝ’ ဒီမိုကရက်တစ် ပါတီ 0,61% 2
12 Unity and Democracy Party of Kachin State 0,30% 1
13 ကရင်ပြည်သူ့ပါတီ 0,30% 1
14 အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ 0,30% 1
16 တအောင်း (ပလောင်) အမျိုးသားပါတီ 0,30% 1
အခြားပါတီများ 0,61% 2
စုစုပေါင်း
100% 330

၂၀၁၀ ရွေးကောက်ပွဲအရ လွှတ်တော်အစည်းအဝေးများကို၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် စတင်ကျင်းပခဲ့သည်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ' သူရဦးရွှေမန်း' နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအဖြစ် 'ဦးခင်အောင်မြင့်' တို့ ခန့်အပ်ခြင်းခံခဲ့သည်။ ၂၀၁၆ ခုနှစ် ဇန်နဝါရီလ (၃၁) ရက်နေ့တွင် သက်တမ်းကုန်ဆုံးခဲ့သည်။

၂၀၁၆ - ယနေ့အထိပြင်ဆင်

 
မဲရုံတစ်ရုံတွင် မဲပေးနေကြပုံ
 
မဲလက်မှတ်နှင့် တံဆိပ်တုံး

၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် က ကြေငြာခဲ့သည့် ရလဒ်များအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပြည်သူ့လွှတ်တော် အမတ်နေရာ ၂၃၈ နေရာ နှင့် ပြည်ထောင်စုလွှတ်တော်တွင် ၃၄၈ နေရာ ရရှိခဲ့ပြီး အစိုးရဖွဲ့နိုင်ရန် လိုအပ်သော အမတ်အရေအတွက်ကို ကျော်လွန်ခဲ့သည်။ အဆိုပါရလဒ်များအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် သမ္မတ တစ်ဦးကို ရွေးချယ်နိုင်ပြီ ဖြစ်သည်။[၁]

အမျိုးသားလွှတ်တော်ပြင်ဆင်

အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ၊ ၂၀၁၅
ပါတီ အမတ်နေရာ အသားတင် အနိုင်/အရှုံး နေရာ % မဲ % မဲ +/−
  NLD ၁၃၆  ၁၃၂ ၆၀.၂၇
  USDP ၁၂  ၁၁၂ ၅.၃၆
  ANP ၁၀   ၄.၄၆
  SNLD   ၁.၃၄
  ZCD   ၀.၈၉
  MNP   ၀.၄၅
  တစည   ၀.၄၅
  PNO   ၀.၄၅%
  TNP   ၀.၄၅%
  တစ်သီးပုဂ္ဂလ   ၀.၈၉%
  AMRDP  
  SNDP  
  အခြား  ၁၈
  တပ်မတော်သား ကိုယ်စားလှယ် ၅၆   ၂၅.၀၀
စုစုပေါင်း ၂၂၄ ၁၀၀


ပြည်သူ့လွှတ်တော်ပြင်ဆင်

ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ၊ ၂၀၁၅
ပါတီ အမတ်နေရာ အသားတင် အနိုင်/အရှုံး နေရာ % မဲ % မဲ +/−
  NLD ၂၅၅  ၂၁၈ ၅၇.၉၅
  USDP ၃၀  ၁၈၂ ၆.၈၁
  ANP ၁၂   ၂.၇၃
  SNLD ၁၂  ၁၂ ၂.၇၃
  PNO   ၀.၆၈
  TNP   ၀.၆၈
  LNDP   ၀.၄၅
  ZCD   ၀.၄၅
  KSDP   ၀.၂၃
  KDUP   ၀.၂၃
  WDP   ၀.၂၃
  တစ်သီးပုဂ္ဂလ   ၀.၂၃
  SNDP  ၁၈
  တစည  ၁၂
  AMRDP  
  အခြား  ၁၂
  နယ်မြေမတည်ငြိမ်ခြင်းကြောင့် ရွေးကောက်ပွဲမလုပ်သည့် နေရာများ[၂] ၁.၅၉
  တပ်မတော်သား ကိုယ်စားလှယ် ၁၁၀   ၂၅.၀၀
စုစုပေါင်း ၄၄၀ ၁၁၀ ၁၁၀


၂၀၁၅ ခုနှစ်တွင် အထွေထွေရွေးကောက်ပွဲမှ တင်မြှောက်ခံရသော လွှတ်တော်ကိုယ်စားလှယ်များပါဝင်သော ဒုတိယအကြိမ်လွှတ်တော်ကအစည်းအဝေးကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် စတင်ခေါ်ယူကျင်းပခဲ့သည်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် 'ဦးဝင်းမြင့်' နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအဖြစ် 'မန်းဝင်းခိုင်သန်း'တို့ခန့်အပ်ခြင်း ခံခဲ့ရသည်။

တရားစီရင်ရေးကဏ္ဍပြင်ဆင်

မြန်မာနိုင်ငံ၏ တရားစီရင်ရေးကဏ္ဍမှာ အကန့်အသတ်ဖြင့် ဖြစ်သည်။ ဗြိတိသျှခေတ်က ဥပဒေများနှင့် တရားရေးစနစ်များ ဆက်လက် တည်ရှိသော်လည်း မျှတသော အများပြည်သူရှေ့တွင် တရားစီရင်ခွင့်အာမခံချက် မရှိပေ။ တရားစီရင်ခြင်းကဏ္ဍသည် အုပ်ချုပ်ရေးကဏ္ဍလက်အောက်မှ လွတ်လပ်စွာ သီးခြားရပ်တည်ခြင်းမရှိ။ မြန်မာနိုင်ငံသည် နိုင်ငံတကာခုံရုံး၏ ဩဇာသက်ရောက်မှုကို အကြွင်းမဲ့လက်မခံပါ။

၂၀၁၁ ခုနှစ် အရပ်သားအစိုးရတက်လာပြီးနောက်ပိုင်းတွင် တရားစီရင်ရေး ဆိုင်ရာတွင်လည်း ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့သည်။

အုပ်ချုပ်ရေးနယ်မြေပြင်ဆင်

မြန်မာနိုင်ငံအား တိုင်း ၇ တိုင်းနှင့် ပြည်နယ် ၇ ပြည်နယ် ဟု အုပ်ချုပ်ရေးနယ်မြေ ၁၄ ခု ခွဲခြားထားသည်။ ပြည်နယ်နှင့်တိုင်းများကို လူမျိုးနွယ်အလိုက် ခွဲခြားထားသည်။ တိုင်း ၇ တိုင်းမှာ ဧရာဝတီတိုင်းပဲခူးတိုင်းမကွေးတိုင်းမန္တလေးတိုင်းစစ်ကိုင်းတိုင်းတနင်္သာရီတိုင်း နှင့် ရန်ကုန်တိုင်းတို့ ဖြစ်ကြပြီး ပြည်နယ် ၇ ခုမှာ ချင်းပြည်နယ် ‌၊ ကချင်ပြည်နယ်ကရင်ပြည်နယ် ‌၊ ကယားပြည်နယ်‌မွန်ပြည်နယ်ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့ ဖြစ်ကြသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်

၂၀၀၈ ဖွဲ့စည်းပုံအခြခံဥပဒေအရ ရှိရင်းစွဲ တိုင်း (၇) တိုင်းကို တိုင်းဒေသကြီး အဖြစ် ပြောင်းလဲခေါ်ဆိုခဲ့သည်။ ပြည်နယ် (၇) ခုကိုတော့ ပြောင်းလဲခဲ့ခြင်းမရှိပေ။ ထို့ပြင် နိုင်ငံတော် သမ္မတ၏ တိုက်ရိုက်အုပ်ချုပ်မှုအောက်တွင် ရှိသော ပြည်ထောင်စုနယ်မြေ (၁) ခု နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ/တိုင်း စုစုပေါင်း (၆) ခု ထားရှိသည်။

တိုင်းဒေသကြီးများပြင်ဆင်

  1. ဧရာဝတီတိုင်းဒေသကြီး
  2. ပဲခူးတိုင်းဒေသကြီး
  3. မကွေးတိုင်းဒေသကြီး
  4. မန္တလေးတိုင်းဒေသကြီး
  5. စစ်ကိုင်းတိုင်းဒေသကြီး
  6. တနင်္သာရီတိုင်းဒေသကြီး
  7. ရန်ကုန်တိုင်းဒေသကြီး

ပြည်နယ်များပြင်ဆင်

  1. ချင်းပြည်နယ်
  2. ကချင်ပြည်နယ်
  3. ကရင်ပြည်နယ်
  4. ကယားပြည်နယ်
  5. မွန်ပြည်နယ်
  6. ရခိုင်ပြည်နယ်
  7. ရှမ်းပြည်နယ်

ပြည်ထောင်စုနယ်မြေပြင်ဆင်

  1. နေပြည်တော်

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းများပြင်ဆင်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းတွင်

  1. နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ

ရှမ်းပြည်နယ်အတွင်းတွင်

  1. ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
  2. ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
  3. ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
  4. ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
  5. ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း

မြန်မာနိုင်ငံမှ ပါဝင်သော နိုင်ငံတကာ အဖွဲ.အစည်းများပြင်ဆင်

  1. အာရှဖွံ့ဖြိုးရေးဘဏ် ADB
  2. အာဆီယံ ASEAN
  3. CCC
  4. CP
  5. United Nations Economic and Social Commission for Asia and the Pacific (ESCAP)
  6. ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ FAO
  7. G-77
  8. အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ IAEA
  9. International Bank for Reconstruction and Development (IBRD)
  10. အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်းအဖွဲ့ ICAO
  11. ICRM
  12. IDA
  13. IFAD
  14. IFC
  15. IFRCS
  16. အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF
  17. IMO
  18. Intelsta
  19. Interpol
  20. အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ IOC
  21. ITU
  22. NAM
  23. OPCW
  24. ကုလသမဂ္ဂ-UN
  25. UNCTAD
  26. UNESCO
  27. UNIDO
  28. UPU
  29. ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO
  30. WMO
  31. ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့-WTO
  32. BIMSTEC
  33. GMS(Greater Mekong Subregion)

ကိုးကားပြင်ဆင်

  1. Dinmore၊ Guy (၁၃ နိုဝင်ဘာ ၂၀၁၅)။ NLD Wins Absolute Majority in Parliamentမြန်မာတိုင်း(မ်)
  2. Oliver Holmes (2015-11-11)။ Myanmar election: Aung San Suu Kyi calls for reconciliation talks with military။ The Guardian။ 2015-11-11 တွင် ပြန်စစ်ပြီး။