ချင်း-ဗမာ ချစ်ကြည်ရေးကျောက်တိုင်

ချင်း-ဗမာ ချစ်ကြည်ရေးကျောက်တိုင်သည်  မြန်မာနိုင်ငံ၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ထီးလင်းမြို့နယ် ထီးလင်းမြို့၌ ၄ မတ် ၁၉၄၇ တွင် စတင်စိုက်ထူသည်။

ချင်း-ဗမာ ချစ်ကြည်ရေးအတွက် ဒီးဒုတ်ဦးဘချိုသည် ၃ မတ် ‌၁၉၄၇ ညနေတွင် ထီးလင်းမြို့သို့ ရောက်ရှိလာကာ ထိုည ထီးလင်းမြို့နယ် ဖဆပလဥက္ကဋ္ဌ ဦးဘိုးအောင်နေအိမ်၌ တည်းခိုသည်။ မတ်လ ၄ ရက်တွင် ချစ်ကြည်ရေးကျောက်တိုင်ကို စိုက်ထူသည်။ ချင်းတောင် တောင်ပိုင်းခေါင်းဆောင်၊ မြောက်ပိုင်းခေါင်းဆောင်နှင့် ဒီးဒုတ်ဦးဘချိုတို့ အုတ် တချပ်စီ ကိုင်ကာ ကျောက်တိုင်ကို အုတ်မြစ်ချသည်။ မတ်လ ၅ ရက်နေ့တွင် ချစ်ကြည်ရေး ညီလာခံကို ကျင်းပရာ ဒီးဒုတ်ဦးဘချိုက မိန့်ခွန်းပြောကြားခဲ့သည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. တင်နိုင်တိုး (ဒီဇင်ဘာ ၂၀၁၃)။ မြန်မာပြည်တစ်ခွင် လမ်းညွှန်။ မဇ္ဈိမစာပေ။ p. ၁၄၁။