ပခုက္ကူခရိုင်သည် မကွေးတိုင်းဒေသကြီး မြောက်ပိုင်း၊ ဧရာဝတီမြစ်၏ အနောက်ဘက်ခြမ်း၌ တည်ရှိသည်။ မြို့နယ်ပေါင်း (၅)မြို့နယ်ဖြင့် ဖွဲ့စည်းထားသည်။

ပခုက္ကူခရိုင်
ပခုက္ကူခရိုင် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ပခုက္ကူခရိုင်
ပခုက္ကူခရိုင်
ကိုဩဒိနိတ်: 21°20′N 95°06′E / 21.333°N 95.100°E / 21.333; 95.100ကိုဩဒိနိတ်: 21°20′N 95°06′E / 21.333°N 95.100°E / 21.333; 95.100
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးမကွေးတိုင်းဒေသကြီး
မြို့နယ်ပေါင်း
မြို့တော်ပခုက္ကူမြို့
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

သမိုင်းကြောင်းပြင်ဆင်

သျှရီတြိဘုဝနာနုရုဒ္ဓမဟာဓမ္မရာဇာဓိပတိဘွဲ့မည်ရသောရာဇဂြိုဟ်ဘုရင်ဓနုသီဟမင်းသည်တောင်လေးလုံးဝန်းရံလျှက်ရှိသောပုခန်းကြီးအရပ်တွင်မဟာနာဂရအမည်ရှိတိုင်းပြည်ကိုသာသနာနှစ် ၃၆ ခုနှစ်၊ နတ်တော်လပြည်ကျော် (၄) ရက်နေ့တွင်တည်ထောင်အုပ်ချုပ်ခဲ့ပါသည်။ ဧရာဝဏ်ခေါ်ဧရာဝတီမြစ်အနောက်ဘက်ကမ်းမှအနောက်ရိုးမတောင်ခြေအထိ ကျယ်ဝန်း၍ အရန်မြို့ (၅၀) ဖြင့်ဖွဲ့စည်းခဲ့ပါသည်။ မင်းအစဉ်အဆက် (၇) ဆက်အုပ်ချုပ်ခဲ့ပါသည်။ပုဂံအင်ပါယာခေတ်မှာပုဂံဘုရင်သိန်းခိုမင်းသည်သားတော်နှစ်ပါးအားမဟာနာဂရတိုင်းကိုစေလွတ်အုပ်ချုပ်စေခဲ့ပါသည်။ စည်သူမင်းသားနှင့် | ကျော်စွာမင်းသားတို့ဖြစ်ပါသည်။ (စည်သူ ၁-အလောင်းစည်သူမင်းထက်နှစ်ပေါင်း ၁၈၀ ခန့်ပိုစောပါသည်) ။ (ကျော်စွာမင်းသားပခန်းမင်းကျော်ကိုကြီးကျော်) စသဖြင့်ခေါ်တွင်သောမင်းကျော်စွာ ဦးဆောင်၍ မဟာနာဂရတိုင်း၏မြို့တော်အဖြစ်ပုခန်းကြီးမြို့ကိုတည်ထောင်ခဲ့ကြပါသည်။ ကောဇာသက္ကရာဇ် (၉၆) ခုနှစ်၊ ခရစ်သက္ကရာဇ် (၇၃၄) ခုနှစ်ဖြစ်ပါသည်။

ပင်းယခေတ် - ပင်းယတစ်စီးရှင်သီဟသူသည်မြန်မာသက္ကရာဇ် ၆၆၇ ခုနှစ်တပေါင်းလဆန်း ၇ ရက်နေ့တွင်မြို့အကျယ်အဝန်းတာ ၅၀၀ ရှိသောပခန်းကြီးမြို့ကိုပြည်လည်တည်ထောင်ခဲ့ပါသည်။ အမတ်လက်မည်းအားကိုယ်စားအုပ်ချူပ်စေခဲ့ပါသည်။အင်းဝဘုရင်မင်းကြီးစွာစော်ကဲလက်ထက်တွင်ပုခန်းမြို့အားခံတပ်မြို့အဖြစ်ပြန်လည်တည်ဆောက်ခဲ့ပါသည်။ သက္ကရာဇ် ၇၄၂ ခုနှစ်ဖြစ်ပါသည်။ အမတ်စောမည်အားခန့်ထားအုပ်ချူပ်စေခဲ့ပါသည်။ညောင်ရမ်းမင်းဆက်၏နောက်ဆုံးမင်းဖြစ်သောမဟာဓမ္မရာဇာဓိပတိလက်ထက်တွင်ပုခန်းကြီးမြို့ရိုးနှင့်ကျုံးတို့ကိုပြန်လည်ပြုပြင်မွမ်းမံခဲ့သည်။ညောင်ရမ်းခေတ်၊ကုန်းဘောင်ခေတ်ရတနာပုံခေတ်တိုင်အောင်အမတ်များအားခန့်ထားအုပ်ချုပ်စေခဲ့ပါသည်။

ကိုလိုနီခေတ် - ၁၈၈၇ခုနှစ်၊ ဒီဇင်ဘာ (၂၁) ရက်တွင်ပခုက္ကူမြို့ကိုစတင်တည်ထောင်သည်။ ၁၈၈၈ခုနှစ်ဇူလိုင် (၂၁) ရက်တွင်ဗြိတိသျှအိန္ဒိယအစိုးရ၏အမိန့်ဒီဂရီ (၂၀၁) ကိုထုတ်ပြန်ကာ ပုဂံခရိုင်နှင့် ပုခန်းကြီးခရိုင်အားဖျက်သိမ်း၍ ပခုက္ကူခရိုင်ကိုတည်ထောင်စေခဲ့ပါသည်။ ပခုက္ကူမြို့ကိုခရိုင်မြို့အဖြစ် သတ်မှတ်ခဲ့ပါသည်။ ပုခန်းကြီးမြို့ကိုပုခန်းကြီးဆပ်ဒီဝီဇံ (လက်ထောက်ခရိုင်မြို့) အဖြစ်သတ်မှတ်ခဲ့ပါသည်။ ပခုက္ကူခရိုင်လက်အောက်တွင်ပခုက္ကူခရိုင် ခွဲနှင့်ပုခန်းကြီးခရိုင်ခွဲဟူ၍ ခရိုင်ခွဲနှစ်ခုပါရှိသည်။

ပခုက္ကူခရိုင်ခွဲလက်အောက်၌ ပခုက္ကူမြို့နယ်နှင့် မြိုင်မြို့နယ်တို့ပါဝင်ပြီး ပုခန်းကြီးခရိုင်ခွဲလက်အောက်၌ ပုခန်းကြီးမြို့နယ်နှင့် လင်းကတောမြို့နယ်တို့ ပါဝင်သည်။ ၁၈၉၆ခုနှစ်တွင် ပခုက္ကူဒေသ၊ ပုံတောင်ပုံညာတောင်တန်း၊ ချင်းတောင်တန်း၊ ကာရိုတောင်တန်း၊ လူရှိုင်းတောင်တန်း၊ နာဂတောင်တန်း၊ ကချာနှင့်ဂ်ိန္းတိယတောင်တန်း၊ အက္ကပတ်တောင်တန်း၊ မဏိပူရတောင်တန်းဒေသတို့ကို စုပေါင်း၍ ပခုက္ကူတောင်တန်းဒေသခရိုင်များပြည်နယ်အဖြစ် ဖွဲ့စည်း၍ ပခုက္ကူမြို့ကို ပြည်နယ်မြို့တော်အဖြစ် သတ်မှတ်ခဲ့သည်။ ၁၉၀၁ခုနှစ်၊ သန်းခေါင်စာရင်းအရ ပခုက္ကူမြို့၏လူဦးရေ မှာ (၁၉,၄၅၆) ယောက်ဖြစ်သည်။ ၁၉၃၀ခုနှစ်အစောပိုင်းလများတွင် ဗြိတိသျှအိန္ဒိယနိုင်ငံနှင့် တွဲရေးခွဲရေးဆွေးနွေးပွဲများကို လော့ဒ်ဒါလဟိုဇီလမ်း (ယခု-ဗိုလ်ချုပ်လမ်း) ပေါ်ရှိ ရွှေကူဘုရားဝင်းအတွင်း ကျင်းပခဲ့သည်။ ဆန္ဒခံယူပွဲကျင်းပရာတွင် အိန္ဒိယနှင့်တွဲရေးဘက်က ဆန္ဒမဲအများအပြားရရှိခဲ့သည်။ ၁၉၁၈ခုနှစ်တွင် အင်္ဂလိပ်အစိုးရ၏ ဝတ်စလီခရစ်ယာန်သာသနာပြုအထက်တန်းကျောင်း (ယခု-အလက-၃) နှင့်အပြိုင် ဗုဒ္ဓသာသနာ့ရက္ခိတအမျိုးသားအထက်တန်းကျောင်း (ယခု-အထက-၁) ကိုစတင်ဖွင့်လှစ်ခဲ့ပါသည်။ ၁၂၈၁ခုနှစ်၊ တပို့တွဲလပြည့်ကျော် (၅) ရက်နေ့တွင် မဟာဝိဇယာရာမပါဠိတက္ကသိုလ် (အရှေ့တိုက်ကြီး)ကို စတင်တည်ထောင်ခဲ့ပါသည်။

ပခုက္ကူမြူနီစပါယ်ရွေးကောက်ပွဲကို ၁၉၃၀ခုနှစ်၊ ဒီဇင်ဘာ (၁၀) ရက်နေ့တွင်ကျင်းပခဲ့သည်။ ၁၉၃၁ခုနှစ်၊ မတ်လ၂၂ရက်နေ့တွင် ပခုက္ကူမြို့တွင် မီးအကြီးအကျယ်လောင်ကျွမ်းခဲ့ရာလူပေါင်း (၃၀၀၀) ကျော်အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။ နောက်နေ့မနက်တွင်လည်း ဖလန်းမင်းလမ်း (ယခု-ကျောင်းတော်ရာလမ်း) တွင်မီးလောင်ကျွမ်းပြန်သည်။ ထို့ကြောင့်ပခုက္ကူမီးသတ်တပ်ဖွဲ့ကို ၁၉၃၁ခုနှ စ်၊ ဧပြီ (၇) ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။၁၉၄၇ခုနှစ် ဩဂုတ်လ ၁၅ ရက်တွင် အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံတို့ လွတ်လပ်ရေးရလာခြင်းနှင့်အတူ ဗြိတိသျှအိန္ဒိယ-ပါကစ္စတန်နယ်နိမိတ်မျဉ်းဖြစ်သော မက်မဟွန်းမျဉ်းအရ ပခုက္ကူတောင်တန်းဒေသပြည်နယ်ကို ဖျက်သိမ်း၍ ပခုက္ကူ တောင်တန်းဒေသပြည်နယ်၏ ၃ပုံ၂ပုံမှာ ဗြိတိသျှဗမာနိုင်ငံမှဆွဲထုတ်ကာ အိန္ဒိယဓနသဟာယနိုင်ငံတွင် ပြောင်းလဲပါဝင်လာခဲ့၍ မဏိပူရပြည်နယ်၊ မီဇိုရမ်ပြည်နယ်၊ တြိပူရပြည်နယ်၊ နာဂလန်းပြည်နယ်နှင့်မီဂါလာယာပြည်နယ်တို့ဖြစ်လာခဲ့သည်။

လွတ်လပ်ရေးခေတ် - ပခုက္ကူတောင်တန်းဒေသကိုပခုက္ကူ၊ ပေါက်၊ မြိုင်၊ ဆိပ်ဖြူ၊ ရေစကြို၊ ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ကန်ပက်လက်၊ မင်းတပ်၊ မတူပီ ဟူ၍မြို့နယ် (၁၁) ခုဖြင့် ဖဆပလအစိုးရက ၁၉၄၈တွင်အသစ်ပြန်လည်ဖွဲ့စည်းခဲ့ပြီး ပခုက္ကူခရိုင်နှင့် ကန်ပက်လက်ခရိုင်ဟူ၍ ခရိုင်နှစ်ခုနှင့် ပခုက္ကူစီရင်စု၊ ဆိပ်ဖြူစီရင်စု၊ ဂန့်ဂေါစီရင်စုနှင့် မင်းတပ်စီရင်စုဟူ၍စီရင်စု (၄) ခုရှိခဲ့သည်။ ထို့ကြောင့်ပင် ပခုက္ကူတောင်တန်းဒေသ၏မြို့တော်ဖြစ်သော ပခုက္ကူမြို့ကိုချင်းဝိသေသတိုင်း၏မြို့တော်အဖြစ်ထည့်သွင်းပေးရေး ချင်းတိုင်းရင်းသားပါလီမန်ကိုယ်စားလှယ်များက အစဉ်တစိုက်တောင်းဆိုခဲ့ကြသည်။ပခုက္ကူမြို့ကို ၁၉၄၉ တွင်ကွန်မြူနစ်သူပုန်များကသိမ်းပိုက်ခဲ့ပြီး ၁၉၅၅ ခုနှစ်အထိအစိုးရတပ်များမှလက်လွှတ်ပေးခဲ့ရသည်။၁၉၅၈ ခုနှစ်တွင်ကန်ပက်လက်ခရိုင်ကိုဖျက်သိမ်းပြီးမင်းတပ်ခရိုင်ကိုဖွဲ့စည်းခဲ့သည်။ တော်လှန်ကောင်စီအစိုးရလက်ထက်တွင် ပခုက္ကူတောင်တန်းဒေသကို ဖျက်သိမ်းပြီးပခုက္ကူခရိုင်ကို မကွေးတိုင်းအတွင်း ပေါင်းထည့်ခဲ့သည်။၂၀၀၃ ခုနှစ်အထိပခုက္ကူခရိုင်ကိုမြို့နယ် ၈ ခုဖြင့်ဖွဲ့စည်းခဲ့သည်။ ၂၀၀၃ ခုနှစ်တွင်ဂန့်ဂေါခရိုင်ကိုမြို့နယ် ၃ မြို့နယ်ဖြင့်ဖွဲ့စည်းခဲ့သည်။ ထို့ကြောင့်ယနေ့ပခုက္ကူခရိုင်ကိုမြို့နယ် ၅ ခုသာဖွဲ့စည်းထားသည်။

ပါဝင်သော မြို့နယ်များပြင်ဆင်

ခရိုင်ရုံးစိုက်ရာမြို့ပြင်ဆင်

ပခုက္ကူမြို့မှာ ခရိုင်ရုံးစိုက်ရာမြို့ဖြစ်ပြီး ဧရာဝတီမြစ်၏ အနောက်ဘက်ကမ်း မြို့တော် ဟူ၍လည်း ထင်ရှားသည်။ ဧရာဝတီမြစ် အနောက်ဘက်ကမ်းရှိ မြို့ကြီးများ အနက် အချက်အခြာအကျဆုံး ဖြစ်သည်။ ယခုအခါ ရထားရော ကားပါ ဖြတ်သန်းနိုင်မည့် ဧရာဝတီတံတား (ပခုက္ကူ)ကို တည်ဆောက်ပြီးစီးပြီဖြစ်သဖြင့် အရှေ့ဘက်ကမ်း ဒေသများနှင့် ပိုမို လွယ်ကူလျင်မြန်စွာ ဆက်သွယ်သွားလာနိုင်သည်။

အခြားမြို့များပြင်ဆင်

ဒေသတွင်း အရေးပါသော အခြားမြို့များမှာ အမွှေးတိုင်လုပ်ငန်းဖြင့် ထင်ရှားသည့် ရေစကြိုမြို့မကွေးခရိုင် ချောက်မြို့ တဘက်ကမ်းရှိ ဆိပ်ဖြူမြို့မြိုင်မြို့ပေါက်မြို့ပုခန်းကြီးမြို့မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့ တဘက်ကမ်းရှိ မြစ်ခြေမြို့ တို့ဖြစ်ကြသည်။