ချစ်အမျှ ရုပ်ရှင်သည်  ၁၉၄၀ ခုနှစ်က ရုံတင်ခဲ့သော မြန်မာရုပ်ရှင်ဇာတ်ကားဖြစ်သည်။ စာရေးဆရာသုခအား Film Fare မဂ္ဂဇင်းထဲမှ Toy Wife ကိုမှီး၍ ဒါရိုက်တာမောင်တင်မောင်က ချစ်အမျှ ဇာတ်ညွှန်းကို ရေးခိုင်းသည်။ ယင်း ချစ်အမျှ ဇာတ်ကားကို ဒါရိုက်တာမောင်တင်မောင် ကိုယ်တိုင်ပါဝင်သရုပ်ဆောင်၍ မေရှင်၊ မေမြင့်၊ မြင့်ဆွေ၊ ဦးဘရှင်၊ ဦးဘိုးသောင်းတို့ဖြင့် ရိုက်ကူးသည်။ နောင်တွင် ဒါရိုက်တာထူးချွန်ဆုရှင် (၆) ထပ်ကွမ်းအကယ်ဒမီ ဆရာသုခသည် ချစ်အမျှ ကားရိုက်စဉ် ဒိုင်ယာလော့တွေ ချပေးရသည်။ ယခင်က အေဝမ်း၏မူအရ စကားလေးလေးတွဲ့တွဲ့ပြောသည်ကို အရပ်သုံးစကားဖြင့် ပြင်ဆင်ပြောစေသည်။ ဆရာသုခသည် ချစ်အမျှ ကားမှ စတင်၍ မောင်တင်မောင်ထံမှ ဒါရိုက်တာအတတ်ပညာသင်သဘောမျိုး ရိုက်ခဲ့သည်။ ချစ်အမျှရုပ်ရှင်ကို ၂၆-၂-၁၉၄၀ ခုနှစ်က ရုံတင်ပြသခဲ့ပြီး အောင်မြင်သော ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်ခဲ့ပေသည်။

ကိုးကား ပြင်ဆင်ရန်

အေဝမ်းတင်မောင် ၊ သမိုင်းဖြစ်စဉ်ထဲက ဒါရိုက်တာဦးသုခ၏ ရုပ်ရှင်ကားများ (ဆောင်းပါး)- ကျော်သန်းမြင့် (ဗန်းမော်)