ချေးထိုးပိုး သို့မဟုတ် နောက်ချေးပိုးသည် ပိုးတောင်မာတမျိုးဖြစ်ပြီး မစင်ထဲ၌ ပျော်ပွဲဝင်သည်။ နောက်ချေးပိုးအများစုက မစင်ကို မြေတွင်လှိမ့်ကာ လုံးတတ်သည်။ ၎င်းကို အစာအဖြစ် သုံးသည့်နည်းတူ သားဖေါက်ခန်းအဖြစ်လည်း ထားသည်။ အချို့နောက်ချေးပိုးတို့မှာမူ ရှာရသမျှသော မစင်တို့ကို မြေ၌ မြှုပ်၍ သိမ်းသည်။ အချို့မျိုးစိတ်တို့မှာ ၎င်းတို့ကိုယ်ထက် အဆ ၂၅၀ မျှရှိသော မစင်တို့ကို တညအတွင်း မြေ၌သိပ်နိုင်သည်။ တတိယအုပ်စုမှာ လှိမ့်လည်း မလှိမ့်၊ တွင်းထဲလည်း မထည့်၊ မစင်ပုံတွင်းသို့ ခုန်ဆင်းကာ ဌာနသပ္ပါယ မျှတစွာနေတော့သည်။ အရောင်အသွေး အရွယ်အစား  အမျိုးမျိုးပြားသည်။ ခန္ဓာကိုယ်နှင့် ခြေလက်အချိုးအစားမှာလည်း နေထိုင်စားသောက်ပုံပေါ်မူတည်၍ အတိုအရှည် ကွဲနိုင်သည်။

Dung beetle
Scarabaeus viettei (syn. Madateuchus viettei, Scarabaeidae) in dry spiny forest close to Mangily, western Madagascar
en:Scarabaeus viettei ([[:sv:
en:Scarabaeus viettei|sv]]) (syn. Madateuchus viettei, en:Scarabaeidae) in dry spiny forest close to Mangily, western Madagascar
သိပ္ပံနည်းကျ အမျိုးစားခွဲခြားခြင်းဤအမျိုးအစားခွဲခြားခြင်းကို ပြင်ဆင်ရန်
လောက: Animalia
မျိုးပေါင်းစု: Arthropoda
မျိုးပေါင်း: Insecta
မျိုးစဉ်: Coleoptera
Infraorder: Scarabaeiformia
Superfamily: Scarabaeoidea
အုပ်စုများ ပါဝင်သည်
Cladistically included but traditionally excluded taxa

နောက်ချေးပိုးမျိုးစိတ်အားလုံးသည် မူလမျိုးရင်း ဆကာရာဘီယဒီတွင် ပါသည်။ အများစုမှာ ဆကာရာဘီယဒယ်နှင့် ဆကာရာဘီယနယ် မျိုးရင်းကွဲတို့၏ အစုအဝင်များ ဖြစ်သည်။ ဆကာရာဘီယနယ်မျိုးစိတ်ဝင် အများစုမှာ မစင်တမျိုးကိုသာ အားပြု၍စားသဖြင့် နောက်ချေးပိုးစစ်စစ်ဟု ခေါ်သည်။ ဂျီယိုထရုပီဒယ်သို့သော နောက်ချေးပိုးတို့မှာ သားဖေါက်ရန် မစင်ကို မြေသို့သိပ်သော်လည်း အဓိကဟင်းစာအဖြစ် အမှီအဝဲနည်းသည်။ ဆကာရာဘီယနယ်တခုတည်း၏ မျိုးစိတ်သည်ပင် ၅၀၀၀ ကျော်သည်။

နာမည်ကျော် အာဖရိကနောက်ချေးပိုး ဆကာရာဘီယပ် ဆတဲရပ်တို့သည် နဂါးငွေ့တန်းအတိုင်း ၎င်းတို့တည်နေရာကို သိကာ အရပ်မျက်နှာကို ခွဲခြားနိုင်သည့် ကျောရိုးရှိသတ္တဝါများအနက် တမျိုးဖြစ်လေ၏။

မြန်မာ့စွယ်စုံကျမ်းလာ ဖော်ပြချက်

ပြင်ဆင်ရန်

ချေးထိုးပိုးသည် ပိုးကောင်မာမျိုး ဖြစ်သည်။ ပိုးတောင်မာတို့သည် မျိုးရင်းအားဖြင့် ၂၁ မျိုးရှိ၍ မျိုးစိတ်အားဖြင့် ၂၅ဝဝဝဝ ရှိ၏။ ဇီဝဗေဒအလိုအရ ချေးထိုးပိုးသည် စကာရာဗီအစ်ဒီးမျိုးရင်းတွင် ပါဝင်၍ ကိုလီအော့ပတဲရားမျိုးစဉ်တွင် အပါအဝင်ဖြစ်၏။

ချေးထိုးပိုး၏ ကိုယ်လုံးသဏ္ဌာန်မှာ ကြက်ဥပုံသဏ္ဌာန် ဖြစ်သည်။ ကျောကုန်းသည် မည်းနက်သော အရောင်ဖြင့် ပြောင်လျက်ရှိ၏။ အနက်ရောင်အောက်တွင် အပြာရောင်ခံထား သည်။ ချေးထိုးပိုးသည် အလျားအားဖြင့် ၁ လက်မခန့်ရှိ၍ ကိုယ်လုံးသည် မာကျောကျစ်လျစ်၏။ ခြေ ၆ ချောင်းရှိ၍ အတောင် ၄ ခု ရှိသည်။ မပျံသန်းဘဲ မြေပေါ်တွင် နားနေ သောအခါ ချေးထိုးပိုး၌ အတောင်ပါရှိသည်ဟုပင် မထင်ရချေ။ တောင်ပံ ၄ ခုရှိရာ အတွင်းဘက်တောင်ပံ ၂ ခုကို အပြင်ဘက် တောင်ပံ ၂ ခုက ဖုံးအုပ်ထားသည်။ ပျံသန်းရာတွင် အတွင်း ဘက် တောင်ပံများကိုသာ သုံးသည်။ ချေးထိုးပိုးသည် ကိုယ်လုံး မဆံ့သာအောင် ကျဉ်းမြောင်းသော အကြိုအကြားထဲသို့ တိုးဝင် သောအခါ အပြင်တောင်ပံ ၂ ခု၏ ကာကွယ်မှုကြောင့် အတွင်း တောင်ပံမှာ ပျက်စီးမသွားချေ။

ချေးထိုးပိုးသည် လေထဲတွင် ကျင်လည်စွာ မပျံသန်းနိုင် ချေ။ ထိုကြောင့် ပျံသန်းနေခိုက် ချေးထိုးပိုးသည် တိုင်နံရံ စသည်တို့ဖြင့် တိုက်မိလျှင် အောက်သို့ တစ်ရှိန်ထိုးကျလာ တတ်သည်။ ဤသို့ အကျဆိုးဖြင့် ကျသော်လည်း ချေးထိုးပိုး၌ များသောအားဖြင့် အထိအခိုက် မရှိချေ။

ချေးထိုးပိုး၏ ကိုယ်ခန္ဓာကို ၃ ပိုင်းခြားထား၏။ ထို ၃ ပိုင်းမှာ ဦးခေါင်းပိုင်း၊ ရင်ပိုင်းနှင့် ဝမ်းပိုက်ပိုင်း ဖြစ်၏။ ထို အပိုင်း ၃ ပိုင်းသည် တစ်ပိုင်းနှင့်တစ်ပိုင်း ဆက်စပ်လျက်ရှိ၏။ ဦးခေါင်းတွင် ဦးမှင်ရှိ၏။ ပါးစပ်တွင် ခိုင်မာသော မေးရိုးကြီး များကို တွေ့ရ၏။ ပိုးလောင်း၌ပင်လျှင် ခိုင်မာသောမေးရိုးကြီး များကို တွေ့ ရ၏။ ချေးထိုးပိုးသည် အမိဝမ်းမှ ပေါက်လာ ကတည်းက ချေးထိုးပိုးဘဝနှင့် ပေါက်လာသည်မဟုတ်။ သူ၏ ဘဝဖြစ်စဉ်၌ အသွင် ၄ ဆင့် ပြောင်းပြီးမှ ချေးထိုးပိုး ဖြစ်လာ သည်။ ပထမအဆင့်သည် ဥပင် ဖြစ်၏။ ဒုတိယအဆင့်သည် ဥမှ ပေါက်ဖွားလာသော ပိုးလောင်းဖြစ်၏။ တတိယအဆင့် သည် ပိုးတုံးလုံးဖြစ်၍ နောက်ဆုံးအဆင့်မှာမူ ချေးထိုးပိုး ဖြစ် လာလေသည်။

ချေးထိုးပိုးသည် မိမိ၏ဥကို မြေ0x100သဇာပုံ သို့မဟုတ် နောက်ချေးပုံထဲတွင် ဥတတ်၏။ ချေးထိုးပိုးသည် မြေ0x100သဇာပုံမှ နောက်ချေးကိုယူ၍ အလုံးသဏ္ဌာန် ပြုလုပ်လေ့ရှိသည်။ လုံး ထားသော နောက်ချေးသည် ချေးထိုးပိုးထက်ပင် အရွယ်အား ဖြင့် ကြီး၏။ ချေးထိုးပိုးသည် ရှေ့ခြေကို မြေကြီးပေါ်သို့ ထောက်လျက် နောက်ခြေဖြင့် နောက်ချေးလုံးကို တွန်းကန်ကာ မိမိအလိုရှိရာသို့ ယူဆောင်၏။ နောက်ချေးလုံးမှာ ကုန်းမြင့် ပေါ်သို့ ယူဆောင်ရာ၌လည်းကောင်း၊ ကျောက်တုံးကျောက်ခဲကြီး များ ပေါ်သို့ ဆွဲတင်ရာ၌လည်းကောင်း၊ ချိုင့်ကွက်များထဲမှ ဆွဲထုတ်ယူရာ၌လည်းကောင်း၊ ချေးထိုးပိုးသည် နောက်ချေးလုံး ကို ထားပြီးလျှင် နောက်ချေးလုံးထဲသို့ အပေါင်းဖောက်ထွင်း၏။ ထိုအပေါက်ထဲသို့ ချေးထိုးပိုးသည် ဝင်၍ အပေါက်ကျယ်အောင် နောက်ချေးကို စားပစ်၏။ ထိုအပေါက်ထဲတွင် ချေးထိုးပိုးမ သည် ဥဥ၏။ ဥဥပြီးသည့်နောက် နောက်ချေးလုံးကို မြေကြီး ဖြင့် ဖုံးအုပ်ထားခဲ့၏။

ချေးထိုးပိုးသည် အသွားအလာ နှေးကွေး၏။ ပက်လက် လန်သွားသောအခါ နဂိုအနေသို့ ပြန်ရောက်အောင် မိမိဖာသာ မစွမ်းနိုင်ချေ။ ပက်လက်လန်နေသော အနေအထားသည် ချေး ထိုးပိုးအတွက် အလွန်အနေရ ကြပ်၏။ စိုးရိမ်စရာလည်း ဖြစ်၏။ အကြောင်းမူကား ထိုအချိန်တွင် အခြားသားစား ပိုးကောင်များ သို့မဟုတ် ပရွက်ဆိတ်များသည် ချေးထိုးပိုးကို အပိုင်းပိုင်းဖြတ်၍ စားသောက်နိုင်ကြသောကြောင့်တည်း။ ချေးထိုးပိုးသည် ပက်လက်မလန်ဘဲ နဂိုအနေအထားတွင် ရှိစဉ် ဘေးရန်မှ လွတ်ကင်းအောင် မိမိကိုယ်ကို မိမိ ကာကွယ် နိုင်၏။ မည်းနက်သော ကျောက်ကုန်းသည် ချေးထိုးပိုးကို ဒိုင်း သဖွယ် ကာကွယ်ပေး၏။ ချေးထိုးပိုး၏ တုတ်ခိုင်သော နောက် ပိုင်းသည် မာကျောသည့်ပြင် မကျိုးမပြတ်နိုင်သောကြောင့် အစာအလို့ငှာ ကိုက်ဖြတ်လိုသော ရန်သူတို့သည် ချေးထိုးပိုးကို အလွယ်တကူ ရန်မမူနိုင်ကြချေ။ ချေးထိုးပိုးသည် မိမိရန်သူကို နိုင်နင်းမည့်ပုံမပေါ်လျှင် အတောင်ကိုဖြန့်၍ လေထဲသို့ ပျံထွက် ပြေးတတ်၏။

ချေးထိုးပိုးသည် ပျံသန်းနိုင်သော်လည်း အများအားဖြင့် ခြေကိုသာ အသုံးပြု၍ လျှောက်သွားတတ်၏။ ညနေချိန် သို့မဟုတ် ညနေစောင်းချိန်တွင် ချေးထိုးပိုးများ ပျံဝဲနေသည်ကို အများအားဖြင့် တွေ့မြင်ကြရ၏။ ချေးထိုးပိုးသည် အလင်းကို ရှောင်၍ ကျောက်တုံးကျောက်ခဲကြီးများအောက်တွင် နေတတ် ၏။ ထို့ပြင် အမှိုက်သရိုက်ပုံ အောက်တွင်လည်းကောင်း၊ သစ်ပင်အမြင့်နှင့် နံရံအကြိုအကြားများထဲ၌လည်းကောင်း နေတတ်၏။ အလင်းရောင် အားနည်းသော ညနေအေးအချိန် မျိုးတွင်သာလျှင် မိမိခိုအောင်းလျက်ရှိသော နေရာမှ ပြင်ပသို့ ထွက်လာတတ်လေသည်။[]

နောက်ချေးပိုးမသည် နောက်ချေးပုံနား၌ မြေတူး၍ ဥများကို နောက်ချေးဖြင့် မံကာ မြေတွင် မြုပ်သည်တွင် လူတို့က မတ် ဧပြီလများတွင် ဖော်စားတတ်သည်။ မံထားသော နောက်ချေးလုံးကို ခွါ၍ ဝါဝင်းသော အီကုပ် (နောက်ချေးပိုး သားလောင်း) ကို တွေ့က စားကောင်းသောအရွယ်ဟု သတ်မှတ်သည်။ ဖြူလျှင် ငယ်သေးပြီး အရသာမပါ၊ ညိုလျှင် ကြီးကောင်ပျိုးနေပြီး ဖွယ်တယ်တယ်နိုင်သောကြောင့်တည်း။ တောင်ရိုး ဓနုတို့ ဒေသစာဟု ဆိုနိုင်ပြီး ဆူးပုပ်ရွက်ခတ်ကာ ဟင်းအဖြစ် စားလေ့ရှိသည်။

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)