ခြိုးခြံထွက်မြောက် ကျင့်စဉ်စု
ခြိုးခြံကျင့်ကြံမှု (သို့) ခြိုးခြံထွက်မြောက် ကျင့်စဉ်စု (သို့) ခြိုးခြံ ကျင့်စဉ်စု (အင်္ဂလိပ်: Asceticism) ဆိုသည်မှာ တွေ့ကြုံခံစားဖွယ် စည်းစိမ်တို့မှ ဖြတ်တောက်ခြိုးခြံက စိတ်ပိုင်းဆိုင်ရာ အနေအထားတခုခုကို ပန်းအတိုင်ထားကာ လေ့ကျင့်နေထိုင်သော ဘဝနေထိုင်မှု ပုံစံကို ညွှန်းသည်။[၃]
ခြိုးခြံကျင့်ကြံသူများမှာ လူ့ဘောင်မှ တွဲထွက်သည်လည်း ရှိသဲ့သို့၊ လူ့ဘောင်၌ ဆက်နေပြီး ဥစ္စာစီးပွားရေးနှင့် ဒြပ်သားစည်းစိမ်တို့မှ အထိုက်အလျောက် ခွါကျဉ်သော ရိုးစင်းခြိုးခြံသည့် နေထိုင်မှုပုံစံနှင့်၊ မိမိကိုးကွယ်ရာ ကိုးကွယ်ဘာသာရေးကို အာရုံပြု၍လည်းကောင်း စိတ်အခြေအနေတစ်ခုကို စူးစိုက်ရည်သန်၍လည်းကောင်း ဥပုသ်စောင့်ခြင်းလည်း ပြုတတ်ကြသည်။[၄] ဥပုသ်သီတင်း စောင့်သူက မိမိ၏ ကိုယ်တွင်းအသိစိတ်ကိုလည်း အဆုံးမဲ့သော လောကနှံ့ အသိစိတ်အရာနှင့် ချိတ်ဆက်ပေးနိုင်သည် ဟု ယူသော အယူအဆများလည်း ရှိတတ်သည်။[၅] အချို့လူမျာကလည်း မိမိစွဲနေသည့် အရက်၊ ဆေးလိပ်၊ မူးယစ်ဆေးဝါး၊ ဖျော်ဖြေရေး၊ လိင်မှုကိစ္စ၊ အစားအစာ စသည်တို့မှ လွတ်မြောက်ပြတ်တောက်ရန်ငှာ ခြိုးခြံကျင့်စဉ်စုများကို ချဉ်းကပ်ကြသည်။[၆]
ဗုဒ္ဓဘာသာ၊ ဂျိန်းဘာသာ၊ ဟိန္ဒူဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဂျူးဘာသာ၊ အစ္စလာမ်ဘာသာ စသည်တို့နှင့် မျက်မှောက်ခေတ်ပေါ် ကျင့်စဉ်များအတွင်းလည်း ဤ ခြိုးခြံကျင့်စဉ်များ (Asceticism) အထိုက်အလျောက် ပါဝင်နေတတ်ပုံလည်း သမိုင်းတလျှောက်၌ တွေ့ရနိုင်သည်။[၆]
အကိုးအကား
ပြင်ဆင်ရန်- ↑ Randall Collins (2000), The sociology of philosophies: a global theory of intellectual change, Harvard University Press, ISBN 978-0674001879, p. 204.
- ↑ William Cook (2008), Francis of Assisi: The Way of Poverty and Humility, Wipf and Stock Publishers, ISBN 978-1556357305, p. 46–47.
- ↑ Asceticism (in en)။ 9 January 2021 တွင် ပြန်စစ်ပြီး။
- ↑ Richard Finn (2009)။ Asceticism in the Graeco-Roman World။ Cambridge University Press။ pp. 94–97။ ISBN 978-1-139-48066-6။
- ↑ Guruji Murugan Chillayah. (20 October 2012)။ Official Silambam Asia - Yoga Meditation (Dhyana Yoga)။ silambam.asia။ Silambam။ 31 May 2013 တွင် ပြန်စစ်ပြီး။
- ↑ ၆.၀ ၆.၁ "IAFOR Journal of Ethics, Religion & Philosophy" (Autumn 2017). Asceticism: A Match Towards the Absolute 3 (2): 14.