ခွန်ဝင်းသောင်း
ဒေါက်တာခွန်ဝင်းသောင်း (၁၇ အောက်တိုဘာ ၁၉၅၆ မွေးဖွား) သည် မြန်မာနိုင်ငံသား နိုင်ငံရေးသမားနှင့် နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦး ဖြစ်ပြီး၊ ကချင်ပြည်နယ် အမှတ် ၁၁ မဲဆန္ဒနယ်ကိုယ်စားပြု၍ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်နေသည်။ သူသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်ဖြစ်သည်။ [၁] [၂] [၃]
ဒေါက်တာခွန်ဝင်းသောင်း | |
---|---|
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၃ ဖေဖော်ဝါရီ ၂၀၁၆ | |
မဲဆန္ဒနယ် | ကချင်ပြည်နယ် မဲဆန္ဒနယ် ၁၁ |
အနိုင်ရမဲ အရေအတွက် | ၉,၉၈၅ မဲ |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | အောင်မြေသာရွာ၊ ပဲခူးမြို့ | ၁၇ အောက်တိုဘာ၊ ၁၉၅၆
လူမျိုး | ပအိုဝ်း |
နိုင်ငံရေးပါတီ | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် |
မိဘ | ဦးပွား ဒေါ်မြ |
ပညာရေး | B.V.S (Rgn) |
ငယ်ဘဝနှင့်ပညာရေး
ပြင်ဆင်ရန်ဒေါက်တာခွန်ဝင်းသောင်းကို ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ အောင်မြေသာရွာ၌ ၁၉၅၆ ခုနှစ်အောက်တိုဘာလ ၁၇ ရက်နေ့တွင် မွေးဖွားခဲ့ပြီး ပအိုဝ်း လူမျိုးဖြစ်သည်။ သူသည် ရန်ကုန်မှ BVS (Rgn) ဘွဲ့ရရှိခဲ့သည်။ သူလည်း တိရစ္ဆာန်ဆေးကုဆရာဝန်တစ်ဦး ဖြစ်သည်။ [၁]
နိုင်ငံရေး
ပြင်ဆင်ရန်ဒေါက်တာခွန်ဝင်းသောင်းအား ၈၈၈၈ အရေးတော်ပုံတွင် ပါဝင်ခဲ့ခြင်းကြောင့် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၅ နှစ်ချမှတ်ခြင်းခံခဲ့ရသည်။
၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် သူသည် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ကချင်ပြည်နယ် မဲဆန္ဒနယ် ၁၁ မှ မဲအရေအတွက် ၉,၉၈၅ မဲဖြင့် ရွေးကောက်တင်မြှောက်ခံခဲ့ရသည်။ [၄]
ကိုးကား
ပြင်ဆင်ရန်- ↑ ၁.၀ ၁.၁ Mp Profile (in my)။ Pyidaungsu Hluttaw။ 4 September 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 September 2018 တွင် ပြန်စစ်ပြီး။
- ↑ Khun Win Thaung (in my)။ 10 August 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 September 2018 တွင် ပြန်စစ်ပြီး။
- ↑ ကချင်ပြည်နယ်၊-မိုးမောက်မြို့နယ်၊ (in my)။ 4 September 2018 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
- ↑ Elections Results – Global New Light Of Myanmar။ Myanmar1329.rssing.com။ 2018-08-22 တွင် ပြန်စစ်ပြီး။