ခွာမစုံသော တိရစ္ဆာန်များ

ခွာမစုံသော တိရစ္ဆာန်များ
(Odd-toed Ungulates)
Temporal range: 56–0 Ma
Latest PaleocenePresent[၁]
The Perissodactyl.jpg
ဝဲမှ နာရီလက်တံအတိုင်း: မြင်းကျား (Equus quagga)၊ အိန္ဒိယကြံ့ (Rhinoceros unicornis) နှင့် ဘရာဇီး ကြံ့သူတော် (Tapirus terrestris)
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Mammalia
Clade: Ungulata
မျိုးစဉ်: Perissodactyla
Owen, 1848
မျိုးရင်း
ကြံ့ဖြူ သည် အကြီးဆုံးသော ရှင်သန်ဆဲ ခွာမစုံသော တိရစ္ဆာန် (ပယ်ရစ္စိုဒတ္တိုင်လာ) ဖြစ်သည်။

ခွာမစုံသော တိရစ္ဆာန်များ (အင်္ဂလိပ်: Odd-Toed Ungulates) ဆိုသည်မှာ ခွာပါသော တိရစ္ဆာန်များထဲတွင် ခန္ဓာကိုယ်အလေးချိန်အား ၎င်းတို့တွင်ပါရှိသော ခြေချောင်းငါးခုမှ (မ-ဂဏန်း)သုံးချောင်းပေါ်တွင်သာ ထမ်းထားသော (ကြံ့များနှင့် ကြံ့သူတော်များ)၊ သို့မဟုတ် တစ်ချောင်းတည်းပေါ်တွင်သာ ထမ်းထားသော (မြင်းမျိုးနွယ်များ) တိရစ္ဆာန်အားလုံးကို ခြုံငုံခေါ်ဆိုသော အမည်ဖြစ်သည့်အပြင် ဇီဝမျိုးရိုးခွဲခြားမှုအရလည်း မျိုးစဉ်အဆင့် သတ်မှတ်ချက်တစ်ခုဖြစ်သည်။ ၎င်းတိရစ္ဆာန်များအုပ်စု၏ သိပ္ပံအမည်ဖြစ်သော ပယ်ရစ္စိုဒက်တိုင်လာ (Perissodactyla) ဆိုသည့် စကားလုံးသည် ရှေးဟောင်းဂရိဘာသာမှ ဆင်းသက်လာခြင်းဖြစ်ပြီး၊ (ပယ်ရစ္စိုဒက်တိုင်လာ /pəˌrɪsˈdæktɪlə/ရှေးဂရိ: περισσός, romanized: ပယ်ရစ္စို, lit.'မ(ဂဏန်း)'၊ ရှေးဂရိ: δάκτυλος, romanized: ဒက်တိုင်လာ, lit.'လက်ချောင်း၊ ခြေချောင်း') ဟူ၍ မြန်မာလိုအဓိပ္ပာယ်ရလေသည်။ ဤအုပ်စုဝင် တိရစ္ဆာန်များ၏ ခန္ဓာကိုယ်အလေးချိန်ထမ်းထားခြင်း မရှိသော ကျန်ခြေချောင်းသုံးချောင်းမှာ အချို့၌လည်း ပါရှိကြပြီး၊ အချို့၌ ပါဝင်ကြခြင်းမရှိပေ၊ အချို့မှာမူ ပါသည်ဟု ပြောနိုင်ရုံသက်သက်မျှသာ ပါရှိပြီး အချို့တွင် ပါရှိသည့် ခြေချောင်း/ လက်ချောင်းများမှာ အနောက်သို့ ဦးလှည့်နေကြလေ၏။ အပြန်အလှန်အားဖြင့် ၎င်းအုပ်စုနှင့် မျိုးစဉ်အဆင့်ပြိုင် ဖြစ်သော ခွါစုံ(စုံ-ဂဏန်း)ပါသော တိရစ္ဆာန်များတွင်မူ ခြေချောင်းငါးခုတွင် စုံ-ဂဏန်း အရေအတွက်ပေါ်တွင် ခန္ဓာကိုယ်အလေးချိန်ကို ထမ်းထားကြလေသည်။ ထို မျိုးစဉ်အဆင့်တူအုပ်စုနှစ်ခု၏ မတူညီသည့် နောက်ထပ်အချက်တစ်ခုမှာ ခွာမစုံသော တိရစ္ဆာန်များသည် အပင် ဆဲလျူလို့အား ချေဖျက်ရာတွင် အူလမ်းကြောင်းအတွင်း၌ ချေဖျက်ခြင်းဖြစ်ပြီး ခွာစုံပါသော တိရစ္ဆာန်များမှာမူ(ချွင်းချက် - ဝက်မျိုးနွယ်မပါ) ၎င်းတို့၌ပါရှိသော တစ်ခု (သို့) တစ်ခုထက်မကသော အစာအိမ်ဖြင့် ချေဖျက်ကြခြင်းပင်ဖြစ်၏။ ထိုအစာချေဖျက်ခြင်းဆိုင်ရာ ဖြစ်စဉ်အား စားမြုံ့ပြန်ခြင်းဟု ခေါ်လေသည်။

ဤမျိုးစဉ်တွင် မျိုးစိတ် ၁၇ မျိုးပါဝင်ပြီး သက်ဆိုင်ရာ မျိုးတူအစုအလိုက် မျိုးရင်း (၃)ခုအဖြစ် မြင်းမျိုးရင်း(မြင်းမြည်းနှင့် မြင်းကျားများ)၊ ကြံ့မျိုးရင်း (ကြံ့များ) နှင့် ကြံ့သူတော်မျိုးရင်း (ကြံ့သူတော်များ) ဟူ၍ ထပ်မံခွဲခြားထားလေသည်။[၂][၃][၄]

နေထိုင်ကျက်စားရာ နယ်မြေများ ဆုံးရှုံးမှု၊ တောရိုင်းတိရစ္ဆာန်နှင့် ဆက်စပ် အစိတ်အပိုင်းများအား တရားမဝင်ရောင်းဝယ်မှု စသည့်လုပ်ဆောင်မှုများသည် အိန္ဒိယကြံ့များအပါအဝင် ကြံ့မျိုးရင်းဝင်များ၏ ရှင်သန်မှုရပ်တည်ရေးကို ခြိမ်းခြောက်လျက် ရှိသည်။
ဘရာဇီး ကြံ့သူတော် ပေါက်လေးတစ်ကောင်

လူသားများနှင့် ထိတွေ့ဆက်ဆံမှုပြင်ဆင်

အိမ်မွေးမြင်းနှင့် မြည်းတို့သည် လူ့သမိုင်းတွင် အထူးသဖြင့် သယ်ယူပို့ဆောင်ရေး၊ ခိုင်းစေခြင်းနှင့် ဝန်သယ်ဆောင်ခြင်းများတွင် အသုံးပြုခဲ့ရသော တိရစ္ဆာန်များအဖြစ် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ခဲ့လေပြီး အချို့နေရာဒေသများ၌ ယနေ့ထိတိုင် အသုံးပြုနေရဆဲလည်းဖြစ်သည်။

လူသားများသည် ၎င်းတိရစ္ဆာန်များကို ယဉ်ပါးအောင်ပြုလုပ်၍ မွေးမြူခဲ့ကြသည်မှာ လွန်လေပြီးသောနှစ်ပေါင်း ထောင်ပေါင်းများစွာကတည်းက စတင်ခဲ့ကြခြင်းလည်း ဖြစ်၏။ စိုက်ပျိုးရေးကဏ္ဍတွင် စက်ယန္တရားများဖြင့် အစားထိုးလာမှုနှင့် မော်တော်ယာဉ်တခေတ် ဆန်းသစ်လာမှုတို့ကြောင့် လူသားများအတွက် ၎င်းတိရစ္ဆာန်တို့၏ အခန်းကဏ္ဍမှာ တဖြည်းဖြည်းမှေးမှိန်လာခဲ့ခြင်း ဖြစ်လေသည်။ လက်ရှိမျက်မှောက်ခေတ်ကာလတွင် မြင်းစီးခြင်းဆိုသော အလုပ်သည် ဝါသနာအရ သို့မဟုတ် အားကစားတစ်ခုအဖြစ်သာ ဆောင်ရွက်ကြသည်သာ ပိုများ၏။ သို့ရာတွင်လည်း ကမ္ဘာ့ပေါ်ရှိ ဖွံ့ဖြိုးမှုနိမ့်ပါးသော အချို့ဒေသများတွင်မူ ၎င်းတိရစ္ဆာန်များအား တလေးတစား တန်ဖိုးထားကြဆဲ၊ အသုံးပြုနေကြဆဲပင် ရှိနေကြသေးသည်ဟုလည်း ကြားသိရသည်။

မည်သို့ပင်ဆိုစေကာမူ ကျွန်ုပ်တို့ လူ့ယဉ်ကျေးမှုသမိုင်းကြောင်းသည် အနှီးတိရစ္ဆာန်များအပေါ် တစိတ်တဒေသ မှီခိုအားထားခဲ့ရသည် ဆိုသောအချက်မှာမူ ငြင်းမရနိုင်သော အမှန်တရားပင်ဖြစ်သည်။

ကိုးကားပြင်ဆင်

  1. PBDB
  2. "Phylogenetic Relationships of the Five Extant Rhinoceros species (Rhinocerotidae, Perissodactyla) Based on Mitochondrial Cytochrome b and 12S rRNA gene" (2001). Molecular Phylogenetics and Evolution 19 (1): 34–44. doi:10.1006/mpev.2000.0903. PMID 11286489. 
  3. "Molecular phylogeny and evolution of the Perissodactyla" (2011). Zoological Journal of the Linnean Society 163 (4): 1289–1303. doi:10.1111/j.1096-3642.2011.00752.x. 
  4. "A new species of tapir from the Amazon" (2013). Journal of Mammalogy 94 (6). doi:10.1644/12-MAMM-A-169.1.