ဂင်ခခုဂျိ (銀閣寺, lit. "Temple of the Silver Pavilion") သည် ဂျပန်နိုင်ငံကျိုတိုမြို့ဆခယောရပ်ကွက်တွင် တည်ရှိသည့် ဇင်ဗုဒ္ဓဘာသာကျောင်းတော်တစ်ခု ဖြစ်သည်။ ဤကျောင်းတော်သည် မုရိုမချိခေတ်ကာလ ဟိဂရှိယာမယဉ်ကျေးမှုများကို ဖော်ပြနေသည့် တည်ဆောက်မှုများထဲမှ တစ်ခုလည်း ဖြစ်သည်။

Jishō-ji
慈照寺
The kannonden at Jishō-ji,
commonly known as the Silver Pavilion (Ginkaku) Map
အချက်အလက်များ
တည်နေရာ2 Ginkakuji-chō, Sakyō-ku, Kyōto, Kyoto Prefecture
ဘာသာရေး နှီးနွယ်မှုZen, Rinzai sect, Shōkoku-ji school
နတ်ဘုရားShaka Nyorai (Śākyamuni)
နိုင်ငံJapan
ဝက်ဘ်ဆိုဒ်Japanese Website
ဗိသုကာ
တည်ထောင်သူAshikaga Yoshimasa
ပြီးစီး1490

သမိုင်းကြောင်း

ပြင်ဆင်ရန်

အရှိခဂယောရှိမဆသည် ၁၄၆၀ ခုနှစ်အစောပိုင်းတွင် အနားယူနားနေရန်အိမ်ရာနှင့် ဥယျာဉ်များပြုလုပ်ရန် စတင်ခဲ့သည်။ သူသေဆုံးပြီးနောက်ပိုင်းတွင် ယောရှိမဆသည် သူ၏ ပိုင်ဆိုင်မှုများကို "ဂျိရှောဂျိ" ဟူသည့် အမည်ဖြင့် ဇင်ကျောင်းတော်တစ်ခု တည်ဆောက်ရန် စီစဉ်ထားခဲ့သည်။ ကျောင်းတော်သည် ယနေ့ခေတ်ကာလတွင် ရင်းဇိုင်းဇင်ဗုဒ္ဓဘာသာ၏ ရှောခိုခုဂျိဂိုဏ်းခွဲနှင့် ပက်သက်မှုရှိသည့် ကျောင်းတော်တစ်ခု ဖြစ်သည်။

အထပ်နှစ်ခုပါရှိသည့် "ခန်နွန်ဒန်း " (観音殿, Kannon hall) အဆောင်သည် ကျောင်းတော်၏ ပင်မအဆောက်အဦ ဖြစ်သည်။ ၎င်းကျောင်းဆောင်တည်ဆောက်မှုကို ၁၄၈၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် စတင်ခဲ့သည်။ အဆောက်အဦ၏ ပုံသဏ္ဌာန်အတွက် ယောရှိမဆသည် "ခင်ခခုဂျိ" ကျောင်းတော်ကို နမူနာယူကာ ဆောက်လုပ်ခဲ့သည်။ ကျောင်းတော်၏ အမည်ကို "ဂင်ခခုဂျိ" ဟု သိကြသည်။ မူလအစီအစဉ်တွင် အဆောက်အဦ၏ အပြင်ဘက်အပိုင်းကို ငွေပြားများဖြင့် ကာရန်ထားရန် လျာထားခဲ့သည်။

ပြင်ပလင့်များ

ပြင်ဆင်ရန်

ကိုဩဒိနိတ်: 35°01′36″N 135°47′54″E / 35.02667°N 135.79833°E / 35.02667; 135.79833