ဂတိ သည် ဘဝလားရာ ဖြစ်သည်။ တစ်ဘဝမှ တစ်ဘဝသို့ အဆက်ဆက် ပြောင်းလဲကျင်လဲခြင်း ဖြစ်သည်။ ဂတိ (၂) မျိုး ရှိသည်။ ၎င်းတို့မှာ

(၁) ပုထုဇ္ဇနဂတိ

(၂) အရိယဂတိ တို့ ဖြစ်ကြသည်။[၁]

ပုထုဇ္ဇနဂတိ ပြင်ဆင်ရန်

ပုထုဇ္ဇနဂတိ ဆိုသည်မှာ ဝိနိပါတအလားကို ဆိုလိုသည်။ ဝိနိပါတအလားဆိုသည်မှာ ပရမ်းပတာကျခြင်း ဖြစ်သည်။ ပရမ်းပတာကျခြင်းဆိုသည်မှာ အလိုရှိရာအရပ်ကို ရည်ရွယ်ကာ ကျရောက်ခြင်း မဟုတ်ပေ။ အမှတ်မရှိ တစ်ခုခုသောကံ၏ ပစ်ချခြင်းဖြင့် ရောက်တတ်ရာရာ ကျရောက်ခြင်း ဖြစ်သည်။[၁]

အရိယဂတိ ပြင်ဆင်ရန်

အရိယဂတိ ဆိုသည်မှာ အဝိနိပါတဂတိကို ဆိုလိုသည်။ အဝိနိပါတဂတိဆိုသည်မှာ သေသည်၏ နောက်၌ ပရမ်းပတာ ကျရောက်ခြင်းမှ ကင်းလွတ်ခြင်း ဖြစ်သည်။

တစ်ဘဝလျှင် တစ်ခါသေရခြင်း ဓမ္မတာနှင့်တွဲလျက် အမြဲပါရှိနေသော ပရမ်းပတာကျရောက်ခြင်း ဘေးကြီးသည် အကုန်အရှင်း ကင်းပ၍ တစ်ဘဝလျှင် တစ်ခါသေမြဲ ဓမ္မတာ၏နောက်၌ မိမိ၊ မိမိတို့ အလိုရှိရာ ဘုံဘဝသို့ သို့မဟုတ် ကောင်းမြတ်ရာဘုံဘဝသို့သာ ရောက်ခြင်း ဖြစ်သည်။ ဘယ်ဘုံဘဝသို့ ရောက်လိုသည်ဟု ရည်ရွယ်ခြင်းမရှိဘဲ အမှတ်မဲ့သေလွန်ခဲ့သော ကောင်းမြတ်သော ဘုံဘဝသို့ ရောက်ကြရ၏။ အပါယ်လေးဘုံသို့ ကျရောက်ခြင်းမှ ကင်းလွတ်ကြလေသည်။ ထိုမျှသာမက လူ့ဘုံ၊ လူ့ဘဝသို့ ရောက်သောအခါတွင် အမျိုးစည်းစိမ်ယုတ်ညံ့သော ဒုက္ခိတလူမျိုး၊ မသူတော်လူမျိုး၊ မိစ္ဆာဒိဋ္ဌိလူမျိုးတို့၌ ဖြစ်ရခြင်းမှ အရှင်းကင်းလွတ်ကြရသည်။ အမျိုးစည်းစိမ်မြင့်မြတ်သော လူမျိုး၊ သပ္ပုရိသလူမျိုး၊ သမ္မာဒိဋ္ဌိလူမျိုးတို့၌သာ ဖြစ်ကြရသည်။

နတ်ဘုံ၊ နတ်ဘဝသို့ ရောက်ကြရာတွင်လည်း ဗြဟ္မာ့ဘုံ၊ ဗြဟ္မာ့ဘဝသို့ ရောက်ကြရာ၌လည်း ဘုန်းတန်ခိုးယုတ်ညံ့သော နတ်မျိုး၊ ဗြဟ္မာမျိုး၊ မိစ္ဆာအယူရှိကြသော နတ်မျိုး၊ ဗြဟ္မာမျိုးတို့၌ ဖြစ်ရခြင်းမှ အလျင်းကင်းလွတ်ကြကုန်သည်။ ဘန်းတန်ခိုး ကြီးမြတ်သော နတ်မျိုး၊ ဗြဟ္မာမျိုး၊ သမ္မာအယူ ဖြူစင်သောနတ်မျိုး၊ ဗြဟ္မာမျိုးတို့၌သာ ဖြစ်ကြရသည်။

နတ်ဘုံ၊ နတ်ဘဝသို့ရောက်ကြရာ ဗြဟ္မာ့ဘုံ၊ ဗြဟ္မာ့ဘဝသို့ ရောက်ကြရာ၌လည်း ဘုန်းတန်ခိုး ယုတ်ညံ့သော နတ်မျိုး၊ ဗြဟ္မာမျိုး၊ မိစ္ဆာအယူရှိကြသော နတ်မျိုး၊ ဗြဟ္မာမျိုး၊ သမ္မာအယူ ဖြူစင်သော နတ်မျိုး၊ ဗြဟ္မာမျိုးတို့၌သာ ဖြစ်ကြရကုန်သည်။

နခသိခသုတ်၌ လာသော ပုထုဇ္ဇနဂတိ၊ ကာဏကစ္ဆပသုတ်၌ လာသော ပုထုဇ္ဇနဂိတိ၊ ဝိနိပါတဘေးကြီးမှ အလျင်းကင်းလွတ်ကြကုန်သည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ လယ်တီဆရာတော် (ဒီဇင်ဘာ ၂၀၀၇)။ လယ်တီဒီပနီပေါင်းချုပ် − ဝိပဿနာဒီပနီ။ မိခင်ဧရာဝတီစာအုပ်တိုက် location = ရန်ကုန်။ pp. ၉၊ ၁၀၊ ၁၁၊ ၁၂၊ ၁၃၊ ၁၄၊ ၁၅၊ ၁၆။ line feed character in |publisher= at position 23 (အကူအညီ); Missing pipe in: |publisher= (အကူအညီ)