ဂဒါးမစ်မြို့
ဂဒါးမစ် သို့မဟုတ် ဂဒါးမက်စ် မြို့သည် လစ်ဗျားနိုင်ငံ ထရီပိုလီတာနီးယားဒေသ၊ နာလွတ်ခရိုင်ရှိ ဘာဘာလူမျိုးတို့၏ အိုအေစစ်တွင် ရှိသော မြို့တစ်မြို့ ဖြစ်သည်။
ဂဒါးမစ် မြို့ Ghadames غدامس ʕadémis (Berber) | |
---|---|
မြို့ | |
ထိပ်ဆုံးမှစ၍ လက်ယာရစ် ဂဒါးမစ်ဗလီ၊ မြို့ဟောင်း၊ မြို့ဟောင်းလမ်းမြင်ကွင်း | |
ကိုဩဒိနိတ်: 30°8′N 9°30′E / 30.133°N 9.500°Eကိုဩဒိနိတ်: 30°8′N 9°30′E / 30.133°N 9.500°E | |
နိုင်ငံ | လစ်ဗျား |
ဒေသ | ထရီပိုလီတားနီးယား |
စည်ပင်သာယာနယ်နိမိတ် | ဂဒါးမစ် |
ပင်လယ်ရေ မျက်နှာပြင်အမြင့်[၁] | ၁၀၈၀ ပေ (၃၃၀ မီတာ) |
လူဦးရေ (2011)[၂] | |
• စုစုပေါင်း | approx. ၁၀,၀၀၀ |
အချိန်ဇုန် | EET (UTC+2) |
တရားဝင်အမည် | ဂဒါးမစ်မြို့ဟောင်း |
အမျိုးအစား | ယဉ်ကျေးမှု |
ရွေးချယ်သည့်စံနှုန်း | v |
ရွေးချယ်ခြင်း | ၁၉၈၆ |
ရည်ညွှန်းနံပါတ် | [၃] |
နိုင်ငံ | လစ်ဗျား |
ဒေသ | အာရပ်နိုင်ငံများ |
ဂဒါးမစ်မြို့၏ ဒေသခံ ဘာသာစကားမှာ ဂဒါးမစ် ဘာသာစကား ဖြစ်သည်။
ဂဒါးမစ်သည် အိုအေစစ်တွင် တည်ရှိသောကြောင့် 'ကန္တာရ၏ ပုလဲလုံး' ဟု တင်စားခေါ်ဝေါ်ကြသည်။ ၎င်းသည် ဆာဟာရန်မတိုင်မီခေတ်က ရှေးအကျဆုံးမြို့များထဲတွင် တစ်မြို့အပါအဝင် ဖြစ်ပြီး ရိုးရာမြို့တို့၏ အလွန်ပြောင်မြောက်သော ဥပမာတစ်ခု ဖြစ်သည်။ ထိုမြို့၏ ဒေသဆိုင်ရာ ဗိသုကာမှာ လုပ်ငန်းဆောင်တာအလိုက် ဒေါင်လိုက် ပိုင်းခြားထားသည့် သွင်ပြင်လက္ခဏာရှိသည်။ မြေညီထပ်သည် စားနပ်ရိက္ခာများ ထားရန် နေရာဖြစ်ပြီး အခြားအထပ်မှာ မိသားစု အတွက် ဖြစ်သည်။ အပေါ်မှ အုပ်မိုးထားသော လမ်းကြားများသည် မြေအောက်လမ်းကြောင်းများ ကွန်ယက်ကဲ့သို့ ရှိပြီး ၎င်း၏ အပေါ်တွင် အမျိုးသမီးများအတွက် ဟင်းလင်းပြင် နေရာ ရှိသည်။[၄]
ကိုးကား
ပြင်ဆင်ရန်- ↑ Wolfram-Alpha: Making the world’s knowledge computable။
- ↑ Der Spiegel Archived 6 October 2014 at the Wayback Machine., 2011 Aug 23
- ↑ UNESCO World Heritage Centre။ Old Town of Ghadamès - UNESCO World Heritage Centre။ Whc.unesco.org။ 2018-05-26 တွင် ပြန်စစ်ပြီး။
- ↑ Centre၊ UNESCO World Heritage။ Old Town of Ghadamès - UNESCO World Heritage Centre (in en)။ 2016-07-20 တွင် ပြန်စစ်ပြီး။