ဂန့်ဂေါတောင်တန်းသည် မြန်မာနိုင်ငံ အလယ်ပိုင်းမြစ်ဝှမ်းမြေနိမ့်ဒေသတွင် တည်ရှိသည်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဧရာဝတီမြစ်ကမ်းဘေး ထီးချိုင့်မြို့မြောက်ဘက် မြသိန်းတန်စေတီတည်ရှိရာ တောင်ကုန်းမှစတင်ပြီး တောင်မှမြောက်သို့ တောင်စဉ်တန်းတဖြောင့်တည်း တည်ရှိသည်။ မြောက်ပိုင်း မိုးကောင်းမြို့နယ်တောင်ဘက် ဆားမှော်ကျေးရွာအရှေ့ဘက် တောင်မှမြောက်သို့စီးဆင်းသော နန့်ရင်းချောင်း ကမ်းခြေတွင် ဂန့်ဂေါတောင်တန်း ပြီးဆုံးသည်။ တောင်တန်းကြီး၏ တောင်မြောက်အလျားသည် မိုင် ၁၁၀ ကျော်ရှိပြီး အမြင့်ဆုံးနေရာ၏ အမြင့်ပေသည် ၁,၂၀၀ မီတာ (၃,၉၀၀ ပေ) ကျော်သည်။ ဂန့်ဂေါတောင်တန်းတလျောက် ဘေးဝဲယာမြို့ရွာများမှာ တောင်တန်းကြီးစတင်ရာ ထီးချိုင့်မြို့၊ တောင်တန်းကြီး၏အနောက်ဘက် အင်းတော်မြို့မော်လူး၊ နန်းဆီးအောင်၊ မော်ဟန်မိုးညှင်းမြို့ဟိုပင်မြို့၊ ဆားမှော်၊ မိုးကောင်းမြို့တောင်ဘက်ထိပ်တို့ဖြစ်ပြီး၊ ဂန့်ဂေါတောင်တန်းကြီး၏အရှေ့အရပ်တွင် ရှိသော တစ်ခုတည်းသောမြို့မှာ ဧရာဝတီမြစ်နှင့် ဂန့်ဂေါတောင်တန်းကြီးကြား ကသာခရိုင် ကသာမြို့ တစ်မြို့တည်းသာ တည်ရှိသည်။ တောင်ရိုးရှည်ကြီးသည် ရေချိုစိမ့်စမ်းအလွန်ကောင်းပြီး ချောင်း၊ မြောင်း၊ ရေတံခွန်ကြီးများတည်ရှိသောကြောင့် သစ်ဝါးများ ပေါက်ရောက်ပေါများသည်။

ကိုးကား ပြင်ဆင်ရန်