အမှု—ကိုယ်ဝန်ဆောင်မိန်းမကို ဘိက္ခုနီ ပြုလုပ်ပေးမှု။

အမှုသည်—ဘိက္ခုနီအများ။ [၁]

ကိုယ်ဝန်ဆောင် ဘိက္ခုနီ ပြင်ဆင်ရန်

သာဝတ္ထိမြို့၌ ဘိက္ခုနီတို့သည် ကိုယ်ဝန်ဆောင် မိန်းမ တစ်ယောက်ကို “သူက ဘိက္ခုနီပြုပါရစေ”ဟု ခွင့်တောင်းသောကြောင့် ဘိက္ခုနီပြုပေးကြကုန်၏၊ ထိုကိုယ်ဝန်ဆောင် ဘိက္ခုနီသည် ဆွမ်းခံသွားသောအခါ လူတို့က ဒီအရှင်မအား လှူကြ, လောင်းကြပါ, ကိုယ်လေးလက်ဝန်နဲ့မို့”ဟု ပြောဆိုကာ သနားသောအားဖြင့် ဆွမ်းကိုလည်း ဂရုစိုက်၍လောင်းကြ, ကိုယ်ဝန်ဆောင်မကို ရဟန်း ပြုပေးရကောင်းလား”ဟု ဘိက္ခုနီများကိုလည်း စွဲကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ် ပြင်ဆင်ရန်

ယာ ပန ဘိက္ခုနီ ဂဗ္ဘိနိံ ဝုဋ္ဌာပေယျ, ပါစိတ္တိယံ။

မြန်မာပြန် ပြင်ဆင်ရန်

ကိုယ်ဝန်ဆောင်မိန်းမကို ရဟန်းပြုပေးသော ဥပဇ္ဈာယ် ဆရာမမှာ ပါစိတ်အာပတ်သင့်၏။ [ရဟန်းပြုရာ၌ ကမ္မဝါစာ ဖတ်သူ ဆရာမနှင့်အဖေါ် ဘိက္ခုနီအပေါင်းတို့မှာ ဒုက္ကဋ်အာပတ်သင့်၏။

ကိုးကား ပြင်ဆင်ရန်

  1. အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး