မကောင်းသဖြင့် (ချွတ်ယွင်း-ချော် လွှဲ-စေ၍) ပြုအပ်သော အမှု၊ မကောင်းမှု။ []

  • (၂) စက်ဆုပ်အပ်စွာ ပြုအပ်သော အမှု။ []
  • (၃) (က) မတင့်တယ်သော-ပြုခြင်း-အမူရာ။
  • (ခ) မကောင်းသော ပြုခြင်း-အမူအရာ။ []
  • (ဂ) ဖောက်ပြန်သော-ပြုခြင်း–အမူအရာ၊ ဒုက္ကဋ် အာပတ်။ []
  • (၄) မကောင်းသဖြင့်-ပြုကျင့်-အပ်သော၊ အပြစ်ရှိသော (အမှု-စသည်)။ [] []

ဒုက္ကဋ်အာပတ် ၈-မျိုး

ပြင်ဆင်ရန်

ယင်း-ဒုက္ကဋ်အာပတ်သည်-

  1. မခိုးမီ ရှေးအဖို့၌ဖြစ်သော ပယောဂကြောင့် သင့်ရောက်သော (ပုဗ္ဗပယောဂ) ဒုက္ကဋ်,
  2. ခိုးခြင်းနှင့် တကွဖြစ်သော ပယောဂကြောင့် သင့်ရောက်သော (သဟပယောဂ) ဒုက္ကဋ်,
  3. မသုံးသပ်ကောင်း မကိုင်ကောင်းသော ဝတ္ထုကို သုံးသပ်ခြင်း, ကိုင်ခြင်းကြောင့် သင့်ရောက်သော (အနာမာသ) ဒုက္ကဋ်,
  4. မကောင်းသဖြင့် ကျင့်ခြင်းကြောင့် သင့် ရောက်သော (ဒုရုပစိဏ္ဏ) ဒုက္ကဋ်,
  5. ဝိနည်း ပါဠိတော်၌ ပညတ်ထားအပ်သော (ဝိနယ) ဒုက္ကဋ်,
  6. “သံဃာကွဲပြားအောင် အားထုတ်နေ၏”ဟု ကြားသိလျက် မပြောဆိုခြင်းကြောင့် သင့်ရောက်သော (ဉာတ) ဒုက္ကဋ်
  7. ဉတ် (သံဃာတော်ကို သိစေခြင်း) ကြောင့် သင့်ရောက်သော (ဉတ္တိ) ဒုက္ကဋ်,
  8. ဝန်ခံမှု၏ ပျက်ကွက်ခြင်းကြောင့် သင့် ရောက်သော (ပဋိဿဝ) ဒုက္ကဋ် အာပတ်-ဟူ၍ ၈-မျိုးရှိ၏ [] []

ထို့ပြင် - ၉။ ဝတ္တဘေဒဒုက္ကဋ်၊ ၁၀။ သဒ္ဓါဒေယျဝိနိပါတဒုက္ကဋ်၊ ၁၁။ ဥဂ္ဂဟိတဒုက္ကဋ်၊ ၁၂။ အန္တောဝုတ္ထဒုက္ကဋ်၊ ၁၃။ အန္တောပက္ကဒုက္ကဋ်၊ ၁၄။ သာမံပက္ကဒုက္ကဋ်၊ ၁၅။ ပုနပက္ကဒုက္ကဋ်၊ ၁၆။ ဗီဇဂါမပါတဗျဒုက္ကဋ်၊ ၁၇။ သေခိယဒုက္ကဋ် စသည်ဖြင့် ဒုက္ကဋ်အာပတ်များလည်း ရှိသေး၏၊[]

ဝတ္တဘေဒဒုက္ကဋ်

ပြင်ဆင်ရန်

မဟာဝါ စူဠဝါ ဝတ္တခန္ဓက၌ ပညတ်တော်မူအပ်သော ဝတ်ကြီး (၁၄)ပါး၊ ဝတ်ငယ် (၂၂)ပါးအတိုင်း မကျင့်လျှင် ဝတ္တဘေဒဒုက္ကဋ်အာပတ် သင့်၏၊[]

သဒ္ဓါဒေယျဝိနိပါတဒုက္ကဋ်

ပြင်ဆင်ရန်

အလှူရှင်တို့သည် သဒ္ဓါတရား ရှေ့ထား၍ လှူထားသော ပစ္စည်းများကို လှူသော ဒါယကာ, ဒါယိကာမများ၏ သဒ္ဓါတရားပျက်စီးအောင် မကောင်းသဖြင့် သုံးစွဲလျှင် သဒ္ဓါဒေယျဝိနိပါတဒုက္ကဋ်အာပတ် သင့်၏၊[]

ဥဂ္ဂဟိတဒုက္ကဋ်

ပြင်ဆင်ရန်

ဒုရူပစိဏ္ဏဒုက္ကဋ်၌ ပြဆိုထားသော ခဲဖွယ် ဘောဇဉ်နှင့် ကာလိကလေးပါး၊ စားသောက်ဖွယ်ရာများကို ကိုင်ရုံ ထိရုံမကဘဲ နေရာမှ ရွေ့လောက်အောင် မြှောက်ချီဆွဲမလျှင် ဥဂ္ဂဟိတဒုက္ကဋ်အာပတ် သင့်၏၊ ဒုရူပစိဏ္ဏဖြစ်သော အစားအစာကို ကိုင်သော ထိသော ရဟန်းတစ်ပါးသာ မစားကောင်း မသောက်ကောင်း၊ အခြားရဟန်းများကား စားကောင်းသေး၏၊ အကပ်မခံရသေးသော အစားအစာကို မြှောက်ချီမ, မိလျှင် ထိုဥဂ္ဂဟိတဖြစ်သော အစားအစာကိုကား ရဟန်းအားလုံးပင် မစားသောက်ကောင်းတော့ပြီ။ ထို့ကြောင့် ရဟန်းတော်များသည် အကပ်မခံရသေးသော အစားအစာများကို ထိခြင်း, ရွေ့ခြင်း, မခြင်း, ကိုင်မြှောက်ခြင်း မပြုမိစေရန် အရေးကြီးလှသည်။[]

အန္တောဝုတ္ထဒုက္ကဋ်

ပြင်ဆင်ရန်

အကပ္ပိယကုဋိ (= မအပ်သောကျောင်း)တို့၌ သဟသေယျလောက်သော အမိုးအကာအရံအတွင်း၌ ယာဝကာလိက၊ ယာမကာလိက နှစ်မျိုးတို့ကို အရုဏ်တက်သည့်တိုင်အောင် သိုမှီးသိမ်းဆည်း၍ ညသိပ်ထားခြင်းကို အလျင်း မပြုရ။ ညဉ့်သိပ်ထားခြင်းကို ပြုခဲ့သော် ထိုဝတ္ထုသည် အန္တောဝုတ္ထ ဖြစ်၏၊ ထိုဝတ္ထုကို အကပ်ခံစားသောက်သော ရဟန်းအား အန္တောဝုတ္ထဒုက္ကဋ်အာပတ် သင့်၏၊[]

အန္တောပက္ကဒုက္ကဋ်

ပြင်ဆင်ရန်

ထို အကပ္ပိယကုဋီကျောင်းအတွင်း၌ ထိုကာလိကနှစ်မျိုးတို့ကို လူ, သာမဏေတို့ ချက်ပြုတ်ကြော်လှော်ခဲ့သည်ရှိသော် ထိုဝတ္ထုတို့သည် အန္တောပက္က ဖြစ်ကုန်၏၊ ထိုဝတ္ထုတို့ကို စားသောက်သော ရဟန်းအား အန္တောပက္ကဒုက္ကဋ် အာပတ် သင့်၏၊ အကပ္ပိယကုဋီကျောင်းနှင့် စပ်၍ သေနာသနကျောင်းအခန်း၌ ပြဆိုမည် ဖြစ်ပါသည်။[]

သာမံပက္ကဒုက္ကဋ်

ပြင်ဆင်ရန်

ရဟန်းကိုယ်တိုင် ရှေးကာလိကနှစ်မျိုးတို့ကို ကပ္ပိယကျောင်း၊ အကပ္ပိယကျောင်း အခြားနေရာတို့၌ ကြော်လှော် ချက်ပြုတ် ဖုတ်ကင် ပေါင်းခြင်းတို့ကို မပြုရာ၊ မပြုကောင်းပေ။ ထိုသို့ ပြုခဲ့သော် ထိုဝတ္ထုအားလုံးသည် သာမံပက္က ဖြစ်တော့၏၊ ထိုသာမံပက္ကဝတ္ထုကို စားသောက်သော ရဟန်းအားလုံး သာမံပက္ကဒုက္ကဋ်အာပတ် သင့်၏၊[]

ပုနပက္ကဒုက္ကဋ်

ပြင်ဆင်ရန်

လူ, သာမဏေတို့ ချက်၍ ကျက်ပြီးသော ကာလိကနှစ်မျိုးတို့ကို တစ်ဖန် ပြန်ချက်မှု, ပြန်နွှေးမှုသည် ပုနပက္ကမည်၏၊ ရဟန်းကိုယ်တိုင် ပြုလုပ်နိုင်၏၊ အပြစ် မရှိ၊ ကျက်ပြီးသော ထမင်းအေး ဟင်းအေးတို့ကို ရဟန်းကိုယ်တိုင် မီး၌ နွှေးအပ်၏၊ ကျက်ပြီးသော ထမင်းကို ယမန်း (ဆန်ပြုတ်)ဖြစ်အောင် ကျိုနိုင်၏၊ ကျိုကောင်း၏၊ ရဟန်းကိုယ်တိုင် ကျိုသော, နွှေးသော ဝတ္ထုကိုမူကား ရှေ့ကာလိကဝတ္ထုနှစ်မျိုးတို့နှင့် မရောမယှက်စေဘဲ သက်သက်သီးခြား စားသောက် ဘုဉ်းပေးအပ်၏၊ ရောနှော၍ စားသောက်ခဲ့သော် ပုနပက္ကဒုက္ကဋ် အာပတ်သင့်၏၊ အန္တောဝုတ္ထ၊ အန္တောပက္က၊ သာမံပက္က၊ ပုနပက္က ဤလေးချက်တို့ကို ကွဲကွဲပြားပြားသိအောင် လေ့လာ မှတ်သားသင့်၏၊

(ဆောင်) အန္တောဝုတ္ထ, အန္တောပက္က, သာမံပက္က, ဤသုံးဝ၊ ယာဝ ယာမမှာ။ ကျက်ပြီးကိုလျက်၊ တစ်ဖန်ချက်၊ သက်သက်အပ်သည်သာ။ ရှေ့ကာလိနှစ်၊ ရောပြန်လစ်၊ အပြစ် ရှိပြန်လာ။[]

ဒုက္ကဋ် (၃) မျိုး သင့်နိုင်

ပြင်ဆင်ရန်

နောက်ကာလိကနှစ်မျိုး သတ္တာဟကာလိကယာဝဇီဝိကနှစ်မျိုးတို့ကား ရဟန်းကိုယ်တိုင် ကြော်လှော် ချက်ပြုတ်သော်လည်း အန္တောဝုတ္ထ၊ အန္တောပက္က၊ သာမံပက္က ဖြစ်စေကာမူ ဒုက္ကဋ် (၃)မျိုးမှ လွတ်ကင်းနိုင်သည်။ သို့သော် ရှေး ကာလိကဖြစ်သော ယာဝကာလိက (= ခဲဖွယ် ဘောဇဉ်)၊ ယာမကာလိက (= အဖျော်ယမကာ)တို့နှင့် မရောမယှက် သက်သက်စားသောက်မှသာ အာပတ်သုံးမျိုးမှ လွတ်ကင်းနိုင်၏၊ ထိုရှေ့ကာလိကနှစ်ပါးနှင့် ရောနှော၍ မစားကောင်း၊ စားသောက်ခဲ့သော် အန္တောဝုတ္ထ၊ အန္တောပက္က၊ သာမံပက္ကဒုက္ကဋ် အာပတ်သုံးမျိုးတို့ သင့်ရောက်နိုင်သည်။[]

ဗီဇဂါမပါတဗျဒုက္ကဋ်

ပြင်ဆင်ရန်

မျိုးစေ့အပေါင်းကို ဗီဇဂါမ်ဟု ခေါ်သည်။ မူလ = အမြစ်၊ ခန္ဓ = ပင်စည်၊ ဖလု = အဆစ်၊ အဂ္ဂ = အညွန့်၊ ဗီဇ = အစေ့၊ ဤ ဗီဇဂါမ်ငါးမျိုးကို ဖျက်ဆီးလျှင် ဗီဇဂါမပါတဗျဒုက္ကဋ်အာပတ် သင့်၏၊ ထို့ကြောင့် ရဟန်းတော်များသည် ထို မျိုးစေ့ဖြစ်သော ငါးမျိုးတို့ကို စားသောက်လိုလျှင် လူ, သာမဏေတို့ကို ကပ္ပိစေခြင်း ပြုပြီးမှသာလျှင် စားကောင်း ဘုဉ်းပေးကောင်းသည်။[]

သေခိယဒုက္ကဋ်

ပြင်ဆင်ရန်

သေခိယသိက္ခာပုဒ်များ လွန်ကျူးလျှင် ဒုက္ကဋ်အာပတ်သင့်၏၊ ထိုသေခိယသိက္ခာပုဒ်များကို စာရိတ္တဝိနည်းဖြစ်ခြင်းကို ပြဆိုတော်မူလိုသောကြောင့် အာပတ်အမည်တပ်၍ ပညတ်တော်မမူချေ။ ထိုသေခိယကျင့်ဝတ်တို့ကို မသိ၍ဖြစ်စေ, သတိမေ့လျော့၍ဖြစ်စေ, လွန်ကျူးလိုသော စေတနာမရှိ၍ ဖြစ်စေ မကျင့်မိ မလိုက်နာမိလျှင် အပြစ်မရှိ, အာပတ်မသင့်သော်လည်း သိလျက်နှင့် မရိုမသေပြုပြီး သိလျက်နှင့် မကျင့်သော်ကား သေခိယဒုက္ကဋ် အာပတ် သင့်၏၊ သိ၍ ကျင့်လျှင်ကား အကျိုးရသည်။ ဂါရဝကုသိုလ် ဖြစ်သည်။[]

အခြား အမည်များ

ပြင်ဆင်ရန်

(၁) ရဟန်း ယောကျ်ားတို့၏ ဒုက္ကဋ်, (၂) ရဟန်းမတို့၏ ဒုက္ကဋ်ဟူ၍ ၂-မျိုးရှိ၏ []

  • မာတိကာ၌လာသော အာပတ် ၅-မျိုးတို့တွင် ၅-ခု မြောက်အာပတ်[၁၀]
  • ဝိဘင်း၌လာသော အာပတ် မျိုးတို့တွင် ၆-ခုမြောက်အာပတ် [၁၁]
  • အာစာရ, သီလ ဝိပတ္တိ ၂-မျိုးတို့တွင် အာစာရဝိပတ္တိ [၁၂]
  • မာတိကာ ဝိဘင်း၌လာသော အာပတ် ၂-မျိုးတို့တွင် မာတိကာ၌လာသော အာပတ် [၁၃],
  • ဂရုက, လဟုက အာပတ် ၂-မျိုးတို့တွင် လဟုက
  • သာဝသေသ, အနဝသေသ အာပတ် ၂-မျိုးတို့တွင် သာဝသေသ
  • သပ္ပဋိကမ္မ, အပ္ပဋိကမ္မ အာပတ် ၂-မျိုးတို့တွင် သပ္ပဋိကမ္မ
  • ဒေသနာဂါမိနီ, အဒေသနာဂါမိနီ အာပတ်၂-မျိုးတို့တွင် ဒေသနာဂါမိနီအာပတ် [၁၄]၌ ပါဝင်၏။[]

ရဟန်းနှင့် မလျော်သော အမှုဟူသမျှပြုခြင်းသည် ဒုက္ကဋ်

ပြင်ဆင်ရန်
  • ဤမှတစ်ပါးလည်း ရေအိမ်သို့ ရှေးဦးစွာ ဝင်မည့် ရဟန်းကို မြစ်၍ မိမိ အလျင်ဝင်ခြင်း၊
  • ရေဆိပ်သို့ ရှေးဦးစွာ သက်မည့် ရဟန်းကို မြစ်၍ မိမိ အလျင်သက်ခြင်း၊
  • ဆွမ်းခံရွာသို့ ရှေးဦးစွာ ဝင်မည့် ရဟန်းကို မြစ်၍ မိမိ အလျင်ဝင်ခြင်း၊
  • သီတင်းကြီး မတိုက်တွန်းဘဲလျက် ပါတိမောက်ပြခြင်း၊
  • ခွင့်မပန် ဘဲလျက် သီတင်းကြီးအား ပြဿနာမေးခြင်း၊
  • သီတင်းကြီး လာရာတွင် နေရာမှ မထခြင်း၊
  • သီတင်းကြီးနှင့် တစ်ခန်းတည်း၌နေလျှင် ၎င်းကို မပန်ဘဲ သရဇ္ဈာယ်ခြင်း, ဆီမီးညှိခြင်း, လေသွန်တံခါးစသည်ကို ဖွင့်ခြင်း ပိတ်ခြင်း၊
  • မိစ္ဆာအယူရှိသော ရဟန်းကို ရှိခိုးခြင်း၊
  • ဥက္ခိတ္တကရဟန်းကို ရှိခိုးခြင်း၊
  • ပရိဝါသ်ဆောက်တည်ဆဲ ရဟန်း, အရင်းသို့ ငင်ထိုက်သော ရဟန်း, မာနတ်ကျင့်ဆဲ ရဟန်း, မာနတ်ပေး ထိုက်သော ရဟန်း, အဗ္ဘာန်သွင်းထိုက်သော ရဟန်း, ဤ ကမ္မာရဟရဟန်း (၅)မျိုးကို ရှိခိုးခြင်း၊
  • အဝတ် မကပ်သော ရဟန်းကို ရှိခိုးခြင်း၊ အဝတ် မကပ်ဘဲ သီတင်းကြီးကို ရှိခိုးခြင်း၊
  • အဝတ် မကပ်ဘဲ ခရီးသွားခြင်း၊ အဝတ် မကပ်ဘဲ စားခြင်း, သောက်ခြင်း၊
  • ဝိနည်း၌ မသိ, မလိမ္မာဘဲလျက် ဥပဇ္ဈာယ်ဆရာ နိဿယည်းဆရာ ပြုခြင်း၊
  • အလဇ္ဇီရဟန်းတို့အား နိဿယည်းပေးခြင်း၊ နိဿယည်း ပေးတတ်သော ဆရာကို မမှီဘဲ နေခြင်း၊ အလဇ္ဇီရဟန်းတို့ကို အမှီနိဿယည်းပြု၍ နေခြင်း၊
  • အာပတ်မသင့်ဘဲလျက် ဒေသနာပြောခြင်း၊
  • ဝတ္ထုသဘောတူ သင့် သော အာပတ်ကို ဒေသနာပြောခြင်း၊
  • သံဃာဒိသေသ်အာပတ် မသင့်ဘဲလျက် ပရိဝါသ် မာနတ်ဆောက်တည်ခြင်း၊
  • ကံ မဟုတ်သည်ကို ကံပြုခြင်း၊
  • ဝုဋ္ဌာနကံ (သံဃာဒိသေသ်အာပတ်)ကို ဒေသနာကံပြုခြင်း၊ ဒေသနာကံအာပတ်ကို ဝုဋ္ဌာနကံ ပြုခြင်း၊
  • လက်ကတော့ ကိုယ်ဝတ် မတင်ဘဲ, ဆောင့်ကြောင့်မထိုင်ဘဲ, လက်အုပ်မချီဘဲ ဒေသနာပြောခြင်း၊ ဥပုသ် ပဝါရဏာပြုခြင်း၊
  • ဆရာဥပဇ္ဈာယ်တို့ အား ရှိခိုးခြင်း စသော ဝတ်ကို မပြုခြင်း၊
  • ပရိဝါသ်နေခြင်း စသော ကမ္မာရဟ အရာ၌ တည်စဉ် ရဟန်း, သာမဏေတို့၏ ဝတ်ကို သာယာခြင်း၊
  • ကမ္မာရဟပုဂ္ဂိုလ် တို့ ကျင့်ရာသော ဝတ်ကို မဖြည့်မကျင့်ခြင်း၊
  • ဝါလတိုင်လျက် ဝါမကပ်ခြင်း၊
  • သတ္တာဟကရဏီယ မပြုရာသည်၌ သတ္တာဟကရဏီယပြု၍ သွားခြင်း၊
  • ခွင့်ပြု အပ်သောအကြောင်း မရှိဘဲလျက် ဝဿစ္ဆေဒ (ဝါပြတ်ခြင်း)ကို ဖြစ်စေခြင်း၊
  • အလွှမ်းသုံးပါးတွင် တစ်ပါးပါး မရှိဘဲလျက် မိမွေးတိုင်း ရေချိုးခြင်း။ [အလွှမ်း သုံးပါးကား ပုဆိုးအလွှမ်း, ရေအလွှမ်း, အအုံအလွှမ်းတည်း။][၁၅]
  • ရေချိုးသောအခါ ကိုယ်ကို နံရံ၌ ပွတ်ခြင်း, တိုင်၌ ပွတ်ခြင်း, သစ်ပင်၌ ပွတ်ခြင်း, မှတ်ကျောက်မှုန့် ဖြင့် ပွတ်ခြင်း, တစ်ယောက်ကျောနှင့် တစ်ယောက်ပွတ်ခြင်း၊
  • ကိုယ်နံ့နံသူ မဟုတ်ဘဲလျက် ဆပ်ပြာမွှေးဖြင့် ရေချိုးခြင်း၊
  • ပကတိပုရိသ လက်တစ်ဆယ့်နှစ်သစ် (ဝဍ္ဎကီတွက်နည်းဖြင့် ယူသော် ၈-လက်မ)ထက် အလွန် ရှည်သောတံပူကို စားခြင်း၊ လက်ခြောက်သစ် (၄-လက်မ) အောက် ယုတ်သော (ဝါ) တိုသော တံပူကို စားခြင်း၊
  • နေလွဲသော အခါ၌ ပိပါသပစ္စယ (ဆာလောင်မွတ်သိပ်ခြင်း ဟူသော အကြောင်း) မရှိဘဲလျက် ဖျော်ရည်ကို သောက်ခြင်း၊
  • နေလွဲသော အခါ၌ ဂေလညပစ္စယ (အနာဟူသော အကြောင်း) မရှိဘဲလျက် သတ္တာဟကာလိကနှင့် ယာဝဇီဝိကဝတ္ထုတို့ကို မျိုခြင်း၊
  • ကွမ်း, လက်ဖက်စားခြင်း၊
  • ကြေးနီ စသည်ဖြင့် ပြုသော ပအုပ်၌ ဆွမ်းစားခြင်း၊
  • ရဟန်းနှစ်ပါး တစ်ခွက်တည်း၌ အတူစားခြင်း၊ ခုတင်တစ်ခုတည်း၌ အတူအိပ်ခြင်း၊ တစ်ခင်းတည်း ခင်း၍ အတူအိပ်ခြင်း၊ တစ်ထည်တည်းကို အတူခြုံ၍ အိပ်ခြင်း၊ တစ်ခင်းတစ်ရုံတည်း ခင်းခြုံ၍ အိပ်ခြင်း၊
  • သုံးပါး ထိုင်လောက်အောင် မရှည်သော နေရာဌာန၌ သုံးဝါ, သုံးဝါထက် ကြီးသော ရဟန်းနှင့် နေရာတူ ထိုင်ခြင်း၊ [မိမိမှ အထက်အောက်သုံးဝါ အတွင်းရှိ (နှစ်ဝါကြီး နှစ်ဝါငယ်) ရဟန်းနှင့် နေရာတူ၌ အတူထိုင်ခြင်းငှာ ခွင့်ပြု၏၊] သုံးပါးထိုင်လောက်အောင် ရှည်သော နေရာဌာန၌ဆိုလျှင် သုံးဝါ, သုံးဝါထက် ကြီးသော ရဟန်းနှင့်လည်း နေရာတူ ထိုင်နိုင်သည်ဟူ၍ သိ။ သို့သော် ညောင်စောင်း, အင်းပျဉ်ဟု ခေါ်သော ခုတင်, ထိုင်ခုံတို့၌ကား အထက် အောက် နှစ်ဝါကြီးနှစ်ဝါငယ် ရဟန်းနှစ်ပါးသာလျှင် အတူထိုင်နိုင်သည်ဟု ဝိမတိဝိနောဒနီဋီကာဆရာ ဆို၏၊။ [၁၅]
  • ဆိတ်, သိုး, သမင်, ချေ, စိုင် ဧဏီ မည်သော သား, ဆတ်တို့၏ အရေမှ တစ်ပါးသော သားရေတို့ဖြင့် ပြုလုပ်သော သားရေနွယ်အခင်းကို ကိုယ်ပိုင်ပစ္စည်းအဖြစ်ဖြင့် သုံးဆောင်ခြင်း၊
  • ဘုရားရှင် မြစ်တော်မူအပ်သော ကယဝိက္ကယ စသည်ကြောင့် ရသောပစ္စည်းကို သုံးဆောင်ခြင်း၊
  • အင်္ဂတေ စသည်ဖြင့် အပြေအပြစ် ပြုအပ်သော အရပ်၌ ဖိနပ်စီးခြင်း၊
  • ကျောင်း အိပ်ရာ နေရာ၌ ဖိနပ်စီးခြင်း၊
  • သံဃာ့ဥစ္စာဖြစ်သော ညောင်စောင်း, အင်းပျဉ်ဟု ခေါ်သော ခုတင်, ထိုင်ခုံတို့ကို မဆေး, မပွတ်, မသုတ်သော ခြေ, စွတ်သော ခြေတို့ဖြင့် နင်းခြင်း၊
  • အင်္ဂတေ စသည်ဖြင့် အပြေအပြစ် ပြုအပ်သော နံရံကို သုံးသပ်ကိုင်ခြင်း၊
  • တံတိုင်းပ နံရံပတို့၌ ကျင်ကြီး, ကျင်ငယ်, အမှိုက်, စားကြွင်း တို့ကို စွန့်ပစ်ခြင်း၊
  • အနာဟူသော အကြောင်းမရှိဘဲလျက် ဒုကုဋ်သင်္ကန်းဖြင့် မြင်းခေါင်းကျောက်ဆစ် လှည့်ရစ်ပတ်သိုင်း၍ အာယောဂပတ်ဖွဲ့လျက် နေခြင်း၊ [ဆဗ္ဗဂ္ဂီရဟန်းတို့သည် သင်္ကန်းအာယောဂပတ် ဖွဲ့လျက် ထိုင်ခြင်းကြောင့် သင်္ကန်း၏ အထပ်အလွှာတို့သည် စုတ်ပြဲကုန်ပါသည်။ ထိုသို့ မဖြစ်စေရန် ကာကွယ်သော အနေဖြင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူချေသည်။] [၁၅]
  • သင်္ကန်းကို မကောင်းသဖြင့် ဝတ်ရုံခြင်း၊
  • ခါးပန်းမဖွဲ့ဘဲလျက် ရွာတွင်းသို့ဝင်ခြင်း၊
  • တပ်သော စိတ်ဖြင့် ဆွမ်းလှူသော မိန်းမ၏ အင်္ဂါဇာတ်ကိုလည်းကောင်း, မျက်နှာကို လည်းကောင်း ကြည့်ခြင်း၊
  • ငြူစူသောစိတ်ဖြင့် ရဟန်းတစ်ပါး၏ သပိတ်ကို ကြည့်ခြင်း၊
  • အနာဟူသောအကြောင်း မရှိဘဲလျက် မိမိမျက်နှာကို ကြေးမုံ (မှန်) ရေခွက် စသည်တို့၌ ကြည့်ခြင်း၊
  • တစ်ပါးသောရဟန်း ချေဆတ်ရာ၌ ‘အသက်ရှည် ပါစေသောဝ်’ဟု ဆိုခြင်း၊
  • ကခြင်း, ကစေခြင်း၊ သီဆိုခြင်း, သီဆိုစေခြင်း၊
  • တရားတော်ကို ရှည်သော အသံဖြင့် သီချင်းကဲ့သို့ သီဆိုခြင်း။ (အသံထင်ရှားအောင် ရွတ်ဆိုခြင်းကို ခွင့်ပြု၏၊)
  • တီးမှုတ်ခြင်း, တီးမှုတ်စေခြင်း၊ ကခြင်း, သီဆိုခြင်း, တီးမှုတ်ခြင်းတို့ကို ကြည့်ရှုနားထောင်ခြင်း၊ သဘင်ခံခြင်း၊
  • မင်းနန်းတော်ကို ဖြစ်စေ၊ ဆန်းကြယ်သော အိမ်, အရံ (ခြံ), ဥယျာဉ်, ရန်ကုန်မြို့တော်၌ ရှိသော ‘ကန်တော်ကြီး’ကဲ့သို့သော ရေကန်တို့ကို ဖြစ်စေ တမင်သက်သက် သွားကြည့် ခြင်း၊
  • ဘုရား တရား သံဃာကို အကြောင်းပြု၍ “ကျောက်ဘုရားလော, နွားတရားလော, သားအပေါင်းလော” စသည်ဖြင့် ပြက်ရယ်ပြုခြင်း၊
  • လူဝတ် ကြောင်တို့ကဲ့သို့ ဝတ်ခြင်း, ရုံခြင်း, ခါးတောင်းကျိုက်သိုင်းခြင်း၊
  • တစ်စုံတစ်ခုသော ကစားမျိုးကို ကစားခြင်း၊
  • တောကို မီးတိုက်ခြင်း၊ [အနီးအပါး၌ မီးလောင်နေ၍ ကျောင်းကို မီးလောင်ခြင်းမှ ကာကွယ်ရန် အလို့ငှာ မီးကြိုပေးရန်လည်းကောင်း၊ အရံအတား လုပ်ရန်လည်းကောင်း ခွင့်ပြု၏ဟု မိန့်တော်မူ၏၊] [၁၅]


  • နှစ်ဘက်ဝန် ရှိသော ထမ်းပိုးကို ထမ်းခြင်း၊ သမ္မုတိမရဘဲလျက် ရှည်သောတုတ်၌ ဆွဲသော ဆိုင်းကို ထမ်းခြင်း၊ ဆိုင်းဖြင့် သပိတ်ကို ဆောင်ခြင်း၊ ရှည်သောတုတ်ဖြင့် သပိတ်ရှိသော ဆိုင်းကို ဆောင်ခြင်း၊ [စူဠဝဂ်ပါဠိတော် (မြန်မာပြန်)ခုဒ္ဒကဝတ္ထု က္ခန္ဓက၊ အပိုဒ်-၂၇၀၊၂၇၁၊၂၇၂ — အသီးအသီးတို့၌ ရှု။]
  • ပန်းကုံးပန်းဆိုင်းတို့ကို ပြုခြင်း, ပြုစေခြင်း၊
  • ဒါယကာတို့အား ပျူငှာလောကဝတ်ပြုခြင်း၊
  • ၎င်းတို့အား သစ်သီးပေးခြင်း ပန်းပေးခြင်း စသည်ကို ပြုခြင်း၊
  • သီတင်းသုံးဖော်ငါးယောက်, မိဘ စသော သူတို့မှ တစ်ပါး အခြားသူတို့ကို ဆေးပေးခြင်း၊
  • ဗေဒင်ကျမ်းကို သင်ခြင်း, သူ့ကို သင်စေခြင်း၊
  • ကာလအားဖြင့် နှစ်လ, ပမာဏအားဖြင့် လက်နှစ်သစ်ထက် အလွန် ရှည်သောဆံကို မသုတ်သင်ခြင်း၊
  • မုတ်ဆိတ်ကို ရှည်အောင် ထားခြင်း၊ ဆိတ် မုတ်ဆိတ်နှင့် တူသော မုတ်ဆိတ်ကို ထားခြင်း၊ လေးထောင့် မုတ်ဆိတ်ကို ထားခြင်း၊
  • ကြင်စွယ် (နှုတ်ခမ်းမွေး)ကို ထားခြင်း၊
  • နှာခေါင်းမှ အပသို့ ထွက်အောင် ရှည်သော နှာခေါင်းမွေးတို့ကို မသုတ်သင်ခြင်း၊
  • လက်သည်း ခြေသည်းတို့ကို အသားထက် ရှည်စေခြင်း၊ ၎င်းတို့ကို အပြေအပြစ်ပြုခြင်း၊
  • ပဿာဝမဂ်နှင့် လက်ကတီးကြားဟု ဆိုအပ်သော ချိုင်းကြား၌ ပေါက်သော အမွေးတို့ကို ရိတ်နှုတ်ခြင်း၊
  • ရင်မွေးတို့ကို ရိတ်နှုတ်ခြင်း၊
  • ဆံဖြူကို နှုတ်ခြင်း, နှုတ်စေခြင်း၊
  • အနာဟူသော အကြောင်းမရှိဘဲလျက် ဆံပင်ကို ကတ်ကြေးဖြင့် ဖြတ်ခြင်း၊
  • တစ်သူခန့်မျှ (လက်ခုတ်တစ်ဖောင်ခန့်မျှ) တက်၍ ထင်းခြောက်ကို ယူခြင်းမှ တစ်ပါး ဘေးမရှိဘဲလျက် သစ်ပင်တက်ခြင်း၊
  • အနာဟူသော အကြောင်းမရှိဘဲ လျက် အင်္ဂါဇာတ်ကို ကြဉ်၍ ကြွင်းသော ကိုယ်အင်္ဂါကို ဖြတ်ခြင်း၊
  • အာဟာရကို ဖြတ်ခြင်း စသည်ဖြင့် မိမိကိုယ်ကို သတ်ခြင်း၊
  • ရေစစ်မပါဘဲ အဓွန့်ရှည်သော (ယူဇနာခွဲ = လေးမိုင်) ခရီးသို့ သွားခြင်း၊
  • ရေစစ်ငှားသော ရဟန်းအား ရေစစ်ကို မပေးခြင်း၊
  • ပန်းချီရေးသော အရုပ်ဟူသမျှကို ရေးခြင်း, ရေးစေခြင်း, ထုခြင်း, ထုစေခြင်း၊
  • သူတစ်ပါးပရိသတ်ကို ဖြားယောင်းခြင်း၊
  • ရဟန်း, သာမဏေတို့အား မအပ်မရာသော အကျင့်ကို ဆောက်တည်စေခြင်း၊
  • ဂိလာန သို့မဟုတ် ရဟန်းအို မဟုတ်ဘဲလျက် နွားလှည်း မြင်းလှည်း ဆိုက်ကားများကိုလည်းကောင်း၊ ထမ်းစင် (ဝေါ)ကိုလည်းကောင်း၊ အဝတ်ထမ်းကိုလည်းကောင်း၊ လူနှစ်ယောက် လက်ချင်း ယှက်၍ ဆောင်ယူသော လက်ပွေ့အထမ်းစသော ထမ်းစင်အမျိုးမျိုးကိုလည်း ကောင်း စီးခြင်းဟူသမျှတို့သည် ဒုက္ကဋ်ချည်းတည်း။ [ဂိလာန သို့မဟုတ် ရဟန်းအို ဖြစ်၍ စီးလျှင် အထီးကသောယာဉ်၌သာလျှင် စီးအပ်သည်။]

တိတ္ထိတို့ ဆောက်တည်အပ်သော သူအကဲ့သို့ စကားမပြောသော အကျင့်ကို ဆောက်တည်ခြင်း၊ ဤမှ တစ်ပါးသော ဒုက္ကဋ်အာပတ်လည်း အများပင် ရှိသေးသည်။ ရဟန်းနှင့် မလျော်သော အမှုဟူသမျှကို ပြုခြင်းသည် ဒုက္ကဋ်အာပတ်ကို ကျူးလွန်သည် မည်၏၊[၁၅]

  1. ဒုက္ကဋံ ဣတိ ယံ ဝုတ္တံ၊ တံ သုဏောဟိ တထံ။ အပရဒ္ဓံ ဝိရုဒ္ဓဉ္စ၊ ခလိတံ ယဉ္စ ဒုက္ကဋံ။ ဝိ၊၅၊၂၆၂။ ဝိ၊ဋ္ဌ၊၁၊၂၇၃။ ဝိ၊နိစ္ဆယ၊ဋီ၊၁၊၄၇။ ဒုဋ္ဌု ကတံ သတ္ထာရာ ဝုတ္တကိစ္စ ဝိရာဓေတွာ ကတန္တိ ဒုက္ကဋံ။ ဝိ၊ဋ္ဌ၊၁၊၂၇၂။ ဒုက္ကဋ (ဝိ၊နိစ္ဆယ၊၄၇)န္တိ ဒုဋ္ဌု ကတံ ကိရိယံ သတ္ထာရာ ဝုတ္တံ ဝိရာဓေတွာ ခလိတွာ ကတတ္တာတိ ဒုက္ကဋံ။ ယင်း-ဋီ။
  2. ကုစ္ဆိတေ-ဒုက္ကဋံ။ ရူ၊နှာ-၁၂၇။ နိရုတ္တိ။ နှာ-၁၅၈။
  3. အသောဘနံ ကတံ ဒုက္ကဋံ၊ ဒုဋ္ဌု ဝါ ကတံ ဒုက္ကဋံ။ နီတိ၊သုတ္တ၊၇၀၂။
  4. ဒုဋ္ဌု ကတံ, ဝိရူပါသာ ကိရိယာ ဘိက္ခုကိရိယာနံ မဇ္ဈေ န သောဘတီတိ ဧဝမ္ပိ ဒုက္ကဋံ။ ဝိ၊ဋ္ဌ၊၁၊၂၇၂-၃။ ဒုဋ္ဌု ဝါ ဝိရူပံ ကတံ ကိရိယာတိ ဒုက္ကဋံ။ ဝိ၊နိစ္ဆယ၊ဋီ၊၁၊၄၇။ “ပါစိတ္တိယံ နု ခေါ ဒုက္ကဋံ နု ခေါ”တိအာဒိနာ အာပတ္တိယာ ဝါ။ ဝိသုဒ္ဓိ၊ဋီ၊၁၊၃၅။
  5. တသ္မာ တိဟ ဘိက္ခု တုယှ ဝေတံ ဒုက္ကဋ၊ ဒီ၊၁၊၂၁၂။ ဒိဿတိ သုကတံ ဒုက္ကတံ ကမ္မံ။ မိလိန္ဒ၊၂၅၉။ ဒုက္ကဋ (သံ၊၂၊၄၉၆)န္တိ ဒုဋ္ဌု ကတံ။ သံ၊ဋ္ဌ၊၃၊၁၄၁။ ဒုက္ကဋ (ဓမ္မ၊၅၈)န္တိ သာဝဇ္ဇံ အပါယသံဝတ္တနိကံ ကမ္မံ။ ဓမ္မ၊ဋ္ဌ၊၂၊၃၀၃။ ဒုက္ကဋ (ပေတ၊၁၃၀)န္တိ ဒုစ္စရိတံ။ ပေတ၊ဋ္ဌ၊၃၂။
  6. ၆.၀ ၆.၁ ၆.၂ တိပိဋကအဘိဓာန် အတွဲ-၁၀
  7. (ဝိ၊ဋ္ဌ၊၁၊၂၇၁-၂။ သာရတ္ထ၊၂၊၁၃၃။ ဝိ၊နိစ္ဆယ၊ဋီ၊၁၊၄၅)။
  8. ၈.၀၀ ၈.၀၁ ၈.၀၂ ၈.၀၃ ၈.၀၄ ၈.၀၅ ၈.၀၆ ၈.၀၇ ၈.၀၈ ၈.၀၉ ၈.၁၀ လင်းရောင်ကြည် ဆရာတော် ဦးကောဝိဒါဘိဝံသ (ဝိနည်းပဒေသာ သင်တန်း)
  9. (ဝိ၊၅၊၂၁၃)။
  10. (အဘိ၊ဋ္ဌ၊၁၊၄၂၃။ သာရတ္ထ၊၂၊၃၅၄။)
  11. (ဝိ၊၃၊၂၅၅။ အဘိ၊ဋ္ဌ၊၁၊၄၂၃။ သာရတ္ထ၊၂၊၃၅၄)။
  12. (ဝိ၊၃၊၂၅၅),
  13. (သာရတ္ထ၊၂၊၃၅၄)
  14. (ဝိ၊၅၊၂၁၁။ ဝိ၊ဋ္ဌ၊၄၊၁၅၇)
  15. ၁၅.၀ ၁၅.၁ ၁၅.၂ ၁၅.၃ ၁၅.၄ ဦးဩဘာသ။ ဝိနည်းဥပဒေတော်ကြီး