ဂါထာပေး တေးဖြစ်
ဂါထာပေး တေးဖြစ် ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။
ရှင်းလင်းချက်
ပြင်ဆင်ရန်ဂါထာမန္တန်ကို တွေ့ရာလူအား ပေးမိရာ ရသူများက အလွယ်တကူရသောကြောင့် ပေါ့ပေါ့တန်တန် ရွတ်ဆိုသဖြင့် တေးအဖြစ် ရောက်ရသကဲ့သို့ တန်ဖိုးရှိသော အရာကို တွေ့ရာလူအား ပေးမိရာ အလွယ်တကူ ရခြင်းကြောင့် တန်ဖိုးမရှိ ဖြစ်သွားသည်။
အခြားအသုံးအနှုန်း
ပြင်ဆင်ရန်- ဂါထာ သူတကာပေး တေးဖြစ် ဟူ၍လည်း အသုံးရှိသည်။
မူလရင်းမြစ်
ပြင်ဆင်ရန်- "စိတ်လေးပြီး မယုံမကြည်မရှိနှင့်။ ဂါထာပေး တေးဖြစ် ဆိုတဲ့ စကားလို သူတစ်ပါးကိုလည်း နည်းမပြလေနှင့်။" [၁၂၇၈] တင်မြ၊ ဒု။ ၉၆။