ဂီတဗေဒ (အင်္ဂလိပ်: Musicology) ဆိုသည်မှာ ဂီတ၏သုတနှင့် ရသတို့ကို လေ့လာခြင်း၊ သီချင်းများကို သုသေတနနည်းဖြင့် လေ့လာခြင်းတို့ဖြစ်သည်။ ဂီတဗေဒဌာနကို Humanities ခေါ် လူ့ယဉ်ကျေးမှုကို လေ့လာသည့် ဘာသာရပ်ဌာနလက်အောက်၌ ထားလေ့ရှိသည်။ ဝိဇ္ဇာပညာရပ်ပင် ဖြစ်သော်လည်း အချို့သောဂီတဗေဒပညာရပ်များ (သဓက- ဂီတနှင့်စိတ်ကို‌လေ့လာခြင်း၊ ဂီတနှင့်နည်းပညာကို‌လေ့လာခြင်း စသည်) သည်သိပ္ပံပညာရပ်ဘက်သို့ ဦးညွတ်လျှက်ရှိပါသည်။ ဂီတဗေဒလေ့လာသူကို ဂီတဗေဒပညာရှင် (Musicologist) ဟုခေါ်ဆိုပါသည်။ Musicology ဟူသောဝေါဟာရသည် ဂရိစကားလုံးများဖြစ်ကြ‌သော 'μουσική' (mousikē) 'ဂီတ' နှင့် 'λογος' (logos) '‌လေ့လာရာနယ်မြေ' တို့ပေါင်းစပ်ရာမှဖြစ်လာသည်။ [၁][၂][၃]

ဂီတဗေဒကို အဓိကအားဖြင့် ဂီတသမိုင်း၊ စနစ်ကျဂီတဗေဒ နှင့် လူမှုဂီတဗေဒ ဟူ၍သုံးမျိုးခွဲခြားထားပါသည်။ သိမြင်မှုဂီတဗေဒ (Cognitive Musicology)၊ ကွန်ပျူတာနည်းပညာဂီတဗေဒ (Computational Musicology)၊ ဂီတကုထုံး (Music Therapy) စည်တို့သည်လည်း ဂီတဗေဒ၏ ပညာရပ်ခွဲများပင်ဖြစ်သည်။

သမိုင်းကြောင်းပြင်ဆင်

ဂီတဗေဒကို ရှေးခေတ်ကပင် ဂျာမနီနှင့်ဩစတြီးယားနိုင်ငံတို့၏ တက္ကသိုလ်များတွင် သင်ကြားခဲ့ကြပြီဖြစ်သည်။ သို့သော် ထိုဘာသာရပ်ကို မနုဿဗေဒ၏ ဘာသာရပ်ခွဲအဖြစ်နှင့်သာသင်ကြားခဲ့ကြသည်။ ၁၉ ရာစု တွင် ဒဿနိကဆိုင်ရာ သတ်မှတ်ချက်များ များပြားလာသောကြောင့် ဂီတဗေဒကို သီးသန့်ဘာသာအဖြစ် စတင်သင်ကြားခဲ့ကြသည်။[၄]

အထက်ဘာသာရပ်များပြင်ဆင်

ဂီတဗေဒဘာသာ၏ အထက်၌ အောက်ပါဘာသာရပ်များ တည်ရှိပါသည်။

ဘာသာရပ်ကွဲများပြင်ဆင်

ဂီတဗေဒတွင် ဘာသာရပ်ကွဲများ များစွာရှိသော်လည်း ထိုဘာသာရပ်ကွဲများသည် အချင်းချင်းဆက်နွယ်မှုများရှိပါသည်။

ဂီတသမိုင်းပြင်ဆင်

ဂီတသမိုင်း (Music history သို့မဟုတ် historical musicology) ဆိုသည်မှာ ဂီတ၏သမိုင်းကိုလေ့လာခြင်းဖြစ်သည်။ သမိုင်းဝင်တေးရေးဆရာတို့၏ ကိုယ်ရေးရာဇဝင်နှင့် ထိုတေးရေးဆရာတို့ရေးသားထားခဲ့သော ဖန်တီးမှုများကိုလေ့လာခြင်း၊ ဂီတရေးသားမှုပုံစံတို့၏ လက္ခဏာရပ်များကိုလေ့လာခြင်း၊ လက်ရေးဖြင့်ရေးသားထားသော ဂီတစာရွက်‌ဟောင်းများကိုလေ့လာခြင်း တို့ကိုလည်းရည်ညွှန်းနိုင်သည်။[၅] ဂီတသမိုင်းပညာရှင်တို့သည် ယေဘုယျအားဖြင့် အနောက်တိုင်းဂီတအကြောင်းကို လေ့လာလေ့ရှိကြသည်။ ‌အနောက်တိုင်းမဟုတ် အခြားသောဂီတများကိုလေ့လာခြင်းကို လူမှုဂီတဗေဒဟု ရည်ညွှန်းလေ့ရှိကြသည်။

လူမှုဂီတဗေဒပြင်ဆင်

လူမှုဂီတဗေဒ (Ethnomusicology) ဆိုသည်မှာ ဂီတကို ယဉ်ကျေးမှုရှထောင့်မှ လေ့လာခြင်းဖြစ်သည်။ ယင်းဘာသာရပ်ခွဲသည် မနုဿဗေဒနှင့် ဆက်စပ်မှုရှိသည်ဟုဆိုကြသည်။ ဂီတပါမောက္ခဖြစ်သူ ဂျက်ဖ် တော့ဒ် တိုင်တွန် (Jeff Todd Titon) သည် "လူသားများ ဂီတကိုပြုလုပ်ခြင်းကို လေ့လာသောဘာသာရပ်" ဟုအဓိပ္ပာယ်ဖွင့်ဆိုခဲ့ပါသည်။[၆] လူ့ယဉ်ကျေးမှုရှုထောင့်မှ လေ့လာခြင်းဟုဆိုသော်လည်း အနောက်တိုင်းမဟုတ်သော ဂီတကိုလေ့လာခြင်းကိုလည်း ယင်းအခေါ်အဝေါ်ဖြင့် ရည်ညွှန်းလေ့ရှိပါသည်။ အချို့သော လူမှုဂီတဗေဒပညာရှင်တို့သည်လည်း ဂီတသမိုင်းကိုလေ့လာကြပါသည်။[၇]

စနစ်ကျဂီတဗေဒပြင်ဆင်

စနစ်ကျဂီတဗေဒ (Systemic Musicology) သည် ဂီတသီအိုရီ၊ ဂီတ၏ရသ၊ ဂီတပညာရေး၊ ဂီတတူရိယာနှင့် နည်းပညာ စသည်တို့ကိုလေ့လာသော ဘာသာရပ်ဖြစ်သည်။

ဂီတသီအိုရီပြင်ဆင်

ဂီတသီအိုရီ (Music Theory) သည် ဂီတရေးသားရာ၌ အသုံးချသော ပညာရပ်များ၊ ဂီတသင်္ကေတ လက္ခဏာများ၊ ဂီတရေးသားသည့်နည်းစနစ်များ စသည်တို့ကို လေ့လာသောဘာသာရပ်ဖြစ်သည်။ ဂီတသီအိုရီကို ‌ပြောဆိုခြင်းအားဖြင့် ဝေဖန်ရှင်းလင်းခြင်းဖြင့်သော်လည်းကောင်း သီချင်းများဖွင့်၍ နားဆင်ခြင်းဖြင့်သော်လည်းကောင်း သင်ကြားသည်။ အနောက်တိုင်းဂီတသီအိုရီသည် ဟာမိုနီ၊ ကောင်တာပွိုင့်၊ မယ်လိုဒီ စသည်တို့ကိုအခြေခံသည်။

အသံလေ့လာခြင်းပြင်ဆင်

ဂီတအသံလေ့လာခြင်း (Musical Acoustics) သည် ရူပဗေဒ၏ ဘာသာရပ်တစ်မျိုးဖြစ်ပြီး ဂီတ၏အသံလှိုင်းများကိုလေ့လာခြင်းဖြစ်သည်။ ဂီတအသံအင်ဂျင်နီယာတို့သည် ယင်းပညာရပ်ကိုလေ့လာကြပါသည်။

ဂီတပညာရေးပြင်ဆင်

ဂီတပညာရေး (Music Education) ဆိုသည်မှာ မူလတန်း၊ အထက်တန်းကျောင်းများနှင့် အဆင့်မြင့်ပညာရေးနယ်ပယ်များတွင် ဂီတပညာကိုသင်ကြားပို့ချခြင်းဖြစ်သည်။ ဂီတပညာသင်ကြားသူများ သင်ကြား‌ လေ့လာရန် နည်းလမ်းများကို သုတေသနပြုလုပ်ရာနယ်ပယ်ဟူ၍လည်း ဆိုနိုင်ပါသည်။

ဂီတတူရိယာဗေဒပြင်ဆင်

ဂီတတူရိယာဗေဒ (Organology) ဆိုသည်မှာ ဂီတတူရိယာများ၏ သမိုင်းကြောင်း၊ အသွင်အပြင်၊ အမျိုးအစားခွဲခြားပုံ စသည်တို့ကိုလေ့လာခြင်းဖြစ်သည်။[၈]

ဂီတစိတ်ပညာပြင်ဆင်

ဂီတစိတ်ပညာ (Music Psychology) ဆိုသည်မှာ ဂီတကို စိတ်ပညာနှင့်တွဲ၍ လေ့လာခြင်းဖြစ်သည်။ တစ်နည်းဆိုရသော် လူသားတို့၏စိတ်အပေါ် ဂီတ၏လွှမ်းမိုးမှုကို လေ့လာခြင်းဖြစ်သည်။ သိမြင်မှုဂီတဗေဒ (Cognitive Musicology) ဆိုသည်မှာ လူ့စိတ်မှ ဂီတကိုမည်သို့မြင်ယူခြင်းနှင့် ဂီတဆိုင်ရာစွမ်းဆောင်နိုင်မှုကို လေ့လာခြင်းဖြစ်သည်။[၉]

နာမည်ကြီးသီချင်းများလေ့လာခြင်းပြင်ဆင်

၁၉၈၀ ခုနှစ် ဝန်းကျင်တွင် အမျိုးမျိုးသောဂီတဗေဒပညာရှင်များနှင့် သမိုင်းပညာရှင်များသည် Popular music studies ခေါ် နာမည်ကြီးသီချင်းများကို လေ့လာခြင်းကို စတင်ကျင့်သုံးခဲ့ကြရာ သမိုင်းတစ်လျှောက် လူသိများသောသီချင်းများအကြောင်းကို စတင်ရေးသားခဲ့ကြသည်။ ၁၉၈၁ ခုနှစ်တွင် စတင်ထုတ်ဝေခဲ့သော Popular Music ဟူသောဂျာနယ်သည် ယင်းဘာသာခွဲအတွက် ပထမဦးဆုံးဂျာနယ်ဖြစ်လာခဲ့သည်။[၁၀]

ပညာရေးနှင့်လုပ်ငန်းပြင်ဆင်

တက္ကသိုလ်များ၌ ဂီတဗေဒပညာကို တက်ရောက်ကျသော ကျောင်းသားများသည် ‌တက္ကသိုလ်သင်တန်းပြီးဆုံးလျှင် ဘတ်ခ်ျလာဂီတဘွဲ့ (Bachelor of Music, B.Mus) သို့မဟုတ် ဝိဇ္ဇာဘွဲ့ (B.A) ကို ရရှိမည်ဖြစ်ပါသည်။ ဝိဇ္ဇာဘွဲ့ကို ရရှိပါက သက်ဆိုင်ရာဘာသာရပ်အမည်ကို တပ်ထားမည်ဖြစ်သည်။ သာဓကအားဖြင့် B.A (Music Theory) ဟု ဖော်ပြထားလျှင် ဝိဇ္ဇာဘွဲ့ (ဂီတသီအိုရီ) ဟူ၍ ဘာသာရပ်ခွဲဖြင့်ပြထားမည်ဖြစ်သည်။ မဟာတန်းကိုတက်ရောက်ခဲ့ပါလျှင် မဟာဝိဇ္ဇာဘွဲ့ (ဂီတဗေဒ) ကိုရရှိမည်ဖြစ်ပါသည်။ အမြင့်ဆုံး‌ပေးအပ်သောဘွဲ့မှာ ပါရဂူဘွဲ့ပင်ဖြစ်သည်။ ဂီတဗေဒတွင် ဘာသာရပ်များအလွန်ကွဲပြားလှသောကြောင့် အချို့သောပါရဂူဘွဲ့ကြိုကျောင်းသားများသည် ဝိဇ္ဇာဘွဲ့ (ဂီတ) နှင့် မဟာဝိဇ္ဇာဘွဲ့ (စိတ်ပညာ) ဟူ၍ မတူညီသောဘွဲ့များနှင့် တက်ရောက်ကြပါသည်။

အများစုသောဂီတဗေဒပညာရှင်တို့သည် ကျောင်းများ၊ တက္ကသိုလ်မျာ၌ နည်းပြဆရာအဖြစ် ပြန်လည်လုပ်ကိုင်ကြပါသည်။ ဘွဲ့ကြိုနှင့် ဘွဲ့လွန်ကျောင်းသားများအား ပညာသင်ကြားပေးခြင်း၊ သုတေသနတို့ကို ကူညီပြုလုပ်ပေးခြင်း၊ မိမိကျွမ်းကျင်ရာနယ်ပယ်ဆိုင်ရာ ဆောင်းပါများရေးသားပေးခြင်း၊ ကျမ်းများကိုပြုစုပေးခြင်း စသည်တို့ကိုဆောင်ရွက်ကြပါသည်။

ကိုးကားပြင်ဆင်

  1. John Haines, Eight Centuries of Troubadours and Trouvères: The Changing Identity of Medieval Music (Cambridge, 2004).
  2. "Musicology" on The New Grove Dictionary of Music and Musicians.
  3. Guido Adler (1885). "Umfang, Methode und Ziel der Musikwissenschaft." Vierteljahresschrift für Musikwissenschaft, 1, 5–20.
  4. Bader၊ Rolf (2018)။ Spring Handbook of Systematic Musicology။ Springer။ p. 40။ ISBN 978-36625500455 August 2019 တွင် ပြန်စစ်ပြီး
  5. Beard, David; Gloag, Kenneth (2005)။ Musicology: The Key Concepts။ Routledge။ ISBN 978-0-415-31692-7
  6. Titon, Jeff Todd. "Ethnomusicology as the Study of People Making Music" (in en). Musicological Annual 51 (2): 175. ISSN 2350-4242. 
  7. McCollum, Jonathan and Hebert, David, Eds., (2014). Theory and Method in Historical Ethnomusicology Lanham, MD: Rowman&Littlefield.
  8. Organology။ 5 December 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 January 2021 တွင် ပြန်စစ်ပြီး။
  9. Tan၊ Siu-Lan; Pfordresher၊ Peter; Harré၊ Rom (2010)။ Psychology of Music: From Sound to Significance။ New York: Psychology Press။ pp. 2ISBN 978-1-84169-868-7
  10. Moore၊ Allan, ed. (2003)။ Analyzing Popular Music။ p. 2ISBN 978-0-521-77120-7