• စေတီပုထိုးအမှတ် = ၁၃၉၁/၇၁၀

ဂူပြောက်ငယ် (မြင်းကပါ) သည် မြန်မာနိုင်ငံမန္တလေးတိုင်းဒေသကြီးပုဂံတွင် တည်ရှိသည့် စေတီဖြစ်သည်။ ဂူပြောက်ငယ်သည် ကွမ်းတောင်ပေါက် လိုဏ်တစ်ဆင့် ဂူဘုရားဖြစ်ပြီး အေဒီ(၁၁၉၈)တွင် တည်ခဲ့သည်။

ဂူပြောက်ငယ်သည် နားတောင်းများ (ထီးလိုမင်းလို)မင်း ငယ်စဉ်က စာသင်ပေးသော အကြေတလ အရှေ့မောလညာရွာ ဇာတိမဟာထေရ် ဓမ္မရာဇဂုရု သီတင်းသုံးသွားသော ဘုရားဖြစ်သည်ဟု အဆိုရှိသည်။ ဂူပြောက်ငယ်ဘုရားတွင် နံရံဆေးရေးပန်းချီအင်္ဂတေပန်းတော့လက်ရာနှင့် ကျောက်ဆစ်ပန်းတမော့ လက်ရာများကို လေ့လာနိုင်သည်။ ဂူပြောက်ငယ်အတွင်း အဝင်ခန်းမ၊ စင်္ကြံလမ်းနှင့် တိုက်မဂူ၏ ပေါင်းကူးမျက်နှာကြက်များနှင့် နံရံများတွင် နံရံဆေးရေး ပန်းချီများ ရှိသည်။ တံကဲပုံ၊ ပန်းဘောင်ပုံ၊ ပန်းတောင်ပုံများနှင့် ပုဂံခေတ် ဇာတာ ဂြိုဟ်နေကွက်များ ရေးဆွဲထားသည်ကို တွေ့ရသည်။ ဂူပြောက်ငယ်တွင် အေဒီ(၁၃၁၃) နှစ်ရေး ကမ္ဗည်းစာ (၁၃)ကြောင်းရှိပြီး

"'ကျောက်ဖြူ နန်းကျမင်း ကောင်းမှုဖြစ်သော ပျက်စီးနေသည့် ရပ်တော်မူ ဗုဒ္ဓရုပ်ပွား ဆင်းတုကို သခင်ဖွားစောကြီးက ပြုပြင်ကြောင်း"'

မှတ်တမ်းဖြစ်သည်။ ဂူပြောက်ငယ်၏ အပြင်ဘက် မျက်နှာစာတွင် အင်္ဂတေ ပန်းတော့လက်ရာများ လေ့လာနိုင်သည်။

ဂူပြောက်ငယ်ဘုရား၏အလယ် မဏ္ဍိုင်လေးမျက်နှာရှိ ဗုဒ္ဓရုပ်ပွား ဆင်းတုတော်ကြီးများ၏ အနောက်နံရံတွင် ဖောင်းကြွဆေးခြယ် အင်္ဂတေတံကဲများ အလွန်လှပပုံကို လေ့လာနိုင်သည်။ ဂူပြောက်ငယ်ဘုရား၏ အလယ် မဏ္ဍိုင်ပတ်လည်တွင် စင်္ကြံလမ်းရှိပြီး၊ စင်္ကြံပတ်လမ်း၏ အပြင်နံရံရှိ မုခ်ကပ်များတွင် မူလက ဗုဒ္ဓဝင်ခန်း ကျောက်ဆစ် ပန်းတမော့လက်ရာများ ရှိသည်။ ၁၉၉၃−ခုနှစ်တွင် ဗုဒ္ဓဝင်ခန်း ကျောက်ဆစ်ရုပ်တု ရှစ်ဆူကို ပုဂံရှေးဟောင်းယဉ်ကျေးမှုပြတိုက်သို့ ရွှေ့ပြောင်းပြသထားသည်။[၁]

ဆက်စပ်ဖတ်ရှုရန် ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. ဦးမောင်မောင် - ရန်ကုန်တက္ကသိုလ် ၏ ပုဂံစေတီပုထိုးများ