[] ဂေါပါလ၏မယ်တော်။ (ဤအမျိုးသမီးသည် ဥဇ္ဇေနီပြည်သွား လမ်းအကြားရှိ တေလပနာဠိနိဂုံးနေ သူဌေးတစ်ဦး၏ သမီးဖြစ်သည်၊ အမိ အဘ ကွယ်လွန်ပြီးနောက် အထိန်းကို မှီ၍ ဆင်းရဲစွာ အသက်မွေးနေရသူ ဖြစ်သည်၊ မိမိဆံပင်ကိုဖြတ်၍ ရောင်းရာ ရရှိသော-၈-အသပြာဖြင့် အရှင်မဟာကစ္စည်း အပါအဝင် ၈-ပါးသော ရဟန္တာတို့အား ဆွမ်းလှူရသော အကျိုး အာနိသင်ကြောင့် ထိုနေ့ပင် စန္ဒပဇ္ဇောတမင်းကြီး၏ အဂ္ဂမဟေသီမိဖုရားကြီး အရာသို့ ရောက်ရှိသူ ဖြစ်သည်၊ နောင်အခါ စန္ဒပဇ္ဇောတမင်းကြီးကို စွဲ၍ ရရှိသော သားငယ်ကို “ဂေါပါလကုမာရ” ဟု အမည်ပေးသည်၊ ထိုအခါမှစ၍ “ဂေါပါလမာတာ” အမည်တွင်သည်၊ စန္ဒပဇ္ဇောတ မင်းကြီး၏ ကဉ္စနဝန်ဥယျာဉ်၌ အရှင်မဟာကစ္စည်းထေရ်အား ကျောင်းဆောက်၍ လှူဒါန်းသူ ကျောင်းအမတစ်ဦးလည်း ဖြစ်သည်။ [] []

  1. ဂေါပါလမာတု (ထီ) [ဂေါပါလ+မာတု]
  2. မိလိန္ဒ၊ ၂၈၁။ အံ၊ဋ္ဌ၊၁၊၁၆၂-၁၆၄။) မလ္လိကာ စ ဒေဝီ ဂေါပါလမာတာ စ ဒေဝီ သုပ္ပိယာ စ ဥပါသိကာ။ မိလိန္ဒ၊၁၂၀။ (၂၈၁။ အံ၊ဋ္ဌ၊၁၊၁၆၄။)
  3. တိပိဋကအဘိဓာန် အတွဲ-၆