ဂျက်လိမ်ကောက်မှာ သံချီသံကွေးအတတ်ပညာတွင် ဝါယာကြိုးများ တင်းစေရန် အသုံးပြုလေသည်။ /-လက်မ သို့မဟုတ် /-လက်မလုံးပတ်ရှိပြီး အလျား ၆-လက်မခန့်ရှိသည့် သံချောင်းအကောက် ကိရိယာတစ်ခုဖြစ်သည်။ ကောက်ထားသည့်ထိပ်ကို တစ်လက်မခန့် ချွန်ထားပြီး ကျန်တစ်ဘက်ကို လက်ကိုင်အဖြစ် အသုံးပြုနိုင်ရန် ဂွင်းပြုလုပ်ထားသည်။ ၎င်းကိရိယာဖြင့် ချည်မည့် ဝါယာတစ်ဘက်တွင် ပြုလုပ်ထားသည့် ဂွင်းကလေးအထဲသို့ အကောက်အချွန်ကို ထည့်သွင်းပြီး ကျန်သည့်ဝါယာအစ တဘက်ကို အကောက်အဖျားဖြင့် ပတ်လိမ်နိင်သည်။ ထိုသို့လိမ်ခြင်းဖြင်း ဝါယာကြိုးမှ တဖြည်းဖြည်းတင်း၍လာပြီး ကောင်းမွန်တင်းကြပ်သည့် အဆုံးသတ်ခြင်းကို ရရှိနိုင်ပေသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. သံချီသံကွေးသင်တန်းမှတ်စု၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဗဟိုသင်တန်းကျောင်း၊ သုဝဏ္ဏမြို့။