ဂျင်းဖြူဂမုန်းသည် အရွက်ဖားဖားဝိုင်းဝိုင်း သဏ္ဌာန်နှင့် ဆင်တူ၍ သာမန် ဂျင်း(ချင်း)တို့နှင့် ကွဲပြားသော်လည်း ဥမှာ ဂျင်းနှင့် အနံ့အရသာ တူသည်။ ဥကို ဆိတ်ဖဲ့ကြည့်လျှင် အဖြူရောင် ဖြစ်ပြီး၊ အကြောလိမ်းဆေး ဖော်ရာ၌ အသုံးဝင်သည်။ အမျိုးသမီး ရောဂါများအတွက် ဂျင်းဖြူ၊ ဂျင်းနက်ဂမုန်း ပေါင်းစပ်၍ ဆေးဖော်စပ်ရသည်။ အဂ္ဂိရတ်တွင်မူ အထူးသဖြင့် ပြဒါးသတ်ဆေးအဖြစ် သုံးသည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. ဣဒ္ဓိပညာ (ဖေဖော်ဝါရီ ၂၀၀၀)။ ဒေးစွန်းပါတောင်တန်းမှထူးခြားသောဂမုန်းများ။ နက္ခတ္တရောင်ခြည်။ p. ၃၁။