ဂျင်းနက်ဂမုန်း (ချင်းနက်ဂမုန်း)သည် သာမန်ဂျင်း(ချင်း)ပင်ကဲ့သို့ပင် အရွက်သေးသေး ရှည်ရှည် ဖြစ်ပြီး ဥကို ဆိတ်ကြည့်လျှင် နက်ပြာပြာ ရှိသည်။ ဂျင်းထက် အနံ့အရသာ ပိုပြင်း၍ ရှားပါးလှသော ဂမုန်း အမျိုးအစား ဖြစ်သည်။ အကြောအဆစ်ဝေဒနာများအတွက် လိမ်းဆေး ဖော်စပ်ရာတွင် သုံးပြီး အဂ္ဂိရတ်လုပ်ငန်းခွင်တွင်လည်း သုံးသည်။ [၁] ဂျင်းဖြူဂမုန်းဟုလည်း ရှိသည်။

ဂျင်းနက်၏ ပုံပန်းသဏ္ဍန် ပင်စည်မရှိသော သစ်မြစ်သစ်ဖု ဆေးဖက်ဝင်အပင်ဖြစ်ပြီး ၈လက်မ ဝန်းကျင်အမြင့်ရှိပါတယ်။ အမြစ်ဥက သေးငယ်ပြီး ပြာနက်သော အဆင်းရှိပါတယ်။ အရွက်က ရွက်ထီးဖြစ်ပြီး ၃လက်မမှ ၆လက်မ ဝန်းကျင်ရှည်ပြီး ၂လက်မမှ ၄လက်မဝန်းကျင် ကျယ်ပါတယ်။ ဘဲဥပုံသဏ္ဍန် အရွက်ဖြစ်ပြီး အနည်းငယ် ခေါက်ချိုးညီမှုမရှိပါ။ အပွင့်အနည်းငယ်သာ ပွင့်ပြီး အဖြူအလယ်မှာ ခရမ်းပြာရောင်တွေ့နိုင်ပါတယ်။ ဂျင်းနက်ရဲ့ အာနိသင် – မြန်မာပြည်မှာ ဆနွင်းနက်၊ နနွင်းနက်အဖြစ် လူအများစုက အမှတ်မှားတတ်ကြပါတယ်။ တကယ်က ဂျင်းနက်၊ ဆနွင်းနက်၊ ဆနွင်းပြာ၊ ဂမုန်းတိမ်ပြာ စတဲ့ အမည်တွေဟာ ပတ်ချာလည် ရှုပ်ထွေးနေတဲ့ ပညာ ရှင်တို့သာ ခွဲခြား ဆန်းစစ်နိုင်တဲ့ မျိုးစိတ်တွေပါပဲ။

ထိုင်းနိုင်ငံမှာ နှစ်ထောင်ချီကာ နန်းတွင်းသုံး ဂျင်းဆင်းအဖြစ် ပီယဆေးကောင်းသဖွယ် တိုးတိုး တိတ်တိတ် သုံးစွဲလာခဲ့တာ ကြာမြင့်ပြီဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာတော့ သိပ္ပံနည်းကျ စမ်း သပ်မှုပေါင်း များစွာပြုလုပ်ပြီးဖြစ်လို့ ယောက်ျားတို့ရဲ့ ပီယဆေးကြီးအပြင်၊ ကိုယ်တွင်းကိုယ်ပ ပြည်တည်နာ၊အပူလောင်နာ၊ အဖုအကျိတ်အနာ၊ အစာအိမ်နာတွေသာမက နှလုံးအားကောင်းဆေး၊ အဆစ်အမြစ် လေးဘက်နာ၊ ကိုယ်လက်ထုံကျဉ် မသန်မစွမ်း၊လေဖြတ်လေငန်းရောဂါတွေပါ ကုသနိုင်တဲ့ဆေးကောင်းကြီးအဖြစ် ယုံယုံကြည်ကြည်သုံးစွဲနိုင်ကြောင်းကို အထပ်ထပ် စမ်းသပ်ပြီးသောသိပ္ပံစမ်းသပ်မှုများများမှ သိရှိလေ့လာမိပါတယ်။ ဒါပေမယ့် တန်ဆေးလွန်ဘေး ဆိုတဲ့အတိုင်း တရက်ကို ၁.၃၅ ဂရမ် (လက်ဖက်စားဇွန်းတဇွန်း) ထက် မပိုသောနှုန်းထားဖြင့်သာစားသုံးသင့်ပြီး ပုံမှန် စားသုံးပါက အထက်ဖော်ပြပါ ရောဂါများပျောက်ကင်းသက်သာစေကြောင်း ဖော်ပြအပ်သည်။

ကိုးကား ပြင်ဆင်ရန်

  1. ဣဒ္ဓိပညာ (ဖေဖော်ဝါရီ ၂၀၀၀)။ ဒေးစွန်းပါတောင်တန်းမှထူးခြားသောဂမုန်းများ။ နက္ခတ္တရောင်ခြည်။ p. ၃၁။
  • စာပေမြို့တော်စာအုပ်တိုက်
  • မြန်မာ့ဆေးမီးတိုများ
  • စိုးဝင်းနိူင် (နောက်ဆုံးနှစ်-ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်)