ဂျိတ္တောရပ်ကွက်
ငပလီမြို့၊ သံတွဲခရိုင် ရခိုင်ပြည်နယ် ရှိ ရပ်ကွက်
ဂျိတ္တောရပ်ကွက် သည် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ငပလီမြို့တွင် ပါဝင်သော ရပ်ကွက်တစ်ခု ဖြစ်သည်။ ယခင်က ရွာဖြစ်သော်လည်း ငပလီရွာအား မြို့အဖြစ် အဆင့်မြှင့်ရာတွင် ရပ်ကွက်ဖြစ်လာခဲ့သည်။[၁] အိမ်ခြေ သုံးထောင်ကျော်ခန့်ရှိသည့် ရွာကြီးတစ်ရွာ ဖြစ်သည်။ ပင်လယ်ရေလုပ်ငန်း အဓိကထား လုပ်ကိုင်သည်။ ငါးဖမ်းကိရိယာ မျိုးစုံအား အသုံးပြုပြီး သားငါးရှာဖွေကြသည်။ အဓိကအားဖြင့် ကျော့ပိုက်လုပ်ငန်းမှာ အတွင်ကျယ်ဆုံးဖြစ်သည်။ ငါးနီတူ၊ ကျောညို၊ ငါးဝိုင်း၊ ပါတီစုံ ငါးမျိုးစုံအား နေခြောက်လှန်း၍ ရန်ကုန်၊ မန္တလေး တို့လို မြို့ကြီးများသို့ တင်ပို့ရောင်းချကြသလို ဘင်္ဂလားဒေ့ခ်ျ အထိပါ တင်ပို့ ရောင်းချကြသည်။
ဂျိတ္တော | |
---|---|
ဂျိတ္တော တည်နေရာ၊ မြန်မာ။ | |
ကိုဩဒိနိတ်: 18°22′34″N 94°20′20″E / 18.37623°N 94.33900°Eကိုဩဒိနိတ်: 18°22′34″N 94°20′20″E / 18.37623°N 94.33900°E | |
နိုင်ငံ | မြန်မာ |
ပြည်နယ် | ရခိုင်ပြည်နယ် |
ခရိုင် | သံတွဲခရိုင် |
မြို့နယ် | သံတွဲမြို့နယ် |
မြို့ | ငပလီမြို့ |
ကိုးကား
ပြင်ဆင်ရန်- ↑ Rakhine State Place Codes။ မြန်မာသတင်းအချက်အလက် စီမံခန့်ခွဲမှုယူနစ် (ဩဂုတ် ၂၀၁၅)။ 25 June 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၆ မတ် ၂၀၁၇ တွင် ပြန်စစ်ပြီး။
ဤ ရခိုင်ပြည်နယ် ပထဝီဝင် တည်နေရာ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |