ဂျိုးဆက်ဂိုးစတိန်း

အမေရိကန် ဝိပဿနာ တရားပြဆရာ

ဂျိုးဆက်ဂိုးစတိန်း (၁၉၉၄ ခုနှစ်၊ မေလ ၂၀ ဖွား) သည် ပထမဆုံးသော အမေရိကန်လူမျိုး ဝိပဿနာတရားပြဆရာ ဖြစ်သည်။ ဂျက်ကွန်ဖီး၊ ရှာရွန်ဆက်ဘတ် (Sharon Salzberg) တို့နှင့် Insight Meditation Society (IMS) ကို ပူးပေါင်းတည်ထောင်ခဲ့သူလည်း ဖြစ်သည်။ ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သည့် များစွာသောစာအုပ်များကို ရေးသားခဲ့သည့် ထင်ရှားသည့် စာရေးဆရာတစ်ဦးဖြစ်ပြီး IMS ၏ နည်းပြဆရာလည်း ဖြစ်သည်။ ထို့အပြင် ကမ္ဘာတစ်ဝန်းသို့ ဝိပဿနာတရား ပျံ့နှံ့အောင်လုပ်ဆောင်ခဲ့သည့် ခေါင်းဆောင်တစ်ဦးလည်း ဖြစ်သည်။

ဂျိုးဆက်ဂိုးစတိန်း
Joseph Goldstein
မွေးဖွား၁၉၄၄ ခုနှစ်၊ မေလ ၂၀ နှစ်
နိုင်ငံလူမျိုးအမေရိကန်
အလုပ်အကိုင်စာရေးဆရာ၊
တရားပြဆရာ
ဝက်ဘ်ဆိုဒ်https://www.dharma.org/teacher/joseph-goldstein/

သူ၏ ထုတ်ဝေခဲ့သည့် စာအုပ်များတွင် အနောက်နိုင်ငံသားတို့အား ထေရဝါဒ၏ အခြေခံအယူအဆများ၊ လေ့ကျင့်မှုများနှင့် တန်ဖိုးများအကြောင်းကို မိတ်ဆက်ထားသည်။ သူ၏ ၂၀၀၂ ခုနှစ်တွင် ထွက်ရှိခဲ့သည့် One Dharma သည် ဇင်ဗုဒ္ဓဘာသာ၊ တိဘက်ဗုဒ္ဓဘာသာနှင့် ထေရဝါဒဗုဒ္ဓဘာသာတို့ကို ပေါင်းစပ်ကာ ဖွဲ့စည်းတည်ဆောက်ထားမှုကို ဖော်ပြခဲ့သည်။

အတ္ထုပ္ပတ္တိ(နှစ်အလိုက်) ပြင်ဆင်ရန်

  • ၁၉၄၄ ခုနှစ်၊ မေလ ၂၀ ရက် - နယူးယောက်မြို့၏ ကတ်စကေးတောင်တန်း (Catskill) တွင် မွေးဖွားကြီးပြင်းခဲ့သည်။
  • ၁၉၆၅ ခုနှစ် - ကိုလမ်ဘီယတက္ကသိုလ်မှ စိတ်ပညာဘာသာရပ်ဖြင့် ဘွဲ့ရခဲ့သည်။
  • ၁၉၆၅ ခုနှစ် - ထိုင်းနိုင်ငံရှိ Peace Corps သို့ ဝင်ရောက်ခဲ့သည်။ ထိုအခါမှစ၍ ဗုဒ္ဓဘာသာကို စိတ်ဝင်တစား ရှိခဲ့သည်။ Peace Corps မှ ထွက်ခွါပြီးနောက် သူသည် အိန္ဒိယနိုင်ငံတွင် ခုနစ်နှစ် တရားအားထုတ်မှုကို သင်ယူလေ့ကျင့်ခဲ့သည်။
  • ၁၉၇၄ ခုနှစ် - ကိုလိုရာဒို (Colorado)၊ ဘွတ်ဒါ (Boulder) ရှိ Chogyam Trungpa ၏ နရိုပအင်စတီကျု (Naropa Institute) တွင် သင်ကြားမှုများ စတင်လုပ်ဆောင်ခဲ့သည်။ ၁၉၇၄ ခုနှစ်တွင် ကမ္ဘာတစ်ဝန်းတွင် ဝိပဿနာတရားများ ပြသခဲ့သည်။[၁]
  • ၁၉၇၅ ခုနှစ် - မက်ဆာချူးဆက်ပြည်နယ်၊ ဘာရီ (Barre) တွင် ဂျက်ကွန်ဖီး (Jack Kornfield) နှင့် Sharon Salzberg တို့နှင့်အတူ IMC ကို တည်ထောင်ခဲ့သည်။[၂]
  • ၁၉၉၁ ခုနှစ် - ဗုဒ္ဓဘာသာလေ့လာသူများအတွက် ဘာရီစင်တာ (Barre Center) ကို တည်ထောင်ရာတွင် ကူညီခဲ့သည်။[၃]
  • ၁၉၉၈ ခုနှစ် - ကာလရှည် လူမှုစောင့်ရှောင့်မှုများဆောင်ရွက်ရန် IMS တောရစောင့်ရှောင့်ရေး (IMS Forest Refuge) ကို ပူးပွဲတည်ထောင်ခဲ့သည်။[၄][ကိုးကားချက်လိုသည်]

တရားလေ့ကျင့်မှု ပြင်ဆင်ရန်

ဂိုးစတိန်းသည် မူလက "မမွေးဖွားမှု" (unborn)၊ သုညတ(zero) နှင့် အနတ္တ(no self) စသည်တို့တွင် အလေ့အလာ ရှိခဲ့သည်။[၅][၆] သူသည် နှစ်များစွာ သုံးလတရားစခန်းလေ့ကျင့်ခဲ့သည်။[၇] သူသည် "ငြိမ်းချမ်းမှုနှင့် ပျော်ရွှင်မှုတို့ဆိုသည်မှာ ကျွန်ုပ်တို့၏ စိတ်၏ အရည်အသွေးနှင့်သာ သက်ဆိုင်ပြီး ကျွန်ုပ်တို့၏ ပိုင်ဆိုင်မှုနှင့် မသက်ဆိုင်ပေ" ဟု ဆိုသည်။[၈] သူ၏ စာအုပ်ဖြစ်သည့် သတိရှိခြင်း (Mindfulness) သည် မဟာသတိပဋ္ဌာနသုတ္တန်ကို အခြေခံကာ ရေးသားထားသည်။[၉]

ဆရာများ ပြင်ဆင်ရန်

၁၉၆၇ ခုနှစ်ကတည်းက ဂိုးစတိန်းသည် အိန္ဒိယ၊ မြန်မာနှင့် တိဘက်တို့မှ ထင်ရှားသည့် ဆရာများထံမှ တရားအားထုတ်သည့် မတူညီသည့် ပုံစံအမျိုးမျိုးကို လေ့ကျင့်ခဲ့သည်။ သူ၏ ဆရာများမှာ Anagarika Sri Munindra[၁၀], ဆရာကြီး ဦးဂိုအင်ကာ[၁၀]၊ Mrs. Nani Bala Barua (Dipa Ma)[၁၁] နှင့် ဆရာတော် ဦးပဏ္ဍိတ[၁၀]၊ Tulku Urgyen Rinpoche[၁၀] နှင့် Nyoshul Khenpo Rinpoche[၁၂] တို့ ဖြစ်သည်။

ရေးသားထုတ်ဝေမှုများ (တစိတ်တဒေသမျှသာ၊ နှစ်အလိုက်စဉ်ထားသည်) ပြင်ဆင်ရန်

  • The Experience of Insight: A Simple and Direct Guide to Buddhist Meditation (1976)
  • Goldstein၊ Joseph; Kornfield၊ Jack (1987)။ Seeking the heart of wisdom: the path of insight meditation။ Shambhala။ ISBN 978-1-57062-805-4
  • Goldstein၊ Joseph။ Insight meditation: the practice of freedom။ Shambhala။ ISBN 978-1-57062-025-6
  • Goldstein၊ Joseph; Kornfield၊ Jack။ The Path of Insight Meditation။ Shambhala။ ISBN 978-1-57062-069-0
  • Insight Meditation: A Step-By-Step Course on How to Meditate (2002), with Sharon Salzberg
  • One Dharma: The Emerging Western Buddhism (2002)
  • A Heart Full of Peace (2007)
  • Goldstein၊ Joseph။ Mindfulness: A Practical Guide to Awakening။ Sounds True။ ISBN 978-1-62203-063-7

ကိုးကား ပြင်ဆင်ရန်

  1. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named shambhalasun
  2. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named teacher
  3. About Us။ Barre Center for Buddhist Studies။ November 12, 2015 တွင် ပြန်စစ်ပြီး။
  4. IMS's Forest RefugeInsight Meditation Society။ November 12, 2015 တွင် ပြန်စစ်ပြီး။
  5. https://web.archive.org/web/20070520094037/http://www.dhammaweb.net/interview/view.php?id=5
  6. https://itunes.apple.com/us/podcast/10-happier-with-dan-harris/id1087147821?mt=2
  7. https://itunes.apple.com/us/podcast/10-happier-with-dan-harris/id1087147821?mt=2
  8. https://www.youtube.com/watch?v=fGi_Y7P8t-c
  9. https://www.youtube.com/watch?v=p9GgDJw192I
  10. ၁၀.၀ ၁၀.၁ ၁၀.၂ ၁၀.၃ Gross၊ Amy (Summer 1999)။ An Interview with Joseph GoldsteinTricycle: The Buddhist Review။ May 20, 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ November 12, 2015 တွင် ပြန်စစ်ပြီး။
  11. Goldstein၊ Joseph (2002)။ One DharmaHarperOne။ pp. 29ISBN 978-0-06-251701-2
  12. Goldstein၊ Joseph (2002)။ One DharmaHarperOne။ pp. 9–10။ ISBN 978-0-06-251701-2