ဂျက်ကွန်ဖီး

အမေရိကန် စာရေးဆရာ

ဂျက်ကွန်ဖီး (၁၉၄၅ ခုနှစ်ဖွား) သည် အမေရိကန်၏ ရောင်းအားအကောင်းဆုံး စာရေးဆရာတစ်ဦးဖြစ်ပြီး အမေရိကန်တွင် ထေရဝါဒဝိပဿနာတရားဆရာတစ်ဦးလည်း ဖြစ်သည်။[၁] သူသည် အိန္ဒိယ၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့တွင် ဗုဒ္ဓဘာသာရဟန်းတစ်ပါးအဖြစ် လေ့ကျင့်ခဲ့သည်။ ပထမဆုံးအနေဖြင့် ထိုင်းတောရ၏ အကြီးအမှူး Ajahn Chah နှင့် မြန်မာနိုင်ငံ၏ မဟာစည်ဆရာတော်တို့ထံတွင် တပည့်ခံကာ လေ့လာခဲ့သည်။[၂] ၁၉၇၄ ခုနှစ်ကတည်းက ကမ္ဘာတဝှမ်းတွင် တရားအားထုတ်နည်းကို သင်ပေးခဲ့ပြီး သူသည် ဗုဒ္ဓဘာသာ၏ သတိပဋ္ဌာန်အားထုတ်မှုကို အနောက်နိုင်ငံများသို့ မိတ်ဆက်ပေးခဲ့သည့် အရေးပါသည့် ဆရာများထဲတွင် တစ်ဦးအပါအဝင် ဖြစ်သည်။ ၁၈၇၅ ခုနှစ်တွင် ရှာရွန်ဆာ့ဘတ် (Sharon Salzberg), ဂျိုးဆက်ဂိုးစတိန်း Joseph Goldstein တို့နှင့်အတူ မက်ဆာချူးဆက်ပြည်နယ်၊ ဘာရီ Barre တွင် Insight Mediation Society ကို ပူးပေါင်းတည်ထောင်ခဲ့သည်။ တစ်ဆက်တည်းမှာပင် ၁၉၈၇ ခုနှစ်၌ ကယ်လီဖိုးနီးယား၊ Woodacre တွင် Spirit Rock တရားစင်တာကို တည်ထောင်ခဲ့သည်။ ကွန်ဖီးသည် ငြိမ်းချမ်းရေးတက်ကြွလှုပ်ရှားသူအဖြစ်လည်း လုပ်ကိုင်ခဲ့သည်။ ထို့ပြင် ဒလိုင်းလားမားနှင့်အတူ နိုင်ငံတကာရှိ ဗုဒ္ဓဘာသာဆရာများကို စုစည်းကာ ဆရာဖြစ်လေ့ကျင့်မှုများ ဆောင်ရွက်ပေးခဲ့သည်။

ဂျက်ကွန်ဖီး
Jack Kornfield
ဂျက်ကွန်ဖီး၊ ၂၀၀၅ ခုနှစ်
ဘာသာဗုဒ္ဓဘာသာ
ဘာသာအုပ်စုထေရဝါဒ
ပုဂ္ဂိုလ်ရေးရာ
မွေးဖွား၁၉၄၅ (အသက် ၇၈–၇၉)
U.S.
ရာထူး တာဝန်
ဂုဏ်ဒြပ်ဝိပဿနာတရားပြဆရာ
ဘာသာရေးရာ
ဝက်ဘ်ဆိုဒ်jackkornfield.com

အတ္ထုပ္ပတ္တိ ပြင်ဆင်ရန်

ကွန်ဖီးကို ဂျူးဘာသာဝင်မိဘများမှ မွေးဖွားခဲ့သည်။ ညီအစ်ကို လေးယောက်ရှိသည်။[၃][၄] ကွန်ဖီးသည် အမွှာညီအစ်ကိုထဲမှ တစ်ယောက် ဖြစ်သည်။ သူ၏ အဖေသည် သိပ္ပံပညာရှင်တစ်ဦး ဖြစ်ပြီး သူ့အား ဆေးကုသပြုစုခြင်း (healing)၊ ဆေးပညာနှင့် သိပ္ပံပညာတို့တွင် စိတ်ဝင်စားစေရန် လုပ်ဆောင်ခဲ့သည်။ သူသည် အသက်ကြီးရင့်သူတစ်ဦးဖြစ်သည့် Dr. Wing-tsit Chan (တရုတ်တွင် ၁၈၉၀ ခုနှစ်တွင် ဖွားမြင်) နှင့်အတူ အာဆီယံအတွေးအခေါ်သင်တန်းကို တန်းရောက်ခဲ့သည်။ နောက်ဆုံးတွင် ကွန်ဖီးသည် အာဆီယံဗုဒ္ဓဘာသာအား မေဂျာအဖြစ် လေ့လာခဲ့သည်။[၅]

၁၉၆၇ ခုနှစ် ဒါ့မောက်ကောလိပ်မှ ဘွဲ့ရရှိပြီးနောက်[၆] ကွန်ဖီးသည် Peace Corps နှင့် ဆက်သွယ်ခဲ့ပြီး ထိုင်းနိုင်ငံသို့ စေလွှတ်ခြင်း ခံခဲ့ရသည်။ ထိုနေရာတွင် သူသည် Mekong မြစ်လွင်ပြင်၌ အပူပိုင်းဒေသဆေးအသင်းများတွင် အလုပ်လုပ်ဆောင်ရသည်။[၃] ထိုနေရာတွင် သူသည် ထိုင်းတောထဲမှ အထင်ကရဖြစ်သည့် Ajahn Chah နှင့် တွေ့ဆုံခဲ့ကာ ရဟန်းဝတ်ခဲ့သည်။ နောက်ပိုင်းတွင် သူသည် မြန်မာနိုင်ငံမှ မဟာစည်ဆရာတော်၊[၆] ဒိပမ Dipa Ma[၇] တို့နှင့် လေ့ကျင့်ခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် ကွန်ဖီးသည် အမေရိကန်သို့ ပြန်လာခဲ့သည်။ ၁၉၇၄ ခုနှစ် နွေရာသီတွင် နရိုပတက္ကသိုလ်၏ founding session တွင် ပါဝင်ခဲ့သည်။ ထိုကာလတွင် အဖွဲ့သည့် Sharon Salzberg နှင့် ဂျိုးဆက်ဂိုးစတိန်းတို့နှင့် အတူ Insight Mediation Society ကို မက်ဆာချူးဆက်ပြည်နယ်၊ Barre တွင် ပူးတွဲတည်ထောင်ခဲ့သည်။ ၁၉၈၇ ခုနှစ်တွင် သူသည် Sprit Rock တရားစင်တာကို ကယ်လီဖိုးနီးယား၊ Woodacre တွင် ပူးတွဲကာ တည်ထောင်ခဲ့သည်။[၃]

ကွန်ဖီးသည် အမေရိကန်ရှိ ဝိပဿနာတရားပြဆရာများကို လေ့ကျင့်မှုများ ပြုလုပ်ပေးခဲ့သည်။ ထို့ပြင် သူသည် ဒလိုင်းလားမားနှင့် ကမ္ဘာတဝှမ်းရှိ တရားပြဆရာများကို အကြီးအမှူးလုပ်ဦးဆောင်ကာ စုစည်းစေခဲ့သည်။ အရှေ့တိုင်းနှင့် အနောက်တိုင်း စိတ်ပညာတို့၏ အကြားတွင် ပေါင်းကူးတံတားတစ်ခုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရေးသားထားသည့် လက်တွေ့စိတ်ပညာစာအုပ်ဖြင့်ဆေးဘရွတ်တက္ကသိုလ်မှ ကွန်ဖီးအား Ph.D ဘွဲ့ကို ပေးအပ်ခဲ့သည်။[၈]

သူ၏ သမီးဖြစ်သူ ကာရိုလိုင်း(Caroline) သည် Berkeley law [၃]နှင့် Asylum law တို့ဖြင့် ဘွဲ့ရရှိထားသည့် ဘွဲ့ရတစ်ဦး ဖြစ်သည်။ သူ၏ ဇနီးဟောင်း လီယာနာ (Liana) သည် အနုပညာရှင်နှင့် ကုထုံးပညာရှင်တစ်ဦး ဖြစ်သည်။[၃] His wife Trudy Goodman[၉] သူ၏ ဇနီး ထရတ်ဒီဂွတ်မန်း (Trudy Goodman) သည် ထင်ရှားသည့် တရားနည်းပြဆရာတစ်ဦးဖြစ်ကာ InsightLA ကို တည်ထောင်သည့်ဆရာလည်း ဖြစ်သည်။ InsightLA သည် ဂိုဏ်းဂဏစွဲမပါသည့် သတိ၊ ကရုဏာနှင့် ဝိပဿနာတို့ကို ပေါင်းစပ်ကာ လေ့ကျင့်ပေးသည်။ သတိဖြင့် စိတ်ဖိစီးမှုများကို လျော့ပါးအောင်ပြုလုပ်ခြင်းနှင့် သတိယှဉ်သော ကရုဏာတရားများ ပြလုပ်ခြင်းကို လေ့ကျင့်ပေးသည်။[၁၀]

သင်ကြားမှုများ ပြင်ဆင်ရန်

 
၁၉၈၈ ခုနှစ်တွင် ကွန်ဖီးတည်ထောင်ခဲ့သည့် Spirit Rock Meditation Center

ကွန်ဖီးသည် ဗုဒ္ဓဘာသာအား အနောက်နိုင်ငံသားတို့ ထိတွေ့မှုရှိလာစေရန် လုပ်ဆောင်ခဲ့သည်။[၁၁] သူသည် အရှေ့တိုင်းနှင့် အနောက်တိုင်းတို့ရှိ ပညာရှိတို့၏ စိတ်ပညာများကို ပူးပေါင်းကာ သတိမြဲမြံမှုကို လေ့ကျင့်၍ ကရုဏာနှင့် မေတ္တာတို့ကိုပေါင်းစပ်မှုအား အဓိကထားခဲ့သည်။

ဂျက်ကွန်ဖီး၏ စာအုပ်ဖြစ်သည့် After the Ecstasy, the Laundryတွင် သူသည် တစ်နေ့ထက်တစ်နေ့ မြင့်မြတ်သည့်နှလုံးသားဖြင့် ရိုးသားမှုအား တိုးတက်လာစေရန် ရေးသားထားသည်။[၁၂]

ကွန်ဖီးသည် သူ၏ ဝဘ်ဆိုက်တွင် အွန်လိုင်းတရားသင်တန်းများကို ရောင်းချသည်။

ထုတ်ဝေပြီး စာအုပ်များ ပြင်ဆင်ရန်

အောက်ပါတို့သည် သူ၏ ထုတ်ဝေပြီးစာအုပ်များ ဖြစ်သည်-

Kornfield lectures were featured by Joe Frank on his radio series "The Other Side."

ကိုးကား ပြင်ဆင်ရန်

  1. Elliott၊ William (March 1, 1996)။ Tying rocks to clouds: meetings and conversations with wise and spiritual people။ Image Books။ p. 215ISBN 978-0-385-48191-5June 6, 2011 တွင် ပြန်စစ်ပြီးSo before my interview with Jack Kornfield, who is a well-known Vipassana meditation teacher, I was concerned about not
  2. About။ August 12, 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ August 20, 2015 တွင် ပြန်စစ်ပြီး။
  3. ၃.၀ ၃.၁ ၃.၂ ၃.၃ ၃.၄ Silberman၊ Steve (September 1, 2010)။ Wise Heart: A profile of Jack Kornfield။ September 10, 2015 တွင် ပြန်စစ်ပြီး။
  4. Finding My Religion / Buddhist teacher and author Jack Kornfield on mindfulness, happiness and his own spiritual journeySF Gate (November 28, 2005)။ September 11, 2015 တွင် ပြန်စစ်ပြီး။
  5. https://www.sfgate.com/news/article/FINDING-MY-RELIGION-Buddhist-teacher-and-author-3236141.php
  6. ၆.၀ ၆.၁ About။ Jack Kornfield။ December 22, 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2013-12-21 တွင် ပြန်စစ်ပြီး။
  7. Kornfield၊ Jack (2008)။ The Wise HeartBantam Books။ p. 76ISBN 9780553382334
  8. Palmer၊ Helen (December 28, 1998)။ Inner knowing: consciousness, creativity, insight, and intuition။ J.P. Tarcher/Putnam။ p. 202။ ISBN 978-0-87477-936-3June 6, 2011 တွင် ပြန်စစ်ပြီးRegardless of its level of complexity, every practice relies on steadiness of concentration. Jack Kornfield, psychologist and meditation teacher, describes the practice that forms a cornerstone of …
  9. Dharma teachers Trudy Goodman and Jack Kornfield to tie the knotLion's Roar (April 20, 2016)။ April 20, 2016 တွင် ပြန်စစ်ပြီး။
  10. About InsightLA။ InsightLA။ 8 August 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ April 20, 2016 တွင် ပြန်စစ်ပြီး။
  11. Grof၊ Stanislav (June 2006)။ When the Impossible Happens: Adventures in Non-Ordinary Reality။ Sounds True။ p. 235။ ISBN 978-1-59179-420-2June 6, 2011 တွင် ပြန်စစ်ပြီးColeader of the workshop was Jack Kornfield, dear friend, psychologist, Vipassana teacher, and Buddhist monk, who taught participants the principles of insight meditation, gave lectures on Buddhism, offered personal darshans, …
  12. Kornfield၊ Jack (2001)။ After the Ecstasy, the Laundry: How the Heart Grows Wise on the Spiritual PathRandom House။ p. xix။ ISBN 9780553378290