ဂျီချန်ဝု
ဂျီချန်ဝု (၅ ဇူလိုင် ၁၉၈၇ မွေးဖွား) သည် တောင်ကိုရီးယားသရုပ်ဆောင်တဦး ဖြစ်သည်။ ထပ်ပြုံး (Smile Again) ဇာတ်လမ်းတွဲ(၂၀၁၀-၂၀၁၁) ၌ ဒုန်းဟယ် အဓိကဇာတ်ရုပ်ဖြင့် စတင်ထင်ရှားလာပြီးနောက်၊ စစ်သည်တော်ဘက်ဒုန်းဆူ Warrior Baek Dong-soo (၂၀၁၁) ၊ ဧကရီဘုရင်မ ကီ (Empress Ki) (၂၀၁၃-၂၀၁၄)၊ ကုစားသူ (Healer) (၂၀၁၄-၂၀၁၅)၊ ကေတူး (The K2) (၂၀၁၆)နှင့် မှုခင်းအက်ရှင်ဖြစ်သော လံကြုပ်မြို့ (Fabricated City) (၂၀၁၇) တို့၌ ပါဝင်လာသည်။
Ji Chang-wook | |||||||||||
---|---|---|---|---|---|---|---|---|---|---|---|
At the press conference of The K2, September 2016 | |||||||||||
မွေးဖွား | [၁] Anyang, Gyeonggi, Gyeonggi Province, South Korea | ဇူလိုင် ၅၊ ၁၉၈၇||||||||||
မိခင်ကျောင်း | Dankook University (Performing Arts)[၁] | ||||||||||
အလုပ်အကိုင် | ရုပ်ရှင်သရုပ်ဆောင် | ||||||||||
တက်ကြွလှုပ်ရှားနှစ်များ | ၂၀၀၆–လက်ရှိ | ||||||||||
ကိုယ်စားလှယ် | Free Agent (၂၀၂၃ - လက်ရှိ) Glorious Entertainment (၂၀၀၆-၂၀၂၃) | ||||||||||
|
ကိုယ်ရေးရာဇဝင်
ပြင်ဆင်ရန်- အရပ် ၁၈၂ စင်တီ
- ကိုယ်အလေးချိန် ၆၅ ကီလို
- သွေးအုပ်စု အေဘီ
- ဒန်းကုတက္ကသိုလ်မှ ပါဖောမင့်အနုပညာဖြင့် ဘွဲ့ရ။
- တဦးတည်းသော သားဖြစ်
- အထက်တန်းကျောင်းဘဝကတည်းက သရုပ်ဆောင်ဖြစ်ရန် ရည်မှန်းခဲ့၍ ဒန်းကုတက္ကသိုလ်သို့ ဝင်ခွင့်လျှောက်ထား။
- မိမိ၏ အသက်မွေးဝမ်းကျောင်း ရွေးချယ်မှုကို မိခင်က သဘောမတူခဲ့၍ အိမ်က ဆင်းခဲ့။
- အကြိုက်ဆုံး အစားအစာမှာ ထမင်း၊ ချစ်သူရည်းစားက လုပ်ပေးတာကို ခံချင်သော ဟင်းလျာမှာ ပြောင်းဖူးမုန့်၊ လိမ္မော်သီးကို ကြိုက်သည် ဖြစ်ရာ ဆောင်းရောက်သည့်အခါ လိမ္မော်သီးကို လက်ကပင် မချ။
- မုန်လာဥနီ မကြိုက်သောကြောင့် စား၍မရ။
- လူပျိုကြီးရဲ့ဟင်းရွက်ဆိုင်ဇာတ်လမ်းတွဲ ရိုက်ကူးနေစဉ်အတွင်း အကောင်းစားအစားအသောက်များကို တဦးတည်း တိတ်တဆိတ် ခိုးစားပစ်ခဲ့။
- ကလေးဘဝကပင် အားကစားဝါသနာ ပါသည် ဖြစ်၍၊ ဘက်ဒုန်းဆူဇာတ်လမ်း ရိုက်ကူးစဉ် နည်းပြမှ ဘာလုပ်တတ်သလဲ မေးရာ၊ နောက်ပြန်ဂျွမ်းထိုးတတ်သည်ဟု ဖြေလိုက်ရာ၌ စတန့်သမားမပါဘဲ လူကိုယ်တိုင် သရုပ်ဆောင်နိုင်ခဲ့။
- ဂိုးမား (Ggoma) အမည်ရှိ ဘက်လင်တန် တယ်ရီယာ (Bedlington Terrier)အမျိုးအစား ခွေးတကောင် ရှိခဲ့ပြီး ၂၀၂၀ တွင် ကျောက်ကပ်ရောဂါဖြင့် ကွယ်လွန်ခဲ့ကြောင်း ဂျီချန်ဝုက Dayrock Daum Fan Cafe မှတဆင့် ပရိသတ်ကို ၂၀၂၁ ခုနှစ် နှစ်သစ်နှုတ်ခွန်းဆက်စာလွှာတွင် ထည့်သွင်း အသိပေးခဲ့သည်။
အနုပညာခရီး
ပြင်ဆင်ရန်၂၀၀၆-၂၀၀၉၊ အစ
ပြင်ဆင်ရန်ဂျီသည် ဂီတဇာတ်ရုံ၌ စတင်ခဲ့သည်။ ၂၀၀၆ ရုပ်ရှင် နေ့ရက်များစွာ... ၌ ပွဲဦးထွက်ခဲ့ပြီး နှလုံးသားဝှက်သူ(၂၀၀၈)ရုပ်သံဇာတ်လမ်းတွဲ၌ မထင်မရှားဇာတ်ရုပ် ပါဝင်ခဲ့သည်။ ၂၀၀၈ ရုပ်ရှင် အိပ်ပျော်နေသောမိန်းမလှ ၌သာ တရားဝင် ပွဲဦးထွက်သည်။
၂၀၀၉ ၌၊ ပြည့်စုံလွန်းတဲ့သားတွေ ဇာတ်လမ်းတွဲ၌ ပါပြီး၊ သိမ်မွေ့ပြီး မိန်းမဆန်သော ညီအထွေးဆုံးအဖြစ် သရုပ်ဆောင်ကာ အသက် ၂၀ အရွယ်၌ အချစ်ဆုံးသူငယ်ချင်း၏ သမီးကို မွေးမြူခြင်းနှင့် အဆုံးသတ်ထားသည်။ [၂] ထို့နောက် အက်ရှင်ဟာသဇာတ်လမ်းတွဲ ဟီးရိုး ၌ ဇာတ်ပို့ပါဝင်သည်။
၂၀၁၀-၂၀၁၂၊ လူကြိုက်များလာခြင်း
ပြင်ဆင်ရန်၂၀၁၀ ၌ ၁၅၉ ပိုင်းပါ ထပ်ပြုံး (Smile Again) ၌ စတင်ပါဝင်သည်။ ကိုရီးယားအမေရိကန် ရေခဲစကိတ်ပတ်လမ်းတိုပြိုင်ပွဲဝင်အဖြစ်နှင့် ရေခဲစကိတ်ကွင်း၌ တနေ့လျှင် လေးငါးနာရီ လေ့ကျင့်ခဲ့ရသည်။[၃] ထပ်ပြုံး (Smile Again) သည် ၁၅ ပတ်ဆက်တိုက် ဘုတ်တွင် ထိပ်စွဲပြီး ကေဘီအက်စ်ရုပ်သံဆုပေးပွဲ၌ အကောင်းဆုံး နေ့စဉ်ရုပ်သံမင်းသားဆုကို သူသည် ချီးမြင့်ခံရသည်။[၄][၅]
ထို့နောက် ၂၀၁၁ တွင် သမိုင်းနောက်ခံ-အက်ရှင် ဇာတ်လမ်းတွဲ စစ်သည်တော်ဘက်ဒုန်းဆူ (Warrior Baek Dong-soo) ၌ ဇတ်လမ်းအမည်အစွဲပြုခံရသော အဓိကဇာတ်ရုပ်၌ ပါဝင်သည်။ လီဂျေဟော်၏ မူလကာတွန်းဇာတ်လမ်း ဂုဏ်သရေရှိ ဘက်ဒုန်းဆူ (Honorable Baek Dong-soo) ကို မှီငြမ်းထားသော ၎င်းဇာတ်လမ်းသည် ဂျိုဆွန်းခေတ် ဓားသမား ဘက်ဒုန်းဆူဆိုသူ ငယ်စဉ်မှ ကြီးပြင်းလာသည့်တလျှောက် နိုင်ငံရေးလျှို့ဝှက်ကြံစည်မှုများတွင် ပါဝင်စွန့်စားရာမှ ငယ်သူငယ်ချင်း တဖြစ်လဲ ရန်သူနှင့် ဖက်ပြိုင်ရင်ဆိုင်ရပုံအကြောင်း ဖြစ်သည်။ [၆][၇] ထိုဇာတ်လမ်းတွဲသည် ရုပ်သံလွှင့်အစီအစဉ်၌ ၁၃ ပတ်တာ နံပါတ်တစ် ဖြစ်ပြီး၊ ဂျီသည် အက်စ်ဘီအက်စ်ရုပ်သံဆုပေးပွဲ၌ မျက်နှာသစ်ဆုကို ရရှိသည်။ [၈][၉] ထိုနှစ်နောက်ပိုင်း၌ အခပေးရုပ်သံ လူပျိုလေးရဲ့ဟင်းရွက်ဆိုင် (Bachelor's Vegetable Store) ဇာတ်လမ်းတွဲ၌ အဓိကဇာတ်ရုပ်အဖြစ် ပါဝင်ပြီး၊ ဖြစ်ရပ်မှန်အောင်မြင်သူတယောက်အကြောင်း အခြေခံထားကာ သေးနုတ်သော စတုရန်းပေ ၃၅၀ ရှိ ဟင်းရွက်ဆိုင်ကို ၁၉၉၈ ၌ စတင်ခဲ့ပြီး၊ နိုင်ငံတဝန်း ဆိုင်ကြီး ၃၃ ဆိုင်အထိ တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပုံအကြောင်းဖြစ်သည်။[၁၀]
၂၀၁၂ တွင် ပထမဆုံး အပြိုင်ဇာတ်ရုပ်အနေဖြင့် အစ်ကိုဖြစ်သူ၏ ဂီတပါရမီကို မနာလိုငြူစူခဲ့သော စန္ဒယားပညာရှင်အဖြစ် လက်ငါးချောင်း (Fiver Fingers) ရုပ်သံဇာတ်လမ်းတွဲတွင် ပါဝင်ခဲ့သည်။ [၁၁][၁၂]
၂၀၁၃ တွင် ဂီတပြဇာတ်လောကသို့ တဖန်ြပန်လာပြီး နေ့ရက်များစွာ (The Days) ပြဇာတ်တွင် လွန်ခဲ့သောနှစ်ပေါင်း (၂၀) က အမည်မသိ အမျိုးသမီးတစ်ဦးနှင့်အတူ ထူးဆန်းစွာ ပျောက်ဆုံးသွားသော သမ္မတသက်တော်စောင့် အဖြစ် သရုပ်ဆောင်ခဲ့သည်။ နေ့ရက်များစွာ (The Days) သည် ကင်ကွမ်ဆော့ (Kim Kwang-seok) ၏ ကျေးလက်ရော့ခ်သီချင်းများကို အသုံးပြုပြီး တဆန်းသစ်ထားသော Jukebox တေးဂီတပြဇာတ် ဖြစ်သည်။ [၁၃]
၂၀၁၃-၂၀၁၇၊ ပြည်ပထိ ထိုးဖောက်ခြင်း
ပြင်ဆင်ရန်သမိုင်းနောက်ခံဇာတ်လမ်း ဘုရင်မကြီးကီ ၌ ယွမ်မင်းဆက် ၁၆ ကြိမ်မြောက် ဧကရာဇ် ဟွေကျုံဟုလည်းသိသော တော့ဟောတယ်မွာ အဖြစ် သရုပ်ဆောင်ကာ တဟုန်ထိုး ကျော်ကြားလာသည်။ ဇာတ်လမ်းတွဲသည် နိုင်ငံအဝန်း ကြည့်ရှုသူများ၏ အမှတ်ပေးခြင်း ခံရပြီး၊ ၂၅.၁၂ ရာခိုင်နှုန်းထိ ရရှိခဲ့သည်။ ဘုရင်ငယ်အဖြစ် သရုပ်ဆောင်ပီပြင်မှုက ဝေဖန်ရေးသမားများနှင့် ပရိသတ်များစိတ်ထဲ ကြီးစွာ အကောင်းမြင်ခံရပြီး၊ များစွာ ချီးကျူးခံရသည်။ ထိုင်ဝမ်၌ ပထမဦးဆုံးသော ပရိသတ်တွေ့ဆုံပွဲ လုပ်သည်။[၁၄][၁၅][၁၆]
ဆုန်းဂျီနာ ရေးသားသော ထိတ်လန့်အက်ရှင် ဟီးလား၌ ၂၀၁၄ ဒီဇင်ဘာမှ ၂၀၁၅ ဖေဖော်ဝါရီအထိ အဓိက သရုပ်ဆောင်ခဲ့သည်။ ဇာတ်လမ်းတွဲ၌ လျှို့ဝှက်သော ကြေးစားသမားဇာတ်ရုပ်အတွက် သိုင်းသင်ခဲ့သည်။ [၁၇][၁၈] ဇာတ်လမ်းတွဲ လွှင့်ပြီးသော် ဂျီသည် တရုတ်နှင့် အာရှအတော်များများ၌ လူကြိုက်များသွားလေသည်။ ၂၀၁၅ တွင် ဝေးပေါ်အကောင့်ဖွင့်ပြီး ဖန်များကို လက်ခံရာ နှစ်လမပြည့်မီအတွင်း၌ ဖန်ပေါင်း တသန်းကျော်လေသည်။ ထို့ပြင် ၂၀၁၅ ကိုရီးယားမီဒီယာများက ပြုလုပ်သော ချစ်သူများနေ့မှာ ဘယ်ကိုရီးယားအမျိုးသားသရုပ်ဆောင်နဲ့ အချိန်းတွေ့ချင်ဆုံးလဲ မဲပေးလှုပ်ရှားမှု၌ ထိုဇာတ်လမ်းတွဲ၏ အကျိုးဆက်ကြောင့် နံပါတ်တစ် ရသည်။ [၁၉][၂၀] ထို့နောက်တွင် လေပွေမိန်းကလေး ၂ နှင့် မစ္စတာရိုက် တရုတ်စကားပြောဇာတ်လမ်းတွဲ၌ ပါဝင်သည်။[၂၁][၂၂]
၂၀၁၆ ၌၊ တီဗီအင်၏ အက်ရှင်သဲဖို ကေတူး၌ နောက်လိုက်များ၏ သစ္စာဖောက်ခြင်းခံရပြီး လူတွေကို ကြောက်သော မိန်းကလေးနှင့် ချစ်ကြိုက်သည့် သက်တော်စောင့်အဓိကဇာတ်ရုပ်အဖြစ် သရုပ်ဆောင်သည်။[၂၃] ဇာတ်လမ်းတွဲသည် ထုတ်လွှင့်သည် ၈ ပတ်လုံးလုံး အခပေးရုပ်သံ ကြည့်ရှုနှုန်း၌ ထိပ်စွဲခဲ့သည်။[၂၄] နိုဝင်ဘာ ၂၀၁၆ ၌ လိုတီဂျူတီဖရီးဆိုင်အတွက် ပထမဆုံး အနမ်းခုနှစ်ခု (First Seven Kisses) အမည်ရ ပရိုမိုးရှင်း ဝဘ်ရုပ်သံ၌ ပူးတွဲရိုက်ကူးသည်။[၂၅]
၂၀၁၇ ၌ အက်ရှင်ဇာတ်ကား ဖြစ်သော လံကြုပ်မြို့ကြီး ၌ အလုပ်မရှိသော ဂိမ်းစွဲနေသူတဦး ဘဝမှ နာမည်ကြီးလူသတ်သမား ဖြစ်လာပုံ သရုပ်ဆောင်သည်။ [၂၆] နောက်ထပ်ရိုက်ကူးသည့် အက်စ်ဘီအက်စ်၏ ရို-ဟာ-ဖို ဇာတ်လမ်းတွဲ ဒီမိန်းမကို စောင့်ကြည့်ထား သည် မေလ၌ အစမ်းပြရန် စီစဉ်ထားသည်။[၂၇]
မတ်လ ၂၀၂၃ တွင် ၂၀၀၆ ခုနှစ်မှ စတင်ပြီး ၁၇ နှစ်တိုင် လက်တွဲလုပ်ကိုင်ခဲ့သော အေဂျင်စီဖြစ်သည့် Glorious Entertainment နှင့်စာချုပ်ကို နှစ်ဘက်သဘောတူညီမှုဖြင့် အဆုံးသတ်ခဲ့ပြီး လက်ရှိတွင် Free Agent အဖြစ် ရပ်တည်လျက်ရှိသည်။
ရုပ်ရှင်ရုပ်သံ
ပြင်ဆင်ရန်ရုပ်သံဇာတ်လမ်းတွဲများ
ပြင်ဆင်ရန်Year | Title | Role | Network | Notes |
---|---|---|---|---|
2008 | You Stole My Heart | Lee Phillip | KBS2 | |
2009 | My Too Perfect Sons | Song Mi-poong | ||
2009–2010 | Hero | Park Jun-hyeong | MBC | |
2010–2011 | Smile Again | Carl Laker / Dong-hae | KBS1 | |
2011 | Warrior Baek Dong-soo | Baek Dong-soo | SBS | |
2011–2012 | Bachelor's Vegetable Store | Han Tae-yang | Channel A | |
2012 | Five Fingers | Yoo In-ha | SBS | |
2013–2014 | Empress Ki | Toghon Temür / Ta Hwan | MBC | |
2014–2015 | Healer | Seo Jung-hoo / Park Bong-soo / Healer | KBS2 | |
2016 | The Whirlwind Girl 2 | Chang An | Hunan TV | |
The K2 | Kim Je-ha | tvN | ||
2017 | Suspicious Partner | Noh Ji-wook | SBS | |
TBA | Mr Right | Wang Weian | HBS |
ရုပ်ရှင်
ပြင်ဆင်ရန်Year | Title | Role | Notes |
---|---|---|---|
2006 | Days... | ||
2008 | Sleeping Beauty | Jin-seo | |
2010 | Death Bell 2: Bloody Camp | Soo-il | |
2013 | How to Use Guys with Secret Tips | Hong-jun's brother | Guest role |
2015 | The Long Way Home | Nation's armed forces conscription military police | |
2017 | Fabricated City | Kwon Yoo | |
Two Constables |
ဝဘ်ရုပ်သံ
ပြင်ဆင်ရန်Web series
ပြင်ဆင်ရန်Year | Title | Role | Notes |
---|---|---|---|
2014 | ကာရာ: လျှို့ဝှက်အချစ် (Kara: Secret Love) | နတ်သားနံပါတ် ၂၀၁၃, ချောန်ဆနာမ် (Angel No. 2013, Chun Sa Nam) | အပိုင်း ၉-၁၀ |
2016 | ပထမဆုံးသော အနမ်းခုနှစ်ခု (First Seven Kisses) | ကိုယ်တိုင် (Himself) | အပိုင်း ၃-၄ |
2020–2021 | ချစ်ခြင်တို့နိုးထသော မြို့ပြ (Lovestruck in the City) | ပတ်ဂျယ်ဝန်း (Park Jae-won) | |
2022 | မှော်ရုံမြိုင်၏ တေးသံ (The Sound of Magic) | ရီဦး (Lee Eul) | |
2023 | အဆိုးတကာ့ အဆိုးဆုံး (The Worst of Evil) | ပတ်ဂျူမို (Park Joon-mo) |
စုံစိရှိုး
ပြင်ဆင်ရန်Year | Title | Network | Notes |
---|---|---|---|
2013 | Radio Star | MBC | Guest, episode 322 |
2014 | Running Man | SBS | Guest, episodes 211-212 |
2015 | Happy Camp | HBS | Guest |
2016 | Taxi | tvN | Guest, episode 445 |
We Got Married | MBC | Guest, episode 347 |
တေးသရုပ်ဆောင်
ပြင်ဆင်ရန်Year | Song Title | Artist |
---|---|---|
2007 | "Are You Ready" | Lena Park feat. Dynamic Duo |
2009 | "We Broke Up Today" | Younha |
2009 | "Falling You" | T-ara |
2010 | "I Have to Let You Go" | Young Gun |
2011 | "Cry Cry" | T-ara |
2012 | "Lovey-Dovey" | |
"I Need You" | K.Will | |
2013 | "That's My Fault" | Speed |
"It's Over" | ||
"Runaway" | Kara |
ကဇာတ်ရုံ
ပြင်ဆင်ရန်Year |
Title | Role | Notes |
---|---|---|---|
2007 | Fire and Ice |
| |
2011 | Thrill Me | Richard Loeb | |
2013 | The Days | Mu-young |
|
Jack the Ripper | Daniel | ||
Brothers Were Brave | Lee Joo-bong | ||
2014 | The Days | Mu-young |
|
တေးသံသွင်း
ပြင်ဆင်ရန်အယ်လဘမ်
ပြင်ဆင်ရန်- 2016: Be With You (Japanese)
တကိုယ်တော်
ပြင်ဆင်ရန်Year | Title | Notes |
---|---|---|
2011 | "Meet Again" | track from Warrior Baek Dong-soo OST |
"Oh Sing Sing Men" (with Lee Kwang-soo, Kim Young-kwang, Shin Won-ho, Sung-je, and Ji-hyuk) |
tracks from Bachelor's Vegetable Store OST Japanese release | |
"Your Warmth" | ||
2012 | "Fill Up" | track from Five Fingers OST |
2014 | "To the Butterfly" | track from Empress Ki OST |
2015 | "I Will Protect You" | track from Healer OST |
2016 | "Kissing You" | track from First Seven Kisses OST |
ဆုနှင့်ဇကာတင်
ပြင်ဆင်ရန်Year | Award | Category | Nominated work | Result | Ref. |
---|---|---|---|---|---|
2011 | 4th Korea Drama Awards | Best New Actor | Smile Again | ဆန်ခါတင် | |
KBS Drama Awards | Excellence Award, Actor in a Daily Drama | ဆုရရှိ | |||
SBS Drama Awards | New Star Award | Warrior Baek Dong-soo | ဆုရရှိ | ||
2012 | Excellence Award, Actor in a Weekend/Daily Drama | Five Fingers | ဆန်ခါတင် | ||
2013 | 7th The Musical Awards | Best New Actor | The Days | ဆုရရှိ | |
MBC Drama Awards | Excellence Award, Actor in a Special Project Drama | Empress Ki | ဆုရရှိ | [၂၈] | |
2014 | 9th Seoul International Drama Awards | Outstanding Korean Actor | ဆန်ခါတင် | ||
7th Korea Drama Awards | Top Excellence Award, Actor | ဆန်ခါတင် | |||
3rd APAN Star Awards | Excellence Award, Actor in a Serial Drama | ဆန်ခါတင် | |||
KBS Drama Awards | Excellence Award, Actor in a Mid-length Drama | Healer | ဆန်ခါတင် | ||
Popularity Award, Actor | ဆုရရှိ | ||||
Best Couple Award with Park Min-young | ဆုရရှိ | ||||
2015 | 4th APAN Star Awards | Excellence Award, Actor in a Miniseries | ဆန်ခါတင် | ||
Anhui TV Drama Awards | Most Popular Actor (Overseas) | ဆုရရှိ | [၂၉] | ||
2016 | 1st Asia Artist Awards | Popularity Award | The K2 | ဆန်ခါတင် | [၃၀] |
31st Korea's Best Dresser Swan Awards | Best Dressed Actor | N/A | ဆုရရှိ | [၃၁] |
ကိုးကား
ပြင်ဆင်ရန်- ↑ ၁.၀ ၁.၁ Ji Chang-wook's profile (in Korean)။ 15 January 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2015-01-15 တွင် ပြန်စစ်ပြီး။
- ↑ Jin၊ Young-ju (16 September 2009)။ My Too Perfect Sons Records Viewer Ratings of 43.3 Percent။ KBS Global။ 12 July 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2013-08-31 တွင် ပြန်စစ်ပြီး။
- ↑ Yoon၊ Seo-hyun (28 September 2010)။ Trace the steps of your favorite drama stars။ TV Report။
- ↑ Kim၊ Heidi (16 May 2011)။ Smile Again wraps up after commanding TV charts for 15 weeks။ 10Asia။ 2012-11-26 တွင် ပြန်စစ်ပြီး။
- ↑ Hong၊ Lucia (2 January 2012)။ Shin Ha-kyun scores top prize at 2011 KBS Drama Awards။ 10Asia။ 2012-11-26 တွင် ပြန်စစ်ပြီး။
- ↑ Kim၊ Hee-ju (20 June 2011)။ On the set of SBS TV series The Warrior, Baek Dong-soo။ 10Asia။ 2012-11-26 တွင် ပြန်စစ်ပြီး။
- ↑ Han၊ Yeo-wool (6 September 2011)။ SBS series The Warrior, Baek Dong-soo extended by 6 episodes။ 10Asia။ 2012-11-26 တွင် ပြန်စစ်ပြီး။
- ↑ Hong၊ Lucia (12 October 2011)။ The Warrior Baek Dong-soo bows out atop Mon-Tues lineup for 13th win။ 10Asia။ 2012-11-26 တွင် ပြန်စစ်ပြီး။
- ↑ Kim၊ Jessica (2 January 2012)။ Han Suk-kyu reclaims glory at SBS Drama Awards။ 10Asia။ 2012-11-26 တွင် ပြန်စစ်ပြီး။
- ↑ Choi၊ Eun-hwa (15 December 2011)။ Ji Chang Wook On Always Being the Good Guy။ enewsWorld။ 29 January 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2012-11-26 တွင် ပြန်စစ်ပြီး။
- ↑ Choi၊ Eun-hwa (4 July 2012)။ Five Fingers Confirms Cast with Joo Ji Hoon and T-ara's Ham Eun Jung။ enewsWorld။ 8 July 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2012-11-26 တွင် ပြန်စစ်ပြီး။
- ↑ Hong၊ Lucia (24 July 2012)။ Poster of Ju Ji-hoon, T-ara Hahm Eunjung's TV series unveiled။ 10Asia။ 2012-11-26 တွင် ပြန်စစ်ပြီး။
- ↑ Kwon၊ Mee-yoo (21 February 2013)။ Emptying nostalgia's vault။ The Korea Times။ 2013-04-03 တွင် ပြန်စစ်ပြီး။
- ↑ Ji Chang-wook Cast in Ha Ji-won's New Historic Series။ Naver Corporation (5 September 2013)။
- ↑ Chung၊ Joo-won (2 May 2014)။ Ji Chang-wook benchmarks Kim Soo-hyun, Lee Min-ho over Asia။ The Korea Herald။ 2014-05-02 တွင် ပြန်စစ်ပြီး။
- ↑ Baek၊ Byung-yeul (18 May 2014)။ Leaping toward stardom: Empress Ki actor outshines Ha Ji-won with breakthrough role။ The Korea Times။ 2014-05-20 တွင် ပြန်စစ်ပြီး။
- ↑ Ji shows off his range in ‘Healer’ (26 February 2015)။ 16 February 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 March 2017 တွင် ပြန်စစ်ပြီး။
- ↑ Ji Chang-wook leaps to new heights through ‘Healer’ (12 February 2015)။
- ↑ Ji Chang Wook Sees Rise in Popularity Overseas After ′Healer′။ MWave (14 March 2015)။ 14 August 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 March 2017 တွင် ပြန်စစ်ပြီး။
- ↑ Ji Chang-wook’s popularity soars in China။ The Korea Herald (3 February 2015)။
- ↑ Ji Chang-wook to star in Chinese drama။ The Korea Heral (29 February 2016)။
- ↑ Ji Chang-wook is the new ‘Mr. Right’။ The Korea Herald (26 January 2016)။
- ↑ Ji Chang-wook confirms lead in ‘K2’ (28 July 2016)။
- ↑ Rumy Doo။ "‘K2’ wraps up with top ratings"၊ The Korea Herald၊ November 13, 2016။ November 14, 2016 တွင် ပြန်စစ်ပြီး။
- ↑ "[단독이종석•이준기•지창욱•박해진 뭉쳤다…'첫키스만 여섯번째' 출연]"၊ Naver Corporation၊ 2 November 2016။
- ↑ Ji Chang-wook finds a fitting film : A lead role in the action hit ‘Fabricated City’ was a first for the young star (15 February 2017)။
- ↑ 지창욱, SBS 새 수목 '이 여자를 조심하세요' 출연 확정 (공식입장)။ Xports News (16 March 2017)။ 17 March 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 March 2017 တွင် ပြန်စစ်ပြီး။
- ↑ '기황후' 하지원, MBC연기대상 대상..7년만에 2번째 대상(종합) (31 December 2013)။
- ↑ 国剧盛典拉下帷幕 胡歌范冰冰分获视帝视后_网易娱乐 (2 January 2016)။
- ↑ AAA။ Asia Artist Awards (2016-11-12)။ 7 May 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2016-12-15 တွင် ပြန်စစ်ပြီး။
- ↑ 지창욱부터 윤아까지 ‘베스트드레서 스완어워드’ 16人 수상자 확정(공식입장) - 손에 잡히는 뉴스 눈에 보이는 뉴스 - 뉴스엔။ Newsen.com (11 December 2016)။ 2016-12-15 တွင် ပြန်စစ်ပြီး။