ဂျီဖက် (ခေါ်) မြတ်သူ (၃၁ ဒီဇင်ဘာ ၃၁ ၁၉၉၂ မွေးဖွား) သည် မြန်မာနိုင်သား ဟစ်ဟော့အဆိုတော် ၊ တေးရေးနှင့် သရုပ်ဆောင် ဖြစ်သည်။[၁] ဂျီဖက် သည် မြန်မာနိုင်ငံရှိ အောင်မြင်သော အဆိုတော်များထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခံထားရသည်။[၂] ဂျီဖက် ၏ ပွဲဦးထွက် အယ်လ်ဘမ်ကို ဂျင် အမည်ဖြင့် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ထွက်ရှိခဲ့ပြီး တစ်နှစ်တာ အရောင်းရဆုံး အယ်လ်ဘမ် ဖြစ်လာခဲ့သည်။ [၃]

ဂျီဖက်
ကိုယ်ရေး အချက်အလက်များ
အမည်ရင်းမြတ်သူ
မွေးဖွား (1992-12-31) ၃၁ ဒီဇင်ဘာ၊ ၁၉၉၂ (အသက် ၃၁)
ရန်ကုန်မြို့
ဂီတဟန်ဟစ်ဟော့ ဂီတ
အလုပ်အကိုင်အဆိုတော်၊ တေးရေးဆရာ၊ သရုပ်ဆောင်
တူရိယာVocal . Piano . Guitar
တက်ကြွသည့်နှစ်များ၂၀၀၇ - လက်ရှိ
ပူးတွဲ ပါဝင်မှုG Family, Frenzo

ငယ်စဉ်ဘဝနှင့် ပညာရေး ပြင်ဆင်ရန်

ဂျီဖက် ကို ၁၉၉၂ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ရန်ကုန်မြို့၌ အဖ ဦးညိုဦးနှင့် အမိ ဒေါ်မြင့်မြင့်ဝေတို့က မွေးဖွားခဲ့သည် ။ မွေးချင်း နှစ်ယောက်အနက် အငယ်ဆုံးသားဖြစ်ပြီး အစ်မတစ်ဦးရှိသည်။ အမှတ်(၂) သင်္ဃန်းကျွန်း အခြေခံပညာ အထက်တန်းကျောင်းတွင် အထက်တန်းကျောင်းတက်ခဲ့သည်။ ဒဂုံတက္ကသိုလ်မှ မြန်မာဘာသာဖြင့် ဘွဲ့ရရှိခဲ့သည်။[၄]

ဂီတအသက်မွေးဝမ်းကြောင်း ပြင်ဆင်ရန်

ရှိုးပွဲတစ်ခုတွင် ဖျော်ဖြေနေသော ဂျီဖက်

ဂျီဖက်သည် ဂီတလောက ကို အောက်ခြေမှစတင်လာပြီး ဟစ်ဟော့သီချင်းများနှင့် ဂီတလောကကို စတင်ခဲ့ဝင်ပြီး ဟစ်ဟော့ သီချင်းများ ထွက်ရှိခဲ့ပြီး အမုန်းကမ္ဘာ မှနေ့စွဲများ အယ်လ်ဘမ်တွင် ပထမဆုံးပါဝင်ခဲ့သည်။ ဂျီဖက်သည် (၈ရက်၊ ၈လ ၊ ၈နာရီ) သီချင်းနှင့် ပြည်ပသို့ပေးစာ သီချင်းများဖြင့် ဂီတလောကမှာ အသိအမှတ်ပြုခံရပြီး အွန်လိုင်းပေါ်တွင် လွှင့်တင်သည့်နေ့မှစ၍ မြန်မာနိုင်ငံတွင် ကျယ်ကျယ်ပြန့်ပြန့် ရေပန်းစားသော သီချင်းများ ဖြစ်လာခဲ့သည်။ ထိုအချိန်မှစ၍ ဂျီဖက်၏ပရိသတ်များထံမှ ပထမဆုံးအသိအမှတ်ပြုမှုရရှိခဲ့ပြီး အဖွဲ့အယ်လ်ဘမ်များ၊ ရှိုးပွဲ ဖျော်ဖြေပွဲများနှင့် မြန်မာနိုင်ငံတစ်ဝန်းရှိ နေရာအသီးသီးတွင် ဖျော်ဖြေပွဲများစွာ ပါဝင်ခဲ့သည်။[၅][၆] ဂျီဖက်သည် ၂၀၁၆ ခုနှစ်တွင် စိုင်းစိုင်းခမ်းလှိုင်ပိုင်ဆိုင်သော Frenzo Production နှင့် လက်တွဲခဲ့သည်။ စိုင်းစိုင်းခမ်းလှိုင်၏ မွေးနေ့ရှိုးတွင် နှစ်တိုင်း ပါဝင်ဖျော်ဖြေတင်ဆက်ခဲ့သည်။ ဂျီဖက်သည် တစ်ကိုယ်တော် အယ်လ်ဘမ်ကို ထုတ်လုပ်ဖြန့်ချိနိုင်ရန် ကြိုးပမ်းခဲ့သည်။ သူ၏ ပွဲဦးထွက် တစ်ကိုယ်တော် အယ်လ်ဘမ် ဂျင် ကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်တွင် ဖြန့်ချိခဲ့ပြီး မြန်မာ့ဂီတလောကတွင် ရပ်တည်နိုင်ရန် နေရာတစ်ခု ဖန်တီးပေးခဲ့သော အောင်မြင်မှုတစ်ခုလည်း ဖြစ်သည်။ ၎င်း၏ဒုတိယတစ်ကိုယ်တော်အယ်လ်ဘမ် "120/B" ကို ၂၀၁၈ ခုနှစ် မတ်လ ၂ ရက်နေ့တွင် ဖြန့်ချိခဲ့သည်။ [၇][၈]

ရှိုးပွဲတစ်ခုတွင် ဖျော်ဖြေနေသော ဂျီဖက်

ရှိုးပွဲများ ပြင်ဆင်ရန်

သူ၏ ပထမဆုံး တစ်ကိုယ်တော် ရှိုးပွဲတွင် ဖျော်ဖြေနေသော ဂျီဖက်

ဂျီဖက်သည် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် သူ၏ ပထမဆုံး တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ကန်တော်ကြီး မျှော်စင်ကျွန်းမှာ ပြုလုပ်ခဲ့သည်။ ဖျော်ဖြေပွဲအစတွင် မိုးဖွဲဖွဲရွာနေသော်လည်း ပရိသတ်အများအပြားသည် မိုးရေထဲတွင် ရှိုးပွဲကို ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြသည်။[၂][၉] ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့တွင် သူသည် Illusion Paradise ဟု အမည်ပေးထားသည့် ၎င်း၏ တစ်ကိုယ်တော် ဖျော်ဖြေပွဲကို အွန်လိုင်းနှင့် TV မှတဆင့် ပြုလုပ်ခဲ့သည်။ [၁၀][၁၁]

ရုပ်ရှင်ကားရိုက်ကူးခြင်း ပြင်ဆင်ရန်

G Fatt သည် ပြည်တွင်းဟစ်ဟော့အနုပညာရှင်များဖြစ်ကြသည့် ယုန်လေး၊ ရသ၊ ကြက်ဖ၊ G-Fatt ၊J Fire ၊ Ice Cold ၊ အခြားသရုပ်ဆောင်များစွာပါဝင်ထားသော မြန်မာဟစ်ဟော့ဘဝ ရုပ်ရှင်ဇာတ်ကားကြီး ကိုယ့်သမိုင်းကိုယ်ရေးကြသူများ ၂ တွင် ပွဲဦးထွက်သရုပ်ဆောင်ခဲ့သည်။ ဇာတ်ကားကို ဒါရိုက်တာ ဂျိုး က ရိုက်ကူးပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ရုံတင်ပြသခဲ့သည်။ ကိုယ့်သမိုင်းကိုယ်ရေးကြသူများ ၂ ရုပ်ရှင်ဇာတ်ကားသည် Hip Hop အနုပညာလောကရှိ Undergroung ၌ လှုပ်ရှားရုန်းကန် ကြိုးစားနေရသည့် ဝါသနာရှင် အနုပညာရှင် လူငယ်များ၏ ဘဝနှင့် ဖြတ်သန်းမှုများကို ဇာတ်လမ်းဖွဲ့ထားခြင်းသည်။[၁၂]

နိုင်ငံရေးလှုပ်ရှားမှုများ ပြင်ဆင်ရန်

၂၀၂၁ ခုနှစ် မြန်မာနိုင်ငံ အာဏာသိမ်းပြီးနောက် G Fatt သည် အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုတွင် လူကိုယ်တိုင်ပါဝင်ခဲ့သလို လူမှုကွန်ရက် မီဒီယာများမှတဆင့်လည်း လှုပ်ရှားခဲ့သည်။ စစ်တပ်က အာဏာသိမ်းခြင်းကို ရှုတ်ချပြီး ဖေဖော်ဝါရီလကတည်းက ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သည်။ "We Want Justice" တွင် လက်သုံးချောင်းဖြင့် အလေးပြုသည့် လှုပ်ရှားမှုတွင်လည်း ပါဝင်ခဲ့သည်။ ယင်းလှုပ်ရှားမှုကို အနုပညာရှင်များစွာအပါအဝင် ဆိုရှယ်မီဒီယာတွင် ပြုလုပ်ခဲ့သည်။[၁၃][၁၄]

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြောဆိုခြင်းအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) အရ ၂၀၂၁ ခုနှစ် ဧပြီလ ၃ ရက်နေ့တွင် ဂျီဖက်အား ဖမ်းဝရမ်းထုတ်ခဲ့သည်။ လူမှုကွန်ရက် စာမျက်နှာကို အသုံးပြုပြီး နိုင်ငံတော် အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံ့ဝန်ထမ်းတွေကို အာဏာဖီဆန်ရေး ပြည်သူ့လှုပ်ရှားမှု(CDM) တွင် ပါဝင်ရန် လှုံဆော်ခြင်း၊ CRPHကို ထောက်ခံခြင်းစသည်တို့ဖြင့် အခြားသော ထင်ရှားကျော်ကြားသူများနှင့်အတူ တရားစွဲဆိုခံခဲ့ရသည်။ [၁၅]

ဂျီဖက်သည် ၂၀၂၃ ခုနှစ် ဧပြီလ ၁၃ ရက်နေ့တွင် နေပြည်တော်၌ တပ်မတော်က ကျင်းပသော သင်္ကြန်ပွဲတော်တွင် ပါဝင်ခဲ့ခြင်းကြောင့် လူအများ၏ ဝေဖန်မှုကို ခံခဲ့ရသည်။[၁၆]

သီချင်းအယ်လ်ဘမ်များ ပြင်ဆင်ရန်

  • ဂျင် (၂၀၁၆)
  • 120/B (၂၀၁၈)

ရုပ်ရှင်ဇာတ်ကားများ ပြင်ဆင်ရန်

ကိုယ့်သမိုင်းကိုယ်ရေးကြသူများ ၂ (၂၀၁၈)

ဆုများရရှိခြင်း ပြင်ဆင်ရန်

City FM မှ ချီးမြှင့်သော အတောင်းဆိုခံရဆုံး သီချင်းဆုကို Gin အယ်လ်ဘမ် ဖြင့် ရရှိခဲ့သည်။

ကိုးကား ပြင်ဆင်ရန်

  1. တေးသံရှင် G Fatt နှင့် တွေ့ဆုံခြင်း (in my)။ Eleven Media Group (4 March 2018)။
  2. ၂.၀ ၂.၁ "G Fatt and His First One Man Show Concert"၊ Yangon Life၊ 14 November 2018။ 25 June 2023 တွင် ပြန်စစ်ပြီး။ Archived from the original on 15 February 2019။ 
  3. အချစ်မရှိရင် ဘယ်မိန်းမမှ ချစ်လို့မရတော့ဘူးလို့ ဆိုတဲ့ G Fatt (in my)။ Mizzima (18 May 2017)။
  4. အဆိုတော် G-Fatt ၏ ၂၃ နှစ်ပြည့် မွေးနေ့ပွဲကို ပရိသတ်များ နှင့် အတူ ကျင်းပ (in my)။ Mizzima (31 December 2015)။
  5. "ယောက်ျားလေးလည်းအချော့ကြိုက်ပါတယ်လို့ ပြောလာတဲ့ G-Fatt" (in my)၊ Mizzima၊ 1 December 2018။ 
  6. "အချစ်ရေးနဲ့ ပတ်သက်လို့ စိတ်ပူစေခဲ့တဲ့အပေါ် ပရိသတ်ကို G Fatt တောင်းပန်" (in my)၊ 7Day News၊ 1 December 2018။ 25 June 2023 တွင် ပြန်စစ်ပြီး။ Archived from the original on 15 February 2019။ 
  7. Yu Phyu Han (28 February 2018)။ ငယ်ဘဝကို ပြန်လည်တမ်းတတဲ့ အနေနဲ့ ပေးထားတဲ့ G Fatt ရဲ့ ဒုတိယအခွေ "120/B" (in my)။ The Irrawaddy
  8. Khin Swe Thet (1 March 2018)။ ဒုတိယမြောက်အခွေမှာ Troller တွေကို စနောက်ထားတဲ့ G-Fatt (in my)။ 7Day News။ 3 December 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 June 2023 တွင် ပြန်စစ်ပြီး။
  9. Khin Swe Thet (3 November 2018)။ G Fatt ရဲ့ပထမဆုံးတစ်ကိုယ်တော်ဖျော်ဖြေပွဲ (in my)။ 7Day News။ 15 February 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 June 2023 တွင် ပြန်စစ်ပြီး။
  10. "တတိယမြောက် One Man Show “Illusion Paradise” ဖျော်ဖြေပွဲကို အွန်လိုင်းနှင့်ရုပ်သံလိုင်းမှ ကျင်းပမည့် G Fatt" (in my)၊ The Myanmar Times၊ 9 January 2021။ 25 June 2023 တွင် ပြန်စစ်ပြီး။ Archived from the original on 20 February 2021။ 
  11. "G Fatt ရဲ့ တကိုယ်တော်ရှိုးကို ကရင်နှစ်သစ်ကူးနေ့တွင် ပြုလုပ်မည်" (in my)၊ The Irrawaddy၊ 12 January 2021။ 
  12. "G Fatt နဲ့ တွေ့ဆုံခြင်း" (in my)၊ The Voice Weekly၊ 2 January 2018။ 25 June 2023 တွင် ပြန်စစ်ပြီး။ Archived from the original on 21 February 2021။ 
  13. "တရားမျှတမှု We Want Justice ကန်ပိန်းတွင် အနုပညာရှင်များပါဝင် ဆန္ဒထုတ်ဖော် (ဓာတ်ပုံ)" (in my)၊ DVB၊ 4 February 2021။ 
  14. "ရုပ်ရှင်၊ ဂီတ၊ စာပေ၊ သဘင်အနုပညာရှင်များက We Want Justice လက်သုံးချောင်းထောင်ပြီး လှုပ်ရှားမှုတွင်ပါဝင်" (in my)၊ Eleven Media Group၊ 6 February 2021။ 
  15. "သက်မွန်မြင့်၊ ဖွေးဖွေး၊ ကော်နီနှင့် ကျားပေါက် အပါအဝင် နောက်ထပ် အယောက် ၂၀ ကို အမှုဖွင့်" (in my)၊ DVB၊ 4 April 2021။ 
  16. Spring Revolution Daily News for 15 April 2023။ 21 April 2023 တွင် ပြန်စစ်ပြီး။