ဂျော်လီဆွေ (၁၄ မေ ၁၉၃၀–၅ ဖေဖော်ဝါရီ ၂၀၁၀) သည် မြန်မာ ရုပ်ရှင်သရုပ်ဆောင်နှင့် စာရေးဆရာတစ်ဦး ဖြစ်သည်။ ဂျော်လီဆွေကို ဦးအေးဖေ၊ ဒေါ်အေးကျင်တို့က ချောက်မြို့၌ ၁၉၃၀ ပြည့်နှစ် မေလ ၁၄ ရက်နေ့တွင် မွေးဖွားခဲ့သည်။ မွေးချင်း ရှစ်ယောက်အနက် ဒုတိယမြောက် (တစ်ဦးတည်းသော) သားဖြစ်သည်။ အမည်ရင်းမှာ ဦးလတ်ဆွေ ဖြစ်သည်။

ဂျော်လီဆွေ
မွေးဖွားလတ်ဆွေ
(၁၉၃၀-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၅"။-၁၄)မေ ၁၄၊ ၁၉၃၀
ချောက်မြို့
ကွယ်လွန်ဖေဖော်ဝါရီ ၅၊ ၂၀၁၀(၂၀၁၀-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။-0၅) (အသက် ၇၉)
ရန်ကုန်မြို့
နိုင်ငံလူမျိုးမြန်မာ
အလုပ်အကိုင်ရုပ်ရှင် သရုပ်ဆောင်၊ စာရေးဆရာ
မိဘ(များ)ဦးအေးဖေ + ဒေါ်အေးကျင်

ငယ်စဉ်က ချောက်မြို့၊ အုတ်ဖိုမြို့နှင့် မန္တလေး စိန့်ပီတာကျောင်းတို့တွင် ပညာသင်ယူခဲ့သည်။ အုတ်ဖိုမြို့၌ ပညာသင်ယူနေစဉ်အတွင်း ကျောင်းဆရာကြီး ဦးအောင်သာဒွန်းထံမှ အဆို၊ အကနှင့် သရုပ်ဆောင်ပညာကို လေ့လာခွင့်ရခဲ့သည်။

၁၉၅၀ ပြည့်နှစ်တွင် ရန်ကုန်သို့ တစ်ဦးတည်းထွက်လာခဲ့ပြီး အလင်္ကာကျော်စွာ ရွှေပြည်အေး၊ ဒဂုန်ဆရာတင်တို့နှင့် အဆက်အသွယ်ရခဲ့သည်။ ၁၉၅၀ ပြည့်နှစ်မှာပင် ဒဂုန်ဆရာတင်၏ "ငယ်ကျွမ်းဆွေ" ပြဇာတ်၌ ပထမဆုံး ပါဝင်သရုပ်ဆောင်ခွင့်ရခဲ့သည်။ ငယ်ကျွမ်းဆွေပြဇာတ်တွင် သုံးကြိမ်ဆက်ကာ ကပြရသည်အထိ အောင်မြင်ခဲ့သည်။

၁၉၅၁ ခုနှစ်တွင် ပြဇာတ်တိုင်းနီးပါး ပါဝင်သရုပ်ဆောင်ခဲ့ရသော ဂျော်လီဆွေကို ဗြိတိသျှ ဘားမား (ညွန့်မြန်မာ) ရုပ်ရှင်မှ ဒါရိုက်တာ ဦးချစ်ခင်က ခေါ်ယူကာ ချစ်ရေးမလွယ် ရုပ်ရှင်ဇာတ်ကားတွင် ပါဝင် သရုပ်ဆောင်စေခဲ့သည်။ အဆိုပါဇာတ်ကားသည် ဂျော်လီဆွေ၏ ပထမဆုံး ရုပ်ရှင်ဇာတ်ကားဖြစ်ခဲ့ပြီး ကျော်ဆွေမြင့်မြင့်ခင်တို့နှင့် တွဲဖက်သရုပ်ဆောင်ခဲ့သည်။

၁၉၅၅ ခုနှစ်တွင် ဒေါ်လှလှဆွေနှင့် လက်ထပ်ခဲ့ပြီး သားသုံးယောက်ထွန်းကားခဲ့သည်။ ဂျော်လီဆွေသည် ခေါင်းဆောင်မင်းသားအဖြစ် ဇာတ်ကားနှစ်ကားသာ သရုပ်ဆောင်ခဲ့သည်။ သူ၏အနုပညာသက်တမ်းတစ်လျှောက် ရုပ်ရှင်ဇာတ်ကားပေါင်း ၂၀၀ ကျော်နှင့် ဗီဒီယိုဇာတ်ကားပေါင်း ၁၅၀ ခန့်တွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။ ဂျော်လီဆွေသရုပ်ဆောင်သော ဇာတ်ကားများမှာ ပရိသတ်၏အားပေးမှုအများအပြား ရရှိခဲ့သည်။

အနုပညာမျိုးရိုးမရှိဘဲ ဝါသနာနှင့် ဇွဲ၊ လုံ့လကိုအရင်းတည်ကာ ကြိုးစားအားထုတ်ခဲ့သည့် သရုပ်ဆောင်ဂျော်လီဆွေ၏ အနုပညာ ဆရာရင်းများမှာ ငယ်ဆရာ ဦးအောင်သာဒွန်း၊ ဒဂုန်ဆရာတင်၊ ရွှေဒုံးဘီအောင်၊ ရွှေပြည်အေး၊ ဦးသုခ၊ ဦးချစ်ခင်၊ ဦးအောင်ကြီးနှင့် ဗိုလ်ကလေးတင့်အောင်တို့ဖြစ်သည်။ ဖိုးပါကြီး၊ မြင့်ဖေ၊ သန်းနွဲ့နှင့် ကြယ်နီတို့မှာ ဂျော်လီဆွေ၏ ခေတ်ပြိုင်ဟာသသရုပ်ဆောင်များဖြစ်သည်။

ရေးသားသော စာပေ ပြင်ဆင်ရန်

ဂျော်လီဆွေသည် စာပေဘက်တွင်လည်း ဝါသနာထုံသူဖြစ်ရာ သောကြာ နှင့် သောင်းပြောင်းထွေလာ မဂ္ဂဇင်းတို့တွင် ဟာသစုဘူး နှင့် ဟာသဆိုင်ရာဆောင်းပါးများကို ရေးသားခဲ့သည်။ အဆိုပါဆောင်းပါးများကိုစုစည်းကာ အပြုံးဆေး ဂျော်လီဆွေဖော်စပ်သည် စာအုပ်ကို ထုတ်ဝေခဲ့သည်။ ၂၀၀၁ ခုနှစ်တွင် ဂျော်လီဆွေနှင့်သားများ ဗီဒီယို ထုတ်လုပ်ရေးလုပ်ငန်းကို ထူထောင်ကာ သရုပ်ဆောင်သစ်များကို မွေးထုတ်ပေးခဲ့သည်။

နောက်ဆုံး အနုပညာလှုပ်ရှားမှု ပြင်ဆင်ရန်

MRTV-4 က ရိုက်ကူးတင်ဆက်သည့် စကားနပန်း အစီအစဉ်တွင် ရွှေခြံသန်းမြင့်နှင့်တွဲဖက် သရုပ်ဆောင်ခဲ့ခြင်း၊ ခိုးစားတဲ့သစ်သီး ဗီဒီယိုဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့ခြင်းတို့မှာ ဂျော်လီဆွေ၏ နောက်ဆုံး အနုပညာလှုပ်ရှားမှုများပင် ဖြစ်သည်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၏ ကန်တော့ခံသက်ကြီး အနုပညာရှင် ဂျော်လီဆွေသည် ၂၀၁၀ ပြည့်နှစ်ဖေဖော်ဝါရီလ ၅ ရက်နေ့ အသက် ၈၀ အရွယ်တွင်တိုက် ၃၀၊ အခန်း ၃၊ ဘော်စင်လမ်း၊ သုဝဏ္ဏနေအိမ်၌ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် သားသုံးယောက်ကျန်ရစ်သည်။

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၂၀၁၁)