ငဆောင်ချံ (ငဆောင်ချမ်း) အရပ်ဆိုသည်မှာ ဗန်းမော်မြို့ (သို့) ဗန်းမော်တစ်ဖက် ဧရာဝတီအနောက်ဘက်ကမ်းတွင် ရှိမည်ဟု ပါမောက္ခ ဂျီ၊ အိပ်ချ်၊ လုစ် က ပြောကြားကြောင်း ဒေါက်တာသန်းထွန်း၏ မြန်မာပြည် အုပ်ချုပ်ရေး၊ စာ-၃၇၅ မှာ တွေ့ရသည်။အချို့မှတ်တမ်းများအရမူ ငဆောင်ချမ်းသည် ယနေ့ခေတ်တရုတ်နိုင်ငံ၊ယူနန်ပြည်နယ်အနောက်ပိုင်းရှိ ပေါင်ရှန်း"Baoshan"ဖြစ်သည်ဟုလည်းယူဆကြသည်။ မှန်နန်းရာဇဝင် (ပ) စာ-၃၉၆ တွင် ငဆောင်ချမ်းဟု ရေးပါသည်။