ငန်းငှက်

ကျွန်မသိသလောက်တော့ ထိုငှက်သည် အချစ်၏ပုံစံဖြစ်သည်ဟုလဲသိရတယ် ၎င်းငှက်များသည် တစ်လင်တစ်မယာ
ငန်း (Swan)
ငန်းအ မောင်နှံ
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Aves
မျိုးစဉ်: Anseriformes
မျိုးရင်း: Anatidae
မျိုးရင်းသေး: Anserinae
မျိုးစု: Cygnus
Garsault, 1764
အမျိုးအစား မျိုးစိတ်
Cygnus cygnus
မျိုးစိတ်

6 living

Synonyms

Cygnanser Kretzoi, 1957

ငန်းငှက် (အင်္ဂလိပ်: Swan) သည် ဘဲငန်း နှင့် ဘဲ တို့နှင့်အတူ "ဘဲမျိုးရင်း (Anatidae)" ထဲတွင် ပါဝင်သော ငှက်မျိုးစုတစ်ခု ဖြစ်သည်။ ငန်း တို့ကို ၎င်းတို့နှင့် နီးစပ်သော ဘဲငန်းများနှင့်အတူ "Anserinae" မျိုးရင်းသေးတွင် အုပ်စုဖွဲ့ထားပြီး သူတို့သည် Cygnini မျိုးစုမှ ဖြစ်သည်။ တစ်ခါတစ်ရံတွင် သူတို့အား သီးသန့် မျိုးရင်းသေး Cygninae အဖြစ်မှတ်ယူကြသည်။ ငန်းဖိုနှင့် ငန်းမ တို့သည် တစ်ဘဝတာလုံးအတွက် ပေါင်းဖက်ကြသည်။ သို့သော် တစ်ခါတစ်ရံတွင်မူ ကွာရှင်းပြတ်စဲခြင်းများ ရှိတတ်သည်။ အထူးသဖြင့် ဥများ မအောင်မြင်သော အခါတွင်ဖြစ်သည်။ ငန်းတို့သည် ဥတစ်ခါအုလျှင် ဥ ၃ လုံးမှ ၈ လုံးအထိ အုတတ်ကြသည်။

ငန်းသည် ဝမ်းဘဲ၊ စက္ကဝက် စသည်တို့နှင့်အတူ 'အင်ဆာရီဖုမ်' မျိုးစဉ်တွင် ပါဝင်သည်။ ငန်း ၈ မျိုးခန့်ရှိသည်။ အားလုံးမှာ ငှက်ကြီးများဖြစ်ကြ၏။ ငန်းတို့တွင် တင့်တယ်ရှည်လျားသော လည်ပင်းရှိသည်။ များသောအားဖြင့် ငန်းတို့၏ အမွှေးအတောင်မှာ ဆွတ်ဆွတ်ဖြူ၍ နေသည်။ ဦးခေါင်းတွင် အနက်ရောင်လည်း ရှိ၏။ ဩစတြေလျတိုက်တွင် ငန်းအနက်များကို တွေ့ရ၏။ ကမ္ဘာပေါ်တွင် ဩစတြေးလျ တိုက် တစ်တိုက်ထဲတွင်သာ ထူးထူးခြားခြား ငန်းနက်များကို တွေ့ရသည်။ ထို့ကြောင့် ဩစတြေးလျတိုက် အနောက်ဘက်တွင် တံဆိပ်တော်ခေါင်းများ၌ ငန်းနက်ပုံကို ထည့်သွင်း ဖော်ပြထားကြလေသည်။

ငန်းတို့၏ အသံသည် ကျယ်လောင်၍ တံပိုးမှုတ်သံနှင့် ခပ်ဆင်ဆင်တူ၏။ ငန်းသည် တစ်ခါဥလျှင်ဥ ၆ လုံးခန့် အုလေ့ ရှိ၏။ အသိုက်မှာ ညစ်ပတ်ပေရေနေသော ကျူပင်၊ ရေ ညှိပင်စသည်တို့ဖြင့် ရှုပ်ထွေးလျက်ရှိသည်။ ငန်းမသည် ဥများ အုနေစဉ် ငန်းဖိုသည် ဥများကို ကာကွယ်စောင့်ရှောက်ပေးသည်။ ဥများအနားသို့ ချဉ်းကပ်လာလျှင် မည်သူ့ကိုမျှ မရှောင် ခုခံရန်ပြုတတ်သည်။ ငန်းသည် အများအားဖြင့် သစ်ဥသစ်ဖုကိုသာ စားတတ်၏။ သို့သော်လည်း တစ်ခါတစ်ရံ အခြားပိုးမွှားတိရစ္ဆာန်ငယ်ကလေးများနှင့် ပက်ကျိတို့ကိုလည်း စားတတ်သည်။ ဥရောပတိုက်တွင် တွေ့ရသောငန်းမျိုးမှာ 'ဆစ်ဂနပ် အိုလာ'ခေါ် ငန်းအ အမျိုးဖြစ်သည်။ ငန်းအ ဟု ခေါ်ခြင်းမှာ အသံမပြုတတ်သောကြောင့် ဖြစ်၏။ ရှိသမျှငန်းအပေါင်းတွင် ဤငန်းအအမျိုးမှာ လူအသိအများဆုံး ဖြစ်၏။ အရပ်မှာ ၅ ပေအထိ ရှည်၍ ကိုယ်အလေးချိန်မှာ ပေါင် ၃ဝ ခန့် ရှိသည်။[၃]

ကိုးကား ပြင်ဆင်ရန်

  1. Northcote, E. M. (1981). "Size difference between limb bones of recent and subfossil Mute Swans (Cygnus olor)". J. Archaeol. Sci. 8 (1): 89–98. doi:10.1016/0305-4403(81)90014-5. 
  2. Fossilworks Cygnus Garsault 1764 (waterfowl) Reptilia – Anseriformes – Anatidae PaleoDB taxon number: 83418 Parent taxon: Anatidae according to T. H. Worthy and J. A. Grant-Mackie 2003 See also Bickart 1990, Howard 1972, Parmalee 1992 and Wetmore 1933။ 22 January 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 October 2021 တွင် ပြန်စစ်ပြီး။
  3. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)