ငါးပုဏ္ဏား

(ငပုဏ္ဏား မှ ပြန်ညွှန်းထားသည်)
Polynemus paradiseus
preserved specimen Pakistan
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Actinopterygii
မျိုးစဉ်: Perciformes
မျိုးရင်း: Polynemidae
မျိုးစု: Polynemus
မျိုးစိတ်:
P. paradiseus
ဒွိနာမ
Polynemus paradiseus
Synonyms[၂]
  • Polynemus risua Hamilton, 1822
  • Polynemus aureus Hamilton, 1822
  • Polynemus toposui Hamilton, 1822
  • Polynemus longifilis Cuvier, 1829

ငါးပုဏ္ဏားကို ပါဏဗေဒအရ 'ပိုလီနီမပ် ပါရာဒီစိအပ်(Polynemus paradiseus)'ဟု ခေါ်သည်။ ငါးပုဏ္ဏားသည် မြန်မာနိုင်ငံတွင် ဟင်းလျာအဖြစ် အသုံးများသော ပင်လယ်ငါးမျိုး ဖြစ်၏။ ကိုယ်ပြား၍ အမြီး ပိုင်းကျဉ်း၏။ မျက်စိငယ်၏။ နှာတံဝိုင်း၍ ကျယ်ပြန့်၏။ ပါးစပ်ပေါက်ကျယ်၏။ အမြီးခွစောက်နက်၏။ ရင်ဆူးတောင်ရှိ ဆူးမျှင်များသည် တစ်ခုနှင့်တစ်ခု ဆက်နေကြသည်။ ထိုဆူး တောင်ရင်း၌ ဆူးမျှင်အလွတ် ၇ ချောင်းရှိသည်။ ထိုဆူးမျှင်များ အနက် အပေါ်ဆုံး ၃ မျှင်သည် အသန်ဆုံးနှင့် အရှည်ဆုံး ဖြစ်သည်။ ယင်းတို့သည် ငါးကိုယ်ထက်ပင် နှစ်ပြန်လောက် ရှည်ကြသည်။ ကိုယ်လုံး၌ ရွှေရောင်ရှိ၍ ကျောပိုင်းတွင် မွဲပြာ ရောင်သန်းနေ၏။ ဆူးတောင်ရောင်မှာလည်း ရွှေရောင်ပေါက်နေကြသည်။ ငါးပုဏ္ဏား၏ ကိုယ်အရှည်မှာ ၉ လက်မခန့်အထိ ရှိသည်။[၂] ထိုငါးမှာ အရသာရှိ၍ အသားနူးညံ့သည်။[၃]

ကိုးကား ပြင်ဆင်ရန်

  1. "Polynemus paradiseus" (2018). IUCN Red List of Threatened Species 2018. IUCN. doi:10.2305/IUCN.UK.2018-2.RLTS.T166641A1139783.en. 
  2. ၂.၀ ၂.၁ Rainer Froese နှင့် Daniel Pauly ၏ တည်းဖြတ်မှု (2019 ခုနှစ်)။ "Polyemus paradiseus" ဆိုင်ရာ FishBase ၏ 2019 ခုနှစ် Decemberလထုတ် မူကွဲပုံစံပါ အချက်အလက်များ။
  3. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)