Puntius chola
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Actinopterygii
မျိုးစဉ်: Cypriniformes
မျိုးရင်း: Cyprinidae
မျိုးရင်းသေး: Barbinae
မျိုးစု: Puntius
မျိုးစိတ်:
P. chola
ဒွိနာမ
Puntius chola
(F. Hamilton, 1822)
Nations where Puntius chola can be found
Synonyms

ငါးခုံးမမြီးနီ၊ ငါးခုံးမမြီးကွက်၊ ငါးခုံးမမြီးဖြူ၊ ငါးရစ်၊ ငါးတောင်နွယ်တို့သည် ငါးသိုင်းမျိုးတွင် ပါဝင်ကြသည်။ ငါးခုံးမ၏ ဆူးတောင်များမှာ ကြက်သွေးရောင် ရှိသည်။ သို့သော် အမြီးဆူးတောင် အပြင်ဘက်ပိုင်းမှာ မည်းနက်သည်။ အထက်မေးရိုးတွင် နှုတ်မွေး ၂ ချောင်းရှိသည်။ အမြီးဆူးတောင် အနားသည် ခွေးသွားစိတ်ကဲ့သို့ ဖြစ်သည်။ ဦးခေါင်းမှလွဲ၍ တစ်ကိုယ်လုံးတွင် ငွေရောင်အကြေးများ ဖုံးနေသည်။ ဝမ်းပိုင်းမှာ လုံးသည်။ ငါးခုံးမကို ငါးပိလုပ်ရာတွင် သုံးလေ့ရှိသည်။ ထိုငါးမျိုးကို ဟင်းလျာအဖြစ် လူကြိုက်မများချေ။[]

  1. http://iucnredlist.org/details/166443/0
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)